သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကိုစစ္အေရးအရ ပိုမိုကူညီႏိုင္မယ့္ ဥပေဒ ကန္ျပဌာန္း


သမၼတဂ်ဳိးဘုိင္ဒန္က ယူကရိန္းဒီမိုကေရစီနဲ႔ ကာကြယ္ေရးဆိုင္ရာငွါးရမ္းခြင့္ ဥပေဒလို႔ အဓိပၸါယ္ရတဲ့ Ukraine Democracy and Defense Lend-Lease Act ကို အတည္ျပဳလက္မွတ္ေရးထိုးေပးစဥ္။ (ေမ ၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားစစ္တပ္ကိုခုခံေရးအတြက္ ယူကရိန္းကို လက္နက္ေထာက္ပံ့ရာမွာ ပိုမိုထိေရာက္မယ့္ ဥပေဒတရပ္ကို သမၼတဘိုင္ဒန္က မေန႔ ေမလ ၉ ရက္ေန႔က လက္မွတ္ေရးထိုးလိုက္ပါတယ္။

ယူကရိန္းဒီမိုကေရစီနဲ႔ ကာကြယ္ေရးဆိုင္ရာငွါးရမ္းခြင့္ ဥပေဒလို႔ အဓိပၸါယ္ရတဲ့ Ukraine Democracy and Defense Lend-Lease Act ကို ရီပတ္ဘလီကန္ ပါတီေရာ၊ ဒီမိုကရက္ပါတီကပါ သေဘာတူျပဌာန္းခဲ့တာ ျဖစ္ပါတယ္။ အလားတူဥပေဒတရပ္ကို ဒုတိယကမာၻစစ္ အတြင္းကလည္း ျပဌာန္းခဲ့ဖူးၿပီး နာဇီဂ်ာမနီအေပၚ ေအာင္ပြဲခံခဲ့ရာမွာ အဲဒီ ဥပေဒဟာ အဓိက အေထာက္အကူျဖစ္ခဲ့ပါတယ္။

ဒီ ဥပေဒေၾကာင့္ အေမရိကန္လက္နက္ေတြကို ယူကရိန္းက ပိုၿပီး လြယ္လြယ္ကူကူနဲ႔ ရရွိႏိုင္မွာ ျဖစ္ပါတယ္။

ယူကရိန္း ျပည္သူေတြကို သူတို႔ ရဲ႕ဆႏၵမပါဘဲ ႐ုရွားႏိုင္ငံထဲ အဓမၼေခၚေဆာင္သြားတဲ့ သတင္းေတြကို အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက အတည္ျပဳလိုက္တဲ့အခ်ိန္မွာ ခု ဥပေဒက တရားဝင္ျဖစ္လာခဲ့တာပါ။ ႐ုရွားက စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ေၾကာင္း အေထာက္အထားေတြရရွိထားၿပီလို႔ လူ႔အခြင့္အေရးအဖြဲ႕ ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႕ႀကီး (Amnesty International) က တနလၤာေန႔က ေၾကညာလိုက္တာနဲ႔လည္း ဒီ ဥပေဒက ရက္အားျဖင့္ တိုက္ဆိုင္ေနပါတယ္။

ေဖေဖာ္ဝါရီလ အာဏာသိမ္းၿပီးကတည္းကဆိုရင္ အေမရိကန္က ယူကရိန္းကို စစ္လက္နက္ပစၥည္းကူညီခဲ့တာ တန္ဖိုးအားျဖင့္ ေဒၚလာ သန္း ၄,၀၀၀ ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ယူကရိန်းကိုစစ်အရေးအရ ပိုမိုကူညီနိုင်မယ့် ဥပဒေ ကန်ပြဌာန်း

ရုရှားစစ်တပ်ကိုခုခံရေးအတွက် ယူကရိန်းကို လက်နက်ထောက်ပံ့ရာမှာ ပိုမိုထိရောက်မယ့် ဥပဒေတရပ်ကို သမ္မတဘိုင်ဒန်က မနေ့ မေလ ၉ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ယူကရိန်းဒီမိုကရေစီနဲ့ ကာကွယ်ရေးဆိုင်ရာငှါးရမ်းခွင့် ဥပဒေလို့ အဓိပ္ပါယ်ရတဲ့ Ukraine Democracy and Defense Lend-Lease Act ကို ရီပတ်ဘလီကန် ပါတီရော၊ ဒီမိုကရက်ပါတီကပါ သဘောတူပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ အလားတူဥပဒေတရပ်ကို ဒုတိယကမ္ဘာစစ် အတွင်းကလည်း ပြဌာန်းခဲ့ဖူးပြီး နာဇီဂျာမနီအပေါ် အောင်ပွဲခံခဲ့ရာမှာ အဲဒီ ဥပဒေဟာ အဓိက အထောက်အကူဖြစ်ခဲ့ပါတယ်။

ဒီ ဥပဒေကြောင့် အမေရိကန်လက်နက်တွေကို ယူကရိန်းက ပိုပြီး လွယ်လွယ်ကူကူနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ယူကရိန်း ပြည်သူတွေကို သူတို့ ရဲ့ဆန္ဒမပါဘဲ ရုရှားနိုင်ငံထဲ အဓမ္မခေါ်ဆောင်သွားတဲ့ သတင်းတွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အချိန်မှာ ခု ဥပဒေက တရားဝင်ဖြစ်လာခဲ့တာပါ။ ရုရှားက စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ကြောင်း အထောက်အထားတွေရရှိထားပြီလို့ လူ့အခွင့်အရေးအဖွဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International) က တနင်္လာနေ့က ကြေညာလိုက်တာနဲ့လည်း ဒီ ဥပဒေက ရက်အားဖြင့် တိုက်ဆိုင်နေပါတယ်။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းကဆိုရင် အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းကူညီခဲ့တာ တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၄,၀၀၀ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

=========

XS
SM
MD
LG