၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လအတွင်း အစိုးရ အသုံးစရိတ်လိုငွေပြမှု ဒေါ်လာ ၁.၁၄၇ ထရီလျံအထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုငွေပြမှုမှာ သမ္မတ Trump သမ္မတတာဝန်ယူအပြီး တလအတွင်း ဒေါ်လာဘီလျံ ၃၀၇ ဒေါ်လာလိုငွေပြမှုလည်း ပါပါတယ်။ အမေရိကန်မှာ ဘဏ္ဍာနှစ်စတင်တဲ့ ၂၀၂၄ အောက်တိုဘာကနေ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း လိုငွေပြမှုဟာ နောက်ဆုံးလိုငွေ စံချိန်တင်ခဲ့တာထက် ကျော်သွားခဲ့ပြီလို့ ဘဏ္ဍာရေးဌာနက ပြောပါတယ်။ ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ ဖေဖော်ဝါရီအထိ လိုငွေပြမှု စံချိန်က ဒေါ်လာ ၁.၀၄၇ ထရီလျံ ဖြစ်ပါတယ်။ အခုနောက်ဆုံး အသုံးစရိတ်လိုငွေ စံချိန်တင်တဲ့ ကာလဟာ အရင်သမ္မတဟောင်းဂျိုးဘိုင်ဒန်တာဝန်ယူထားချိန် ၄ လနဲ့ သမ္မတ Trump တာဝန်ယူထားချိန် ၁ လဖြစ်ပါတယ်။
အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက်တွေအပေါ် သမ္မတ Trump ကုန်သွယ်ခွန်ကောက်ခံတဲ့အကျိုးဆက်နဲ့ အစိုးရအသုံးစရိတ်တွေ လျှော့ချဖို့ ကြိုးစားနေတဲ့ သက်ရောက်မှုတွေတော့ ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ မပါသလောက်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်စောင့်ကြည့် စစ်ဆေးရေးကော်မတီအဖွဲ့ကတော့ အခုဘဏ္ဍာနှစ်အတွင်း အစိုးရသုံးနေတဲ့ အသုံးစရိတ်က တနေ့ကို ၈ ဘီလျံလောက်ရှိတယ်လို့ ထောက်ပြထားပါတယ်။
ဘဏ္ဍာနှစ်ကာလ ထက်ဝက်လောက်ရောက်တော့မှာဖြစ်ပေမဲ့ အစိုးရအသုံးစရိတ် ခေါင်ခိုက်နေတာကို ကျဆင်းအောင် ဆောင်ရွက်မှု သိသိသာသာ မတွေ့ရဘူးလို့ အဖွဲ့ ဥက္ကဌ Maya MacGuineas က ကြေညာချက်မှာပြောထားပါတယ်။ Trump အစိုးရတက်လာခဲ့ပြီးနောက် အစိုးရအသုံးစရိတ်တွေကို သိသိသာသာ လျော့ချနိုင်ဖို့နဲ့ အစိုးရလုပ်ငန်းတွေ မြန်ဆန် ထိရောက်မှု ရှိရေးအတွက် ဝန်ထမ်းတွေလျှော့ချတာအပါအဝင် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။
Forum