သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ဂျော်ဒန်မြစ်အနောက်ခြမ်းသွားရောက်ခဲ့


အမေရိကန်သမ္မတ Joe Biden နဲ့ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့ အနောက်ဘက်ကမ်းခြေဒေသ Bethlehem မှာ နိုင်ငံတော်သီချင်းသီဆိုချိန်ငြိမ်သက်စွာနားထောင်နေစဉ်။ (ဇူလိုင် ၁၅၊ ၂၀၂၂) 
အမေရိကန်သမ္မတ Joe Biden နဲ့ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့ အနောက်ဘက်ကမ်းခြေဒေသ Bethlehem မှာ နိုင်ငံတော်သီချင်းသီဆိုချိန်ငြိမ်သက်စွာနားထောင်နေစဉ်။ (ဇူလိုင် ၁၅၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ပါလက်စတိုင်းအနေနဲ့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးကိုဦးတည်တဲ့ နိုင်ငံရေးလမ်းကြောင်းတခု လိုအပ်တယ်လို့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကိုသွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ Joe Biden က ပြောကြားခဲ့ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်း ၂ နိုင်ငံအတူ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကြိုးပမ်းမှု ခက်ခဲမယ်ဆိုရင်တောင် ရည်မှန်းဆောင်ရွက်သွားရမယ်လို့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas နဲ့တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Biden ကပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်တော့မှ အလျှော့ပေးလိုက်မှာ မဟုတ်ပါဘူး။ ပါလက်စတိုင်းပြည်သူတွေ တကယ်ခံစား မြင်နိုင်မယ့် နိုင်ငံရေးလမ်းကြောင်း ရှိရပါမယ်လို့ သမ္မတ Biden ကပြောကြားခဲ့တာဖြစ်ပါတယ်။ ရပ်တန့်နေတဲ့ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စနိုင်ဖို့ လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးရင်တောင် အစ္စရေးနဲ့ ပါလက်စတိုင်း ဆက်ဆံရေး နီးကပ်လာတဲ့အထိ သူ့အစိုးရက ကြိုးစားသွားမယ်လို့လည်း အမေရိကန်သမ္မတက ကတိပေးခဲ့ပါတယ်။

အစ္စရေး ပါလက်စတိုင်း ၂ နိုင်ငံအတူယှဉ်တွဲ နေထိုင်နိုင်တဲ့ အခြေအနေဖြစ်လာဖို့ အဝေးကြီးလိုသေးတယ်လို့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas ကပြောကြားပါတယ်။ အစ္စရေးတု့ိ သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက Bethlehem မြို့ကို အမေရိကန်သမ္မတ Biden ဒီနေ့ သောကြာနေ့မှာ သွားရောက်ပြီး Mr. Abbas နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပါလက်စတိုင်းပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကူညီတဲ့အနေနဲ့ အရှေ့ Jerusalen က ဆေးရုံတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၁၀၀ အကူအညီပေးမယ်လို့လည်း သမ္မတ Biden က ဒီနေ့ ကြေညာခဲ့ပါတယ်။

ဂါဇာနဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ 4G ကြိုးမဲ့အင်တာနက် ချိတ်ဆက်နိုင်ဖို့အပါအဝင် ပါလက်စတိုင်းဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်က ကူညီမယ့် အစီအစဉ်တွေကိုလည်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။ ဒီနေ့ နှောင်းပိုင်းကျရင်တော့ သမ္မတ Biden ဟာ Saudi Arabia နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






XS
SM
MD
LG