သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို EU အဖြဲ႕ဝင္လက္ခံဖို႔ ဥေရာပပါလီမန္ဥကၠ႒ တိုက္တြန္း


ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ ဥေရာပပါလီမန္ဥကၠ႒ Roberta Metsola (ဝဲမွယာ/ ဧၿပီ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားတို႔ရဲ႕က်ဴးေက်ာ္စစ္ကို ယူကရိန္းတို႔ ခုခံတိုက္ေနခ်ိန္မွာ ယူကရိန္းကို EU ဥေရာပသမဂၢ အဖြဲ႔ဝင္ေလာင္းအျဖစ္ လက္ခံသတ္မွတ္ေပးဖို႔ EU အဖြဲ႔ဝင္ေတြကို ဥေရာပပါလီမန္ ဥကၠ႒က တိုက္တြန္းလိုက္ပါတယ္။

ယူကရိန္းဟာ ဥေရာပမိသားစုထဲမွာ ပါဝင္ေနၿပီးသားျဖစ္ေၾကာင္းနဲ႔ အခုအခ်ိန္ဟာ ယူကရိန္းကို EU ထဲဝင္ႏိုင္မယ့္ အခြင့္အေရးေပးဖို႔ အခ်ိန္က်ေရာက္ေနၿပီလို႔ ဥေရာပပါလီမန္ ဥကၠ႒ Roberta Metsola က ဒီေန႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယူကရိန္းကို EU ထဲဝင္ဖို႔ အခြင့္အလမ္းေပးတာက ယူကရိန္းကို ခိုင္မာေစမွာျဖစ္သလို EU ကိုလည္း ခိုင္မာေစမွာျဖစ္တယ္လို႔ ဒိန္းမတ္ႏိုင္ငံ Copenhagen ၿမိဳ႕ေတာ္မွာ က်င္းပတဲ့ Democracy Summit မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

EU အဖြဲ႕ဝင္ေလာင္းအျဖစ္ သတ္မွတ္ခံရဖို႔ သူ႔အေနနဲ႔ ခိုင္ခိုင္မာမာေထာက္ခံတယ္လို႔ လည္း ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းကို EU အဖြဲ႕ဝင္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ပါလို႔ ယူကရိန္းလႊတ္ေတာ္အမတ္က EU ကို ပန္ၾကားခဲ့ၿပီးေနာက္ သူက ခုလိုေျပာၾကားခဲ့တာပါ။

အဖြဲ႔ဝင္ ၂၇ ႏိုင္ငံပါဝင္တဲ့ EU ေခါင္းေဆာင္ေတြအေနနဲ႔ ယူကရိန္းကို အဖြဲ႔ဝင္ေလာင္းအျဖစ္ဝင္ခြင့္ ျပဳမျပဳဆိုတာကို ဇြန္လကုန္ပိုင္းမွာ ေဆြးေႏြး စဥ္းစားမွာျဖစ္ပါတယ္။ ယူကရိန္းကို ႐ုရွားတို႔ က်ဳးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ EU ႏိုင္ငံေတြက ယူကရိန္းဘက္က ေထာက္ခံမႈေပးခဲ့ၿပီး ႐ုရွားအစိုးရအေပၚ ဘယ္တုန္းကမွ မခ်မွတ္ခဲ့ဘူးတဲ့ စီးပြားေရးဆိုင္ရာ ဒဏ္ခတ္ မႈေတြ လုပ္ခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံမွာေတာ့ ႏိုင္ငံအေရွ႕ပိုင္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အခရာက်တဲ့ Sievierodonetsk ၿမိဳ႕အေပၚ ႐ုရွားတပ္ေတြ အဆက္မျပတ္ဗုံးႀကဲတိုက္ခိုက္ေနပါတယ္။ ၿမိဳ႕ထဲလမ္းေတြေပၚမွာ တိုက္ပြဲေတြျပင္းထန္ေနေပမယ့္ ယူကရိန္းတပ္ေတြက ၿမိဳ႕ကို ႐ုရွားတို႔လက္ထဲ က်မသြားေအာင္ ႀကိဳးစာေနတယ္လို႔ ယူကရိန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

Sievierodonetsk နဲ႔ Lysychansk ၿမိဳ႕တို႔ဟာ Luhansk ျပည္နယ္ထဲမွာ ႐ုရွားတို႔ မထိန္းခ်ဳပ္ႏိုင္ေသးဘဲက်န္ေနတဲ့ ၿမိဳ႕ ၂ ၿမိဳ႕ျဖစ္တာေၾကာင့္ ႐ုရွားတပ္ေတြဘက္က အျပင္းအထန္တိုက္ခိုက္ေနပါတယ္။ အဲဒီၿမိဳ႕ေတြကို သိမ္းႏိုင္ဖို႔ ႐ုရွားက တပ္ေတြထပ္ေစလႊတ္ေနသလို ယူကရိန္းတပ္ေတြအေပၚ ေန႔ေရာ ညပါ ဗုံးႀကဲတိုက္ခိုက္ေနတယ္လို႔ ယူကရိန္းႏိုင္ငံလုံၿခဳံေရးေကာင္စီဝန္ႀကီးက Reuters သတင္းဌာနကိုေျပာပါတယ္။ ဒီၿမိဳ႕ေတြက တိုက္ပြဲေတြႏိုင္ဖို႔ ယူကရိန္းဘက္က လက္နက္ႀကီးေတြထပ္လိုတယ္လို႔ ယူကရိန္းဘက္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ယူကရိန်းကို EU အဖွဲ့ဝင်လက်ခံဖို့ ဥရောပပါလီမန်ဥက္ကဋ္ဌ တိုက်တွန်း

ရုရှားတို့ရဲ့ကျူးကျော်စစ်ကို ယူကရိန်းတို့ ခုခံတိုက်နေချိန်မှာ ယူကရိန်းကို EU ဥရောပသမဂ္ဂ အဖွဲ့ဝင်လောင်းအဖြစ် လက်ခံသတ်မှတ်ပေးဖို့ EU အဖွဲ့ဝင်တွေကို ဥရောပပါလီမန် ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ယူကရိန်းဟာ ဥရောပမိသားစုထဲမှာ ပါဝင်နေပြီးသားဖြစ်ကြောင်းနဲ့ အခုအချိန်ဟာ ယူကရိန်းကို EU ထဲဝင်နိုင်မယ့် အခွင့်အရေးပေးဖို့ အချိန်ကျရောက်နေပြီလို့ ဥရောပပါလီမန် ဥက္ကဋ္ဌ Roberta Metsola က ဒီနေ့ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို EU ထဲဝင်ဖို့ အခွင့်အလမ်းပေးတာက ယူကရိန်းကို ခိုင်မာစေမှာဖြစ်သလို EU ကိုလည်း ခိုင်မာစေမှာဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်မှာ ကျင်းပတဲ့ Democracy Summit မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

EU အဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်ခံရဖို့ သူ့အနေနဲ့ ခိုင်ခိုင်မာမာထောက်ခံတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းကို EU အဖွဲ့ဝင်လောင်းအဖြစ် ရွေးချယ်ပါလို့ ယူကရိန်းလွှတ်တော်အမတ်က EU ကို ပန်ကြားခဲ့ပြီးနောက် သူက ခုလိုပြောကြားခဲ့တာပါ။

အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်တဲ့ EU ခေါင်းဆောင်တွေအနေနဲ့ ယူကရိန်းကို အဖွဲ့ဝင်လောင်းအဖြစ်ဝင်ခွင့် ပြုမပြုဆိုတာကို ဇွန်လကုန်ပိုင်းမှာ ဆွေးနွေး စဉ်းစားမှာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားတို့ ကျုးကျော်တိုက်ခိုက်ခဲ့ပြီးနောက် EU နိုင်ငံတွေက ယူကရိန်းဘက်က ထောက်ခံမှုပေးခဲ့ပြီး ရုရှားအစိုးရအပေါ် ဘယ်တုန်းကမှ မချမှတ်ခဲ့ဘူးတဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ် မှုတွေ လုပ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာတော့ နိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်နိုင်ဖို့ အခရာကျတဲ့ Sievierodonetsk မြို့အပေါ် ရုရှားတပ်တွေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။ မြို့ထဲလမ်းတွေပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ယူကရိန်းတပ်တွေက မြို့ကို ရုရှားတို့လက်ထဲ ကျမသွားအောင် ကြိုးစာနေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

Sievierodonetsk နဲ့ Lysychansk မြို့တို့ဟာ Luhansk ပြည်နယ်ထဲမှာ ရုရှားတို့ မထိန်းချုပ်နိုင်သေးဘဲကျန်နေတဲ့ မြို့ ၂ မြို့ဖြစ်တာကြောင့် ရုရှားတပ်တွေဘက်က အပြင်းအထန်တိုက်ခိုက်နေပါတယ်။ အဲဒီမြို့တွေကို သိမ်းနိုင်ဖို့ ရုရှားက တပ်တွေထပ်စေလွှတ်နေသလို ယူကရိန်းတပ်တွေအပေါ် နေ့ရော ညပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ယူကရိန်းနိုင်ငံလုံခြုံရေးကောင်စီဝန်ကြီးက Reuters သတင်းဌာနကိုပြောပါတယ်။ ဒီမြို့တွေက တိုက်ပွဲတွေနိုင်ဖို့ ယူကရိန်းဘက်က လက်နက်ကြီးတွေထပ်လိုတယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။
===============

XS
SM
MD
LG