သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ဒုႏိုင္ငံျခားေရးဝန္ႀကီး NUG ကိုယ္စားလွယ္ေတြနဲ႔ေဆြးေႏြး


NUG Foreign Minister Zin Mar Aung and Deputy Secretary of State Wendy Sherman

[[Zawgyi/Unicode]]

အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ဟာ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ဝါရွင္တန္ဒီစီမွာ ေမလ ၁၂ ရက္ေန႔မနက္ပိုင္းက ေတြ႔ဆံုခဲ့ၿပီး အၾကမ္းဖက္ ဖိႏွိပ္ခံေနရတဲ့ ျမန္မာျပည္သူေတြကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေထာက္ခံကူညီသြားမယ္ဆိုတာကို ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ႏိ္ုင္ဖို႔ ၿငိမ္းခ်မ္းစြာႀကိဳးပမ္းေနၾကသူအားလံုးကို ဆက္ၿပီး ေထာက္ခံကူညီသြားမယ္လို႔ ကတိျပဳခဲ့တာပါ။ ျမန္မာႏိုင္ငံအက်ပ္အတည္းကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအေျဖရွာႏိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အာဆီယံအပါအဝင္ အျခားမိတ္ဖက္ႏိုင္ငံေတြနဲ႔အတူ နီးနီးကပ္ကပ္ လက္တြဲေဆာင္ရြက္မယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ လူသားခ်င္းစာနာမႈအက်ပ္အတည္းၾကံဳလာေစတဲ့ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြကို ရႈတ္ခ်သလို အကူအညီေတြလိုအပ္ေနတဲ့ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာကူညီမႈအေထာက္အပံ့ေတြ ခြင့္ျပဳဖို႔လည္း ဒုႏိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆိုခဲ့ပါတယ္။

NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ အေမရိကန္သမၼတရဲ႕ ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးဆိုင္ရာ ဒါ႐ိုက္တာ Rob Berschinski နဲ႔ ေတြဆံုၿပီး ျမန္မာႏိ္ုင္ငံလူ႔အခြင့္အေရးအေျခအေနေတြကို ေဆြးေႏြးခဲ့ပါတယ္။ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေ၀းအခ်ိန္နဲ႔ တိုက္ဆိုင္ၿပီးေရာက္ရွိေနတဲ့ NUG ႏိုင္ငံျခားေရးဝန္ႀကီးဟာ အေမရိကန္အစိုးရ အႀကီးတန္းအရာရွိေတြနဲ႔ ေတြ႔ဆံုခဲ့သလို အေမရိကန္လႊတ္ေတာ္ပိုင္းက လႊတ္ေတာ္ေခါင္းေဆာင္တခ်ိဳ႕နဲ႔လည္း ေတြ႔ဆံုဖို႔ရွိေနပါတယ္။ ဒါ့အျပင္ မေလးရွားႏိုင္ငံျခားေရး၀န္ႀကီးနဲ႔ ဝါရွင္တန္ဒီစီမွာပဲ လာမယ့္ စေနေန႔မွာ ေတြ႔ဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကန် ဒုနိုင်ငံခြားရေးဝန်ကြီး NUG ကိုယ်စားလှယ်တွေနဲ့ဆွေးနွေး

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝါရှင်တန်ဒီစီမှာ မေလ ၁၂ ရက်နေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး အကြမ်းဖက် ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံကူညီသွားမယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ ငြိမ်းချမ်းစွာကြိုးပမ်းနေကြသူအားလုံးကို ဆက်ပြီး ထောက်ခံကူညီသွားမယ်လို့ ကတိပြုခဲ့တာပါ။ မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအပါအဝင် အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကျပ်အတည်းကြုံလာစေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချသလို အကူအညီတွေလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေ ခွင့်ပြုဖို့လည်း ဒုနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမေရိကန်သမ္မတရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinski နဲ့ တွေဆုံပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအချိန်နဲ့ တိုက်ဆိုင်ပြီးရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို အမေရိကန်လွှတ်တော်ပိုင်းက လွှတ်တော်ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဝါရှင်တန်ဒီစီမှာပဲ လာမယ့် စနေနေ့မှာ တွေ့ဖို့ရှိပါတယ်။

============

XS
SM
MD
LG