သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တရုတ် ကာကွယ်ရေးဝန်ကြီးနှစ်ဦး Shangri-La Dialogue အပြင်ပန်းမှာ တွေ့ဆုံ


တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe က အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အစည်းဝေးပြင်ပ သီးသန့်တွေ့ဆုံပြီး ပြန်လည်ထွက်ခွါလာစဉ်။ (ဇွန် ၁၀၊ ၂၀၂၂)
တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe က အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အစည်းဝေးပြင်ပ သီးသန့်တွေ့ဆုံပြီး ပြန်လည်ထွက်ခွါလာစဉ်။ (ဇွန် ၁၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

စင်္ကာပူနိုင်ငံမှာ ဒီကနေ့စတင်တဲ့ Shangri-La Dialogue ဆွေးနွေးပွဲတက်ရောက်ဖို့ ရောက် ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ် စတဲ့အာရှနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဒီနေ့သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ စစ်ရေးချဲ့ထွင်မှုနဲ့ ရေနယ်နိမိတ်အငြင်းပွားမှု၊ ယူကရိန်းစစ်ပွဲနဲ့ ထိုင်ဝမ်အရေးတွေနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အစိုးရတို့ကြား သဘောထားကွဲမှုတွေရှိနေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe (ဝေဖန်ဟေး) တို့ မျက်နှာချင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး၊ မြောက်ကိုရီးယားနဲ့ ယူကရိန်းစစ်ပွဲအပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စတွေဆွေးနွေးခဲ့တယ်လို့ Pentagon စစ်ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာမဟာဗြူဟာလေ့လာရေးအဖွဲ့ IISS က စီစဉ်ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-La Dialogue ကို ဒီနေ့ဇွန်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ကျင်းပနေပါတယ်။ ဒီနေ့ဖွင့်ပွဲမှာ IISS ရဲ့ အကြီးအကဲ Dr John Chipman နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့က မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

နက်ဖြန် စနေနေ့မှာတော့ “MYANMAR: FINDING A WAY FORWARD” ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမယ့်အစီအစဉ်ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ IISS အာရှရဲ့ အကြီးတန်းသုတေသီ Aaron Connelly၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင် ရာ အထူးကိုယ်စားလှယ် Dr Noeleen Heyzer၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato’ Sri Saifuddin Abdullah၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာနရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးအကြံပေး Pornpimol Kanchanalak နဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet တို့ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတော့ EU ရဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Igor Driesmans နဲ့ ဒီနေ့ မလေးရှားနိုင်ငံမှာတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွက် အာဆီယံဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ Brenama သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]





===============

XS
SM
MD
LG