သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းနဲ႔ ႐ုရွား ေဆြးေႏြးပြဲ တိုးတက္မႈမရ 


ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba

[[Zawgyi/Unicode]]

ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံတို႔အၾကား အပစ္အခတ္ရပ္စဲေရးအတြက္ တူရကီႏိုင္ငံမွာ ေတြ႔ဆုံ ေဆြးေႏြးမႈဟာ တိုးတက္မႈတစုံတရာမရဘဲ ၿပီးဆုံးသြားတယ္လို႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

“အပစ္အခတ္ရပ္စဲေရးကိစၥအတြက္ ေဆြးေႏြးခဲ့ၾကေပမယ့္ တိုးတက္မႈမရခဲ့ပါဘူး။” လို႔ တူရကီႏိုင္ငံ၊ Antalya မွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov နဲ႔ ေတြ႔ဆုံေဆြးေႏြးအၿပီး ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးက သတင္းေထာက္ေတြကို ေျပာပါတယ္။ ေဆြးေႏြးပြဲဟာ ခက္ခဲေၾကာင္းနဲ႔ ႐ုရွားဘက္က ေဆြးေႏြးတဲ့အေၾကာင္းအရာေတြဟာ အရင္ကထက္ ထူးျခားေျပာင္းလဲမႈ မရွိဘူးလို႔လည္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba က စြပ္စြဲ ေျပာဆိုပါတယ္။

ယူကရိန္းဘက္က လက္ေျမႇာက္ အရႈံးေပးခဲ့ျခင္းမရွိသလို ေနာင္မွာလည္း အရႈံးေပး မွာမဟုတ္ဘူးလို႔ ဝန္ႀကီး Dmytro Kuleba က ေျပာပါတယ္။

ယူကရိန္းအေရးနဲ႔ဆက္ႏြယ္ၿပီး အေနာက္အုပ္စုႏိ္္ုင္ငံေတြနဲ႔ ႏ်ဴကလီယားစစ္ပြဲျဖစ္ႏိုင္သလားလို႔ သတင္းေထာက္ေတြက ေမးတာမွာေတာ့ ႏ်ဴကလီယားစစ္ျဖစ္မယ္လို႔ သူမထင္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov က ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

႐ုရွားက ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္တာ သီတင္း ႏွစ္ပတ္ေက်ာ္ၾကာလာၿပီး အသက္ဆုံးရႈံးမႈေတြ တေန႔တျခား မ်ားျပားလာေနသလို ယူကရိန္းက ထြက္ေျပးရတဲ့ ဒုကၡသည္အေရအတြက္ ၂ သန္းေက်ာ္လာေနခ်ိန္မွာ ႏွစ္ဘက္ ေျပလည္မႈေတြ ရရွိေရး အတြက္ တူရကီႏိုင္ငံက ၾကားဝင္ၿပီး ေတြ႔ဆုံ ေဆြးေႏြးမႈကို စီစဥ္ေပးခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွား ေဆြးေႏြးပြဲ တိုးတက္မႈမရ
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ယူကရိန်းနဲ့ ရုရှား ဆွေးနွေးပွဲ တိုးတက်မှုမရ

ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တူရကီနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးမှုဟာ တိုးတက်မှုတစုံတရာမရဘဲ ပြီးဆုံးသွားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“အပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ဆွေးနွေးခဲ့ကြပေမယ့် တိုးတက်မှုမရခဲ့ပါဘူး။” လို့ တူရကီနိုင်ငံ၊ Antalya မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံဆွေးနွေးအပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဆွေးနွေးပွဲဟာ ခက်ခဲကြောင်းနဲ့ ရုရှားဘက်က ဆွေးနွေးတဲ့အကြောင်းအရာတွေဟာ အရင်ကထက် ထူးခြားပြောင်းလဲမှု မရှိဘူးလို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က စွပ်စွဲ ပြောဆိုပါတယ်။

ယူကရိန်းဘက်က လက်မြှောက် အရှုံးပေးခဲ့ခြင်းမရှိသလို နောင်မှာလည်း အရှုံးပေး မှာမဟုတ်ဘူးလို့ ဝန်ကြီး Dmytro Kuleba က ပြောပါတယ်။

ယူကရိန်းအရေးနဲ့ဆက်နွယ်ပြီး အနောက်အုပ်စုနိ်ုင်ငံတွေနဲ့ နျူကလီယားစစ်ပွဲဖြစ်နိုင်သလားလို့ သတင်းထောက်တွေက မေးတာမှာတော့ နျူကလီယားစစ်ဖြစ်မယ်လို့ သူမထင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တာ သီတင်း နှစ်ပတ်ကျော်ကြာလာပြီး အသက်ဆုံးရှုံးမှုတွေ တနေ့တခြား များပြားလာနေသလို ယူကရိန်းက ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် ၂ သန်းကျော်လာနေချိန်မှာ နှစ်ဘက် ပြေလည်မှုတွေ ရရှိရေး အတွက် တူရကီနိုင်ငံက ကြားဝင်ပြီး တွေ့ဆုံ ဆွေးနွေးမှုကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

==============

XS
SM
MD
LG