သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးအႀကံေပး အာရွခရီး ျမန္မာ့အေရး ထည့္သြင္းေဆြးေႏြးဖို႔ ရွိ


အေမရိကန္္ႏုိင္ငံျခားေရးဌာန အႀကံေပးပုဂၢိဳလ္ Derek Chollet

[[Zawgyi/Unicode]]

အေမရိကန္္ႏုိင္ငံျခားေရးဌာန အႀကံေပးပုဂၢိဳလ္ Derek Chollet ဟာ အာရွေဒသသံုးႏိုင္ငံကို ခရီးထြက္ေနၿပီး အခုခရီးစဥ္အတြင္း သူသြားတဲ့ႏုိင္္ငံတုိင္းမွာ ျမန္မာ့အေရးကိုပါ ထည့္သြင္းေဆြးေႏြးဖို႔ရွိပါတယ္။ အၾကံေပးပုဂၢိဳလ္ Derek Chollet ဟာ မတ္လ ၂၈ ရက္ေန႔ကေန ဧၿပီလ ၂ ရက္ေန႔အထိ ဖိလစ္ပိုုင္၊ ဗီယက္နမ္နဲ႔ ဂ်ပန္ႏုိ္င္ငံေတြကို သြားေရာက္ေနတာျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏုိင္္ငံခရီးစဥ္မွာ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥနဲ႔အတူ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကိစၥေတြကိုလည္း ေဆြးေႏြးဖို႔ရွိၿပီး အဲဒီထဲမွာ ျမန္မာႏုိင္္ငံအက်ပ္အတည္းအပါအဝင္ အေမရိကန္-အာဆီယံ ဆက္ဆံေရးကိစၥေတြကို ေဆြးေႏြးမယ္လုိ႔ ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္ ထားပါတယ္။

ဗီယက္နမ္ခရီးစဥ္အတြင္းမွာလည္း လူ႔အခြင့္အေရးကို ေလးစားလိုက္နာေရးအပါအဝင္ ျမန္မာ့အက်ပ္အတည္းနဲ႔အတူ အာဆီယံရဲ႕အေရးပါမႈကို ေဆြးေႏြးမွာျဖစ္ပါတယ္။

ဗီယက္နမ္ခရီးစဥ္အၿပီးမွာေတာ့ အၾကံေပးပုဂၢိဳလ္ Derek Chollet ဟာ ဂ်ပန္ႏုိင္ငံမွာ ခရီးတေထာက္နားမွာျဖစ္ၿပီး အစိုးရအဖြဲ႔ အႀကီးတန္္း တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုခ်ိန္အတြင္း ျမန္မာ့အေရး၊ ယူကရိန္းနဲ႔ တျခားအေရးကိစၥေတြကို ေဆြးေႏြးမယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

#USMyanmar DerekChollet #VOABurmese #ျမန္မာ့အေရး #ဗီြအိုေအ
===========

[[Unicode]]

ကန်နိုင်ငံခြားရေးအကြံပေး အာရှခရီး မြန်မာ့အရေးထည့်သွင်းဆွေးနွေးဖို့ရှိ

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ဟာ အာရှဒေသသုံးနိုင်ငံကို ခရီးထွက်နေပြီး အခုခရီးစဉ်အတွင်း သူသွားတဲ့နိုင်ငံတိုင်းမှာ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးဖို့ရှိပါတယ်။ အကြံပေးပုဂ္ဂိုလ် Derek Chollet ဟာ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အထိ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်နေတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်မှာ တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့အတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံအကျပ်အတည်းအပါအဝင် အမေရိကန်-အာဆီယံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန် ထားပါတယ်။

ဗီယက်နမ်ခရီးစဉ်အတွင်းမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာရေးအပါအဝင် မြန်မာ့အကျပ်အတည်းနဲ့အတူ အာဆီယံရဲ့အရေးပါမှုကို ဆွေးနွေးမှာဖြစ်ပါတယ်။

ဗီယက်နမ်ခရီးစဉ်အပြီးမှာတော့ အကြံပေးပုဂ္ဂိုလ် Derek Chollet ဟာ ဂျပန်နိုင်ငံမှာ ခရီးတထောက်နားမှာဖြစ်ပြီး အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်အတွင်း မြန်မာ့အရေး၊ ယူကရိန်းနဲ့ တခြားအရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

#USMyanmar DerekChollet #VOABurmese #မြန်မာ့အရေး #ဗွီအိုအေ

===========

XS
SM
MD
LG