သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီအေရးယူသြားဖို႔ ကန္ဘက္စုံစဥ္းစားေန


အေမရိကန္  ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price 

[[Zawgyi/Unicode]]

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ ၄ ေယာက္ကို ေသဒဏ္ေပးကြပ္မ်က္လိုက္တဲ့လုပ္ရပ္ဟာ တရားဥပေဒကို မထီမဲ့ျမင္လုပ္တဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။ ျမန္မာႏိုင္ငံအေပၚ ဖိအားဆက္ေပးေရး နည္းလမ္းေတြကို တျခားႏိုင္ငံေတြနဲ႔ ေဆြးေႏြးေနတဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာ ဘာမွမျဖစ္တဲ့ ပုံစံမ်ိဳး ဆက္သြားလို႔မရေတာ့ဘူးဆိုၿပီး မေန႔က သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က ေျပာဆိုသြားပါတယ္။ သတင္းစာရွင္းလင္းပြဲအတြင္း ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ေျပာၾကားခ်က္ေတြကို ကိုသိန္းထိုက္ဦး ေကာက္ႏုတ္တင္ျပထားပါတယ္။

“အၾကမ္းဖက္မႈေတြ တိုးလာတာ၊ ေၾကာက္မက္ဖြယ္ရာေကာင္းတဲ့ ရက္စက္မႈေတြက်ဴးလြန္တာေတြေၾကာင့္ စစ္ေကာင္စီနဲ႔ဘာမွမျဖစ္သလို ပုံမွန္ ဆက္ဆက္ဆံဖို႔ မျဖစ္ႏိုင္ဘူးဆိုတာကို အေလးအနက္ေျပာခ်င္ပါတယ္။ ႏိုင္ငံအားလုံး ျမန္မာႏိုင္ငံကို စစ္လက္နက္ အသုံးအေဆာင္ ပစၥည္းေတြမေရာင္းဖို႔ က်ေနာ္တို႔ တိုက္တြန္းခ်င္ပါတယ္။ ႏိုင္ငံတကာအလယ္မွာ စစ္ေကာင္စီကို ဘယ္လို အဆင့္နဲ႔ပဲျဖစ္ျဖစ္ အသိအမွတ္ျပဳတာမ်ိဳးေတြ မလုပ္ဖို႔၊ ေရွာင္ရွားဖို႔ တိုက္တြန္းၿပီးေတာ့ အာဆီယံအေနနဲ႔လည္း အရင္က မက်င့္သုံးဘူးတဲ့၊ ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကိုပဲ လာေရာက္ခြင့္ေပးတဲ့မူကို ဆက္လက္ စြဲကိုင္ဖို႔ က်ေနာ္တို႔ တိုက္တြန္းခ်င္ပါတယ္။

က်ေနာ္တို႔ရဲ႕ မိတ္ဖက္ႏိုင္ငံအားလုံးအေနနဲ႔ ျမန္မာစစ္ေကာင္စီအေပၚမွာ စီးပြားေရးအရ ႏိုင္ငံေရးဖိအားေတြတိုးေပးဖို႔ က်ေနာ္တို႔က တိုက္တြန္းခ်င္ပါတယ္။ ဒီလုပ္ရပ္ က လူ႔အခြင့္အေရးနဲ႔ ျမန္မာျပည္သူေတြကို ေစာ္ကားတိုက္ခိုက္လိုက္တာတင္ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္တာကို ေတြ႔ျမင္လိုတဲ့ သန္းနဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြရဲ႕ မ်က္ႏွာကို ျဖတ္႐ိုက္ၿပီး တိုက္ခိုက္လိုက္တာ သက္သက္တင္ မဟုတ္ပါဘူး။ ဒီလို ကြပ္မ်က္တာကို မလုပ္ပါနဲ႔ဆိုၿပီး ရွင္းရွင္းလင္းလင္း ေမတၱာရပ္ခံေနတဲ့ အာဆီယံ အလွည့္က်ဥကၠ႒၊ ကေမာၻဒီးယားႏိုင္ငံနဲ႔ အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ ေမတၱာရပ္ခံခ်က္ေတြကို မသိက်ိဳးကြၽံျငင္းပယ္လိုက္တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းကတည္းက စစ္ေကာင္စီဘက္က ဘ႑ာေရးအရ ျပန္ေပးဆပ္ရမယ့္ သူ႔ရဲ႕ ဝင္ေငြအေပၚထိခိုက္ေစမယ့္ အေရးယူမႈေတြ ပိုတိုးလာမယ္ဆိုတာ က်ေနာ္တို႔က ရွင္းရွင္းလင္းလင္း ေျပာၿပီးသားပါ။ က်ေနာ္တို႔ ဒဏ္ခတ္အေရးယူၿပီးသားနဲ႔ ဒဏ္ခတ္အေရးယူဖို႔ ျပင္ဆင္ေနတဲ့ စီးပြားေရး ဖိအားေတြေၾကာင့္ သူတို႔ ဝင္ေငြ ပိုၿပီး ထိခိုက္ေအာင္ ဆက္လက္ လုပ္ေဆာင္သြားပါ့မယ္။ က်ေနာ္တို႔ဘက္က ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ဘာေတြလုပ္မယ္ဆိုၿပီး ႀကိဳၿပီး ထုတ္ေဖၚတာမ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္ ေ႐ြးခ်ယ္မယ့္နည္းလမ္းအားလုံးဟာ စစ္ေကာင္စီ အၾကမ္းဖက္ရာမွာ ေရရွည္ အသုံးျပဳမယ့္ အဓိက ဝင္ေငြရမယ့္ေစမယ့္ ေငြေၾကးေတြကို ျဖတ္ေတာက္ဖို႔ပါ။ ဒါေတြကို က်ေနာ္တို႔ စဥ္းစားေနပါတယ္။ ဒီလို စဥ္းစားတဲ့အခါမွာ စစ္ေကာင္စီ အာဏာရယူၿပီးေနာက္ပိုင္းမွာ သိပ္ကို အတိဒုကၡေရာက္ေနၿပီးသား ျမန္မာျပည္သူေတြအေပၚ လူသားခ်င္းစာနာေထာက္ထားမႈအရ ထိခိုက္ႏိုင္ေျခေတြကို က်ေနာ္တို႔က စဥ္းစားပါတယ္။ ေ႐ြးခ်ယ္စရာ နည္းလမ္းအားလုံး က်ေနာ္တို႔မွာ ရွိပါတယ္။ က်ေနာ္တို႔လုပ္ေဆာင္သမွ်ဟာ လက္တြဲဖက္ ႏိုင္ငံေတြနဲ႔ ဆက္စပ္ေဆာင္႐ြက္ၿပီး စစ္ေကာင္စီအေပၚမွာ အျမင့္ဆုံး သက္ေရာက္မႈ ရွိမယ့္ နည္းလမ္းေတြကို က်ေနာ္တို႔ စဥ္းစားေနတာျဖစ္ပါတယ္။

ကမာၻေပၚက ႏိုင္ငံေတြက ပါးစပ္ကပဲ ျပစ္တင္ေဝဖန္ေနၾကၿပီးေတာ့ တကယ္တမ္း ထိေရာက္ေအာင္ လက္ေတြ႔လုံေလာက္တဲ့ လုပ္ေဆာင္တာမ်ိဳးေတြ မရွိၾကပါဘူး။ ေငြေၾကးအရ ထိခိုက္ေစမယ့္ ကိစၥမ်ိဳး၊ စစ္ေကာင္စီနဲ႔ ပုံမွန္ဆက္ၿပီး ပတ္သက္ဖို႔ လုပ္ငန္းလုပ္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာမ်ိဳး အဓိက လုပ္ေဆာင္ရမယ့္ကိစၥေတြမွာ ထိေရာက္ေအာင္လုပ္ေဆာင္ဖို႔ လိုေနပါတယ္။

သိပ္မၾကာေသးခင္တုန္းကပဲ ႏိုင္ငံျခားေရးဝန္ႀကီး Blinken နဲ႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီး Wang Ye တို႔ ေတြ႕ဆုံတဲ့အခ်ိန္ ျမန္မာႏိုင္ငံအေရးကိစၥကို ေဆြးေႏြးခဲ့ပါတယ္။ တျခား တ႐ုတ္အစိုးရ ေခါင္းေဆာင္ေတြနဲ႔လည္း ျမန္မာ့အေရးကို ေဆြးေႏြးပါတယ္။ ျမန္မာႏိုင္ငံ ေရွ႕သြားမယ့္လမ္းေၾကာင္းမွာ တ႐ုတ္ႏိုင္ငံထက္ ပိုၿပီး ၾသဇာလႊမ္းမိုးႏိုင္ေျခရွိတဲ့ ႏိုင္ငံ မရွိဘူးလို႔ပဲ ေျပာရမွာပါ။ တာဝန္သိသိ လုပ္ေဆာင္ဖို႔ ႏိုင္ငံအားလုံးကို က်ေနာ္တို႔က တိုက္တြန္းပါတယ္။ သူတို႔ရဲ႕ ၾသဇာလႊမ္းမိုးမႈ အရွိန္အဝါကို အသုံးခ်ၿပီး အျပဳသေဘာေဆာင္ဖို႔၊ ျမန္မာျပည္သူေတြရဲ႕ အက်ိဳးအတြက္ သုံးဖို႔ က်ေနာ္တို႔က တိုက္တြန္းပါတယ္။

ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လာရင္ အေကာင္အထည္ေဖၚႏိုင္မယ့္ တျခား ေ႐ြးခ်ယ္စရာလမ္းေတြကို က်ေနာ္တို႔ ေဆြးေႏြးပါတယ္။ က်ေနာ္တို႔ရဲ႕ မိတ္ဖက္ႏိုင္ငံေတြ၊ အာဆီယံႏိုင္ငံေတြ၊ သေဘာထားတူတဲ့ လက္တြဲဖက္ေတြနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ ေဖေဖာ္ဝါရီလကတည္းက လက္တြဲလုပ္ခဲ့တဲ့ ႏိုင္ငံေတြနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔အတြက္ ေဆြးေႏြးတာပါ။

စစ္တပ္က အာဏာသိမ္းလိုက္တာဟာ ျမန္မာျပည္သူေတြအေပၚ အႀကီးအက်ယ္ ထိခိုက္နစ္နာေစတယ္ဆိုတာ ရွင္းပါတယ္။ အဓိပၸါယ္မဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ရာနဲ႔ခ်ီၿပီး အသတ္ခံခဲ့ရပါတယ္။ ဘယ္လို ဆန႔္က်င္တာ အတိုက္ခံလုပ္တာကိုမွ လက္မခံတဲ့ စစ္ေကာင္စီ ေအာက္မွာ တခ်ိဳ႕က အက်ဥ္းသားေတြအျဖစ္ ဖမ္းဆီးခံရပါတယ္။ ဒီေတာ့ က်ေနာ္တို႔ ေနာက္တဆင့္ စဥ္းစားရပါတယ္။ ျဖစ္ႏိုင္ေျခ နည္းလမ္းေတြကို ရွာရပါတယ္။ က်ေနာ္တို႔ လုပ္ေဆာင္မယ့္ ေနာက္ထပ္ေျခလွမ္းေတြေၾကာင့္ လူသားခ်င္းစာနာမႈအေပၚ ႐ိုက္ခတ္ႏိုင္ေျခေတြကိုလည္း က်ေနာ္တို႔ ထည့္သြင္းစဥ္းစားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

မြန်မာစစ်ကောင်စီအရေးယူသွားဖို့ ကန်ဘက်စုံစဉ်းစားနေ


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့လုပ်ရပ်ဟာ တရားဥပဒေကို မထီမဲ့မြင်လုပ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် ဖိအားဆက်ပေးရေး နည်းလမ်းတွေကို တခြားနိုင်ငံတွေနဲ့ ဆွေးနွေးနေတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဘာမှမဖြစ်တဲ့ ပုံစံမျိုး ဆက်သွားလို့မရတော့ဘူးဆိုပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောဆိုသွားပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေကို ကိုသိန်းထိုက်ဦး ကောက်နုတ်တင်ပြထားပါတယ်။

“အကြမ်းဖက်မှုတွေ တိုးလာတာ၊ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ရက်စက်မှုတွေကျူးလွန်တာတွေကြောင့် စစ်ကောင်စီနဲ့ဘာမှမဖြစ်သလို ပုံမှန် ဆက်ဆက်ဆံဖို့ မဖြစ်နိုင်ဘူးဆိုတာကို အလေးအနက်ပြောချင်ပါတယ်။ နိုင်ငံအားလုံး မြန်မာနိုင်ငံကို စစ်လက်နက် အသုံးအဆောင် ပစ္စည်းတွေမရောင်းဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတကာအလယ်မှာ စစ်ကောင်စီကို ဘယ်လို အဆင့်နဲ့ပဲဖြစ်ဖြစ် အသိအမှတ်ပြုတာမျိုးတွေ မလုပ်ဖို့၊ ရှောင်ရှားဖို့ တိုက်တွန်းပြီးတော့ အာဆီယံအနေနဲ့လည်း အရင်က မကျင့်သုံးဘူးတဲ့၊ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ လာရောက်ခွင့်ပေးတဲ့မူကို ဆက်လက် စွဲကိုင်ဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။

ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံအားလုံးအနေနဲ့ မြန်မာစစ်ကောင်စီအပေါ်မှာ စီးပွားရေးအရ နိုင်ငံရေးဖိအားတွေတိုးပေးဖို့ ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ ဒီလုပ်ရပ် က လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေကို စော်ကားတိုက်ခိုက်လိုက်တာတင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို တွေ့မြင်လိုတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ပြီး တိုက်ခိုက်လိုက်တာ သက်သက်တင် မဟုတ်ပါဘူး။ ဒီလို ကွပ်မျက်တာကို မလုပ်ပါနဲ့ဆိုပြီး ရှင်းရှင်းလင်းလင်း မေတ္တာရပ်ခံနေတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို မသိကျိုးကျွံငြင်းပယ်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းကတည်းက စစ်ကောင်စီဘက်က ဘဏ္ဍာရေးအရ ပြန်ပေးဆပ်ရမယ့် သူ့ရဲ့ ဝင်ငွေအပေါ်ထိခိုက်စေမယ့် အရေးယူမှုတွေ ပိုတိုးလာမယ်ဆိုတာ ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ကျနော်တို့ ဒဏ်ခတ်အရေးယူပြီးသားနဲ့ ဒဏ်ခတ်အရေးယူဖို့ ပြင်ဆင်နေတဲ့ စီးပွားရေး ဖိအားတွေကြောင့် သူတို့ ဝင်ငွေ ပိုပြီး ထိခိုက်အောင် ဆက်လက် လုပ်ဆောင်သွားပါ့မယ်။ ကျနော်တို့ဘက်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဘာတွေလုပ်မယ်ဆိုပြီး ကြိုပြီး ထုတ်ဖေါ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ်မယ့်နည်းလမ်းအားလုံးဟာ စစ်ကောင်စီ အကြမ်းဖက်ရာမှာ ရေရှည် အသုံးပြုမယ့် အဓိက ဝင်ငွေရမယ့်စေမယ့် ငွေကြေးတွေကို ဖြတ်တောက်ဖို့ပါ။ ဒါတွေကို ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီလို စဉ်းစားတဲ့အခါမှာ စစ်ကောင်စီ အာဏာရယူပြီးနောက်ပိုင်းမှာ သိပ်ကို အတိဒုက္ခရောက်နေပြီးသား မြန်မာပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားမှုအရ ထိခိုက်နိုင်ခြေတွေကို ကျနော်တို့က စဉ်းစားပါတယ်။ ရွေးချယ်စရာ နည်းလမ်းအားလုံး ကျနော်တို့မှာ ရှိပါတယ်။ ကျနော်တို့လုပ်ဆောင်သမျှဟာ လက်တွဲဖက် နိုင်ငံတွေနဲ့ ဆက်စပ်ဆောင်ရွက်ပြီး စစ်ကောင်စီအပေါ်မှာ အမြင့်ဆုံး သက်ရောက်မှု ရှိမယ့် နည်းလမ်းတွေကို ကျနော်တို့ စဉ်းစားနေတာဖြစ်ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတွေက ပါးစပ်ကပဲ ပြစ်တင်ဝေဖန်နေကြပြီးတော့ တကယ်တမ်း ထိရောက်အောင် လက်တွေ့လုံလောက်တဲ့ လုပ်ဆောင်တာမျိုးတွေ မရှိကြပါဘူး။ ငွေကြေးအရ ထိခိုက်စေမယ့် ကိစ္စမျိုး၊ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ပြီး ပတ်သက်ဖို့ လုပ်ငန်းလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး အဓိက လုပ်ဆောင်ရမယ့်ကိစ္စတွေမှာ ထိရောက်အောင်လုပ်ဆောင်ဖို့ လိုနေပါတယ်။

သိပ်မကြာသေးခင်တုန်းကပဲ နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Ye တို့ တွေ့ဆုံတဲ့အချိန် မြန်မာနိုင်ငံအရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ တခြား တရုတ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း မြန်မာ့အရေးကို ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံ ရှေ့သွားမယ့်လမ်းကြောင်းမှာ တရုတ်နိုင်ငံထက် ပိုပြီး သြဇာလွှမ်းမိုးနိုင်ခြေရှိတဲ့ နိုင်ငံ မရှိဘူးလို့ပဲ ပြောရမှာပါ။ တာဝန်သိသိ လုပ်ဆောင်ဖို့ နိုင်ငံအားလုံးကို ကျနော်တို့က တိုက်တွန်းပါတယ်။ သူတို့ရဲ့ သြဇာလွှမ်းမိုးမှု အရှိန်အဝါကို အသုံးချပြီး အပြုသဘောဆောင်ဖို့၊ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် သုံးဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် အကောင်အထည်ဖေါ်နိုင်မယ့် တခြား ရွေးချယ်စရာလမ်းတွေကို ကျနော်တို့ ဆွေးနွေးပါတယ်။ ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ သဘောထားတူတဲ့ လက်တွဲဖက်တွေနဲ့ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလကတည်းက လက်တွဲလုပ်ခဲ့တဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် ဆွေးနွေးတာပါ။

စစ်တပ်က အာဏာသိမ်းလိုက်တာဟာ မြန်မာပြည်သူတွေအပေါ် အကြီးအကျယ် ထိခိုက်နစ်နာစေတယ်ဆိုတာ ရှင်းပါတယ်။ အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုတွေကြောင့် ရာနဲ့ချီပြီး အသတ်ခံခဲ့ရပါတယ်။ ဘယ်လို ဆန့်ကျင်တာ အတိုက်ခံလုပ်တာကိုမှ လက်မခံတဲ့ စစ်ကောင်စီ အောက်မှာ တချို့က အကျဉ်းသားတွေအဖြစ် ဖမ်းဆီးခံရပါတယ်။ ဒီတော့ ကျနော်တို့ နောက်တဆင့် စဉ်းစားရပါတယ်။ ဖြစ်နိုင်ခြေ နည်းလမ်းတွေကို ရှာရပါတယ်။ ကျနော်တို့ လုပ်ဆောင်မယ့် နောက်ထပ်ခြေလှမ်းတွေကြောင့် လူသားချင်းစာနာမှုအပေါ် ရိုက်ခတ်နိုင်ခြေတွေကိုလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားရပါတယ်။

XS
SM
MD
LG