သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Mariupol ၿမိဳ႕တြင္း ပိတ္မိေနတဲ့အရပ္သားေတြကယ္ထုတ္ေရး ယာယီအပစ္ရပ္


UKRAINE-CRISIS/EVACUATION

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံ Mariupol ၿမိဳ႕က သံမဏိစက္႐ုံမွာပိတ္မိေနတဲ့အရပ္သားေတြကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေပးႏိုင္ဖို႔အတြက္ အဲဒီၿမိဳ႕မွာ ဒီေန႔ တေန႔ကုန္ အပစ္ရပ္ၿပီး ေသာၾကာနဲ႔ စေနေန႔ေတြမွာေတာ့ ေန႔ဘက္ေတြမွာ အပစ္ရပ္သြားမယ္လို႔ ႐ုရွားဘက္က ကတိျပဳလိုက္ပါတယ္။

႐ုရွားတပ္ေတြဟာ Mariupol ၿမိဳ႕က Azovstal သံမဏိစက္႐ုံကလြဲၿပီး က်န္တဲ့ေနရာေတြကို သိမ္းယူထားၿပီး အဲဒီသံမဏိစက္႐ုံထဲမွာ ယူကရိန္းတပ္ဖြဲ႕ေတြနဲ႔အတူ ပိတ္မိေနတဲ့အရပ္သားေတြကို ကုလသမဂၢက ကယ္ထုတ္ဖို႔ လုပ္ေဆာင္ေနပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ အဲဒီမွာ က်န္ေနတဲ့ အရပ္သားေတြကို ကယ္ထုတ္ႏိုင္ဖို႔အတြက္ အပစ္ရပ္တာကို ပိုၿပီးေတာ့ လုပ္သြားဖို႔လိုတယ္လို႔ ဒီကေန႔ မနက္ပိုင္က ေျပာၾကားလိုက္ပါတယ္။

“အဲဒီက ေျမေအာက္ခန္းေတြမွာ ပုန္းခိုေနၾကတဲ့တဲ့သူေတြကို ကယ္ထုတ္ဖို႔အတြက္ အခ်ိန္ပိုၿပီးေတာ့ လိုမွာျဖစ္ပါတယ္။ လက္ရွိအေနအထားအရေတာ့ အဲဒီက အပ်က္အစီးပုံေတြကို ဖယ္ရွားႏိုင္ဖို႔အတြက္ စက္ယႏၲရားႀကီးေတြကို က်ေနာ္တို႔ အသုံးမျပဳႏိုင္ဘဲ အားလုံးက လက္နဲ႔ ဖယ္ရွားေနရတာျဖစ္တယ္လို႔” ယူကရိန္းသမၼတ ဇာလင္စကီးက ေျပာသြားတာပါ။

ဒါေပမယ့္ ႐ုရွားဘက္က အဲဒီလို အပစ္ရပ္ဖို႔ေျပာေနတာနဲ႔ပတ္သက္ၿပီး သံသယျဖစ္မိတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာခြင့္ရ Ned Price က ေျပာလိုက္ပါတယ္။ ကုလသမဂၢကေတာ့ Mariupol နဲ႔ Manhush အပါအဝင္ တခ်ိဳ႕ေနရာေတြကေန အရပ္သား ၃၀၀ ကို ကယ္ထုတ္ၿပီး လူသားခ်င္းစာနာတဲ့ အကူအညီေတြေပးႏိုင္ခဲ့တယ္လို႔ မေန႔က ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

Mariupol မြို့တွင်း ပိတ်မိနေတဲ့အရပ်သားတွေကယ်ထုတ်ရေး ယာယီအပစ်ရပ်

ယူကရိန်းနိုင်ငံ Mariupol မြို့က သံမဏိစက်ရုံမှာပိတ်မိနေတဲ့အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် အဲဒီမြို့မှာ ဒီနေ့ တနေ့ကုန် အပစ်ရပ်ပြီး သောကြာနဲ့ စနေနေ့တွေမှာတော့ နေ့ဘက်တွေမှာ အပစ်ရပ်သွားမယ်လို့ ရုရှားဘက်က ကတိပြုလိုက်ပါတယ်။

ရုရှားတပ်တွေဟာ Mariupol မြို့က Azovstal သံမဏိစက်ရုံကလွဲပြီး ကျန်တဲ့နေရာတွေကို သိမ်းယူထားပြီး အဲဒီသံမဏိစက်ရုံထဲမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့အတူ ပိတ်မိနေတဲ့အရပ်သားတွေကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ အဲဒီမှာ ကျန်နေတဲ့ အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့အတွက် အပစ်ရပ်တာကို ပိုပြီးတော့ လုပ်သွားဖို့လိုတယ်လို့ ဒီကနေ့ မနက်ပိုင်က ပြောကြားလိုက်ပါတယ်။

“အဲဒီက မြေအောက်ခန်းတွေမှာ ပုန်းခိုနေကြတဲ့တဲ့သူတွေကို ကယ်ထုတ်ဖို့အတွက် အချိန်ပိုပြီးတော့ လိုမှာဖြစ်ပါတယ်။ လက်ရှိအနေအထားအရတော့ အဲဒီက အပျက်အစီးပုံတွေကို ဖယ်ရှားနိုင်ဖို့အတွက် စက်ယန္တရားကြီးတွေကို ကျနော်တို့ အသုံးမပြုနိုင်ဘဲ အားလုံးက လက်နဲ့ ဖယ်ရှားနေရတာဖြစ်တယ်လို့” ယူကရိန်းသမ္မတ ဇာလင်စကီးက ပြောသွားတာပါ။

ဒါပေမယ့် ရုရှားဘက်က အဲဒီလို အပစ်ရပ်ဖို့ပြောနေတာနဲ့ပတ်သက်ပြီး သံသယဖြစ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Ned Price က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂကတော့ Mariupol နဲ့ Manhush အပါအဝင် တချို့နေရာတွေကနေ အရပ်သား ၃၀၀ ကို ကယ်ထုတ်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ခဲ့တယ်လို့ မနေ့က ပြောလိုက်ပါတယ်။

===========

XS
SM
MD
LG