သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္အဆုံးသတ္ေရး ကန္-အိႏၵိယ သေဘာထားတူ


အေမရိကန္သမၼတ Joe Biden meets က အိႏၵိယဝန္ႀကီးခ်ဳပ္ နရိႏၵရာမိုဒီ နဲ႔ ဗီြဒီယိုကေနေဆြးေႏြးစဥ္။ သမၼတဘုိင္ဒန္၊ အိႏၵိယကာကြယ္ေရးဝန္ႀကီး ရာဂ်စ္ဆင္းဂ္နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဆူဘရာမဲန္ယဲန္ ဂ်ဳိင္ရွန္ကာ (ဝဲမွယာ) ဧၿပီ ၁၁၊ ၂၀၂၂

[[Zawgyi/unicode]]

အိႏၵိယရဲ႕ ႐ုရွားေလာင္စာဆီဝယ္ႏႈန္းကို အ‌ေမရိကန္သမၼတက အိႏၵိယဝန္ႀကီးခ်ဳပ္ကို တနလၤာေန႔က ဗြီဒီယိုအားျဖင့္ ေတြ႔ဆုံရာမွာ ေတာင္းဆိုခဲ့ေပမယ့္ ႏွစ္ႏိုင္ငံလုံးက သေဘာမတူၾကတာေတြကို ေဖာ့ေျပာထားၾကပါတယ္။ အဲဒီအစား ယူကရိန္းစစ္ပြဲ အဆုံးသတ္တာ ကို ေထာက္ခံေၾကာင္းနဲ႔ ယူကရိန္းကို လူသားခ်င္း စာနာေထာက္ထားေရး အကူအညီေပးဖို႔ ႏွစ္ႏိုင္ငံလုံးက ေျပာၾကပါတယ္။

“အိႏၵိယလႊတ္ေတာ္မွာ ႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းမွာ အရပ္သားေတြ သတ္ျဖတ္ခဲ့တာ ကို ရႈတ္ခ်လိုက္ၿပီး အဲဒီ ရက္စက္ ၾကမ္းၾကဳတ္မႈေတြအတြက္ သီးျခားလြတ္လပ္စြာ စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အိႏၵိယက ယူကရိန္းကို လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ အထူးသျဖင့္ ေဆးဝါးေတြ ေပးပို႔ခဲ့ပါတယ္။ ေဆးဝါးေတြက အလြန္လိုအပ္ေနပါတယ္။” လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္က ေျပာခဲ့တာပါ။

အိႏၵိယ က ႐ုရွားေလာင္စာဆီနဲ႔ ဓာတ္ေငြ႔ဝယ္တာကို ေလွ်ာ့ခ်မယ္လို႔ သမၼတဘိုင္ဒန္နဲ႔ ေတြ႔တဲ့အခါမွာ ဝန္ႀကီးခ်ဳပ္ Narendra Modi က လူသိရွင္ၾကား မေျပာခဲ့ပါဘူး။ ႐ုရွားဆီ က ေလာင္စာဆကို အိႏၵိယက စုစုေပါင္းဝယ္တာဟာ ဥေရာပက စုစုေပါင္း ဝယ္တာထက္ နည္းေနတာေၾကာင့္ ဥေရာပတိုင္းျပည္ေတြအေပၚ အေမရိကန္က အာ႐ုံစိုက္ေျပာတာက ပိုသင့္တယ္လို႔ တနလၤာေန႔ ေႏွာင္းပိုင္းမွာေတာ့ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar က ေျပာပါတယ္။

ေလာင္စာစြမ္းအင္ကို တျခား အရင္းအျမစ္ေတြက ရရွိေအာင္ အေမရိကန္က အိႏၵိယကို ကူညီမယ္လို႔ သမၼတဘိုင္ဒန္က ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ႐ုရွားရဲ႕ ေလေၾကာင္းရန္ ကာကြယ္ေရး အဆင့္ျမင့္ စနစ္ကို အိႏၵိယက မၾကာခင္က ဝယ္ယူခဲ့တဲ့အတြက္ အိႏၵိယကို ပိတ္ဆို႔ အေရးယူဖို႔လည္း အေမရိကန္က စဥ္းစားခဲ့ပါေသးတယ္။ ဘလင္ကန္နဲ႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin တို႔ဟာ အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့အခါမွာ လက္နက္ ေရာင္းေရးကိစၥလည္း ပါဝင္ခဲ့ပါတယ္။

ယူကရိန္းစစ္အဆုံးသတ္ေရး ကန္-အိႏၵိယ သေဘာထားတူ
please wait

No media source currently available

0:00 0:01:37 0:00
တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

ယူကရိန်းစစ်အဆုံးသတ်ရေး ကန်-အိန္ဒိယ သဘောထားတူ

အိန္ဒိယရဲ့ ရုရှားလောင်စာဆီဝယ်နှုန်းကို အ‌မေရိကန်သမ္မတက အိန္ဒိယဝန်ကြီးချုပ်ကို တနင်္လာနေ့က ဗွီဒီယိုအားဖြင့် တွေ့ဆုံရာမှာ တောင်းဆိုခဲ့ပေမယ့် နှစ်နိုင်ငံလုံးက သဘောမတူကြတာတွေကို ဖော့ပြောထားကြပါတယ်။ အဲဒီအစား ယူကရိန်းစစ်ပွဲ အဆုံးသတ်တာ ကို ထောက်ခံကြောင်းနဲ့ ယူကရိန်းကို လူသားချင်း စာနာထောက်ထားရေး အကူအညီပေးဖို့ နှစ်နိုင်ငံလုံးက ပြောကြပါတယ်။

“အိန္ဒိယလွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းမှာ အရပ်သားတွေ သတ်ဖြတ်ခဲ့တာ ကို ရှုတ်ချလိုက်ပြီး အဲဒီ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယက ယူကရိန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီ အထူးသဖြင့် ဆေးဝါးတွေ ပေးပို့ခဲ့ပါတယ်။ ဆေးဝါးတွေက အလွန်လိုအပ်နေပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောခဲ့တာပါ။

အိန္ဒိယ က ရုရှားလောင်စာဆီနဲ့ ဓာတ်ငွေ့ဝယ်တာကို လျှော့ချမယ်လို့ သမ္မတဘိုင်ဒန်နဲ့ တွေ့တဲ့အခါမှာ ဝန်ကြီးချုပ် Narendra Modi က လူသိရှင်ကြား မပြောခဲ့ပါဘူး။ ရုရှားဆီ က လောင်စာဆကို အိန္ဒိယက စုစုပေါင်းဝယ်တာဟာ ဥရောပက စုစုပေါင်း ဝယ်တာထက် နည်းနေတာကြောင့် ဥရောပတိုင်းပြည်တွေအပေါ် အမေရိကန်က အာရုံစိုက်ပြောတာက ပိုသင့်တယ်လို့ တနင်္လာနေ့ နှောင်းပိုင်းမှာတော့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ပြောပါတယ်။

လောင်စာစွမ်းအင်ကို တခြား အရင်းအမြစ်တွေက ရရှိအောင် အမေရိကန်က အိန္ဒိယကို ကူညီမယ်လို့ သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး အဆင့်မြင့် စနစ်ကို အိန္ဒိယက မကြာခင်က ဝယ်ယူခဲ့တဲ့အတွက် အိန္ဒိယကို ပိတ်ဆို့ အရေးယူဖို့လည်း အမေရိကန်က စဉ်းစားခဲ့ပါသေးတယ်။ ဘလင်ကန်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ အိန္ဒိယတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါမှာ လက်နက် ရောင်းရေးကိစ္စလည်း ပါဝင်ခဲ့ပါတယ်။

================

XS
SM
MD
LG