သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံေဒသတြင္း ေဒၚလာ သန္း ၁၅၀ သုံးစြဲမယ္လို႔ ကန္ကတိျပဳ


အေမရိကန္သမၼတ Joe Biden နဲ႔ အာဆီယံအဖြဲ႔ဝင္ေခါင္းေဆာင္မ်ား သမၼတအိမ္ျဖဴေတာ္မွာ ေတြ႔ဆံုၾကစဥ္။ (ေမ ၁၂၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ေမလ ၁၂ ရက္နဲ႔ ၁၃ ရက္ ႏွစ္ရက္ၾကာ အာဆီယံ ထိပ္သီးစည္းအေဝးပြဲပထမေန႔ မေန႔က အာဆီယံ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြက ေခါင္းေဆာင္ေတြကို အေမရိကန္သမၼတ Joe Biden က သမၼတအိမ္ျဖဴေတာ္မွာ လက္ခံေတြ႔ဆုံခဲ့ပါတယ္။

အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ယူကရိန္းကို ရွရွားက က်ဳးေက်ာ္တဲ့စစ္ပြဲကို ဦးစားေပးေထာက္ပံ့ေနတဲ့အခ်ိန္မွာ ဒီစည္းေဝးပြဲက အေမရိကန္အေနနဲ႔ အာရွပစိဖိတ္ေဒသကို အာ႐ုံစိုက္မႈ ေလ်ာ့မသြားဘူးဆိုတာ ျပသတဲ့အစည္အေဝးအျဖစ္ အေမရိကန္အရာရွိေတြ ေျပာဆိုထားၾကပါတယ္။

ဒီထိပ္သီး စည္းေဝးပြဲမွာ အာဆီယံႏိုင္ငံ ၁၀ ႏိုင္ငံထဲက ၈ ႏိုင္ငံ ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံနဲ႔ ဖိလစ္ ပိုင္ႏိုင္ငံက ကိုယ္စားလွယ္ေတြေတာ့ ပါဝင္ျခင္း မရွိပါဘူး။ အေရွ႕ေတာင္အာရွ ေဒသတြင္းႏိုင္ငံေတြရဲ႕ ရာသီဥတု ေျပာင္းလဲေဖါက္ျပန္မႈ တိုက္ဖ်က္ေရး၊ ေရေၾကာင္းသြားလာေရး၊ အမ်ားျပည္သူ႔က်န္းမာေရးနဲ႔ အေျခခံအေဆာက္အအုံအတြက္ အေမရိကန္ ေဒၚလာ သန္း ၁၅၀ ေက်ာ္ သုံးစြဲဖို႔ သမၼတအိမ္ျဖဴေတာ္က ေၾကညာပါတယ္။

အေမရိကန္ ျပည္ေထာင္စု အာဆီယံႏိုင္ငံေတြနဲ႔ ေဆြးေႏြးဘက္ျဖစ္လာတဲ့ ၄၅ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ အိမ္ျဖဴေတာ္မွာ အခုလို ေတြ႕ဆုံၾကတာပါ။ မေန႔က အေမရိကန္လႊတ္ေတာ္ကိုလည္း အာဆီယံေခါင္းေဆာင္ေတြ သြားေရက္ပါတယ္။ ဒီေန႔ ေသာၾကာေန႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာ ေဆြးေႏြးပြဲေတြ ပိုၿပီး က်င္းပဖို႔ စီစဥ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

အာဆီယံဒေသတွင်း ဒေါ်လာ သန်း ၁၅၀ သုံးစွဲမယ်လို့ ကန်ကတိပြု

မေလ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်ကြာ အာဆီယံ ထိပ်သီးစည်းအဝေးပွဲပထမနေ့ မနေ့က အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Joe Biden က သမ္မတအိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ယူကရိန်းကို ရှရှားက ကျုးကျော်တဲ့စစ်ပွဲကို ဦးစားပေးထောက်ပံ့နေတဲ့အချိန်မှာ ဒီစည်းဝေးပွဲက အမေရိကန်အနေနဲ့ အာရှပစိဖိတ်ဒေသကို အာရုံစိုက်မှု လျော့မသွားဘူးဆိုတာ ပြသတဲ့အစည်အဝေးအဖြစ် အမေရိကန်အရာရှိတွေ ပြောဆိုထားကြပါတယ်။

ဒီထိပ်သီး စည်းဝေးပွဲမှာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲက ၈ နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ဖိလစ် ပိုင်နိုင်ငံက ကိုယ်စားလှယ်တွေတော့ ပါဝင်ခြင်း မရှိပါဘူး။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေရဲ့ ရာသီဥတု ပြောင်းလဲဖေါက်ပြန်မှု တိုက်ဖျက်ရေး၊ ရေကြောင်းသွားလာရေး၊ အများပြည်သူ့ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံအတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် သုံးစွဲဖို့ သမ္မတအိမ်ဖြူတော်က ကြေညာပါတယ်။

အမေရိကန် ပြည်ထောင်စု အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဘက်ဖြစ်လာတဲ့ ၄၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အိမ်ဖြူတော်မှာ အခုလို တွေ့ဆုံကြတာပါ။ မနေ့က အမေရိကန်လွှတ်တော်ကိုလည်း အာဆီယံခေါင်းဆောင်တွေ သွားရေက်ပါတယ်။ ဒီနေ့ သောကြာနေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဆွေးနွေးပွဲတွေ ပိုပြီး ကျင်းပဖို့ စီစဉ်ထားကြပါတယ်။

============

XS
SM
MD
LG