သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္သမၼတနဲ႔ စင္ကာပူဝန္ႀကီးခ်ဳပ္ေဆြးေႏြးပြဲ ျမန္မာ့အေရးပါဝင္မည္


အေမရိကန္ျပည္ေထာင္စုကိုေရာက္ေနတဲ့  စကၤာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong ပင္တဂြန္စစ္ဌာနခ်ဳပ္သို႔ သြားေရာက္စဥ္။ (မတ္လ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္ႏိုင္ငံေရာက္ စကၤာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong ဟာ အေမရိကန္သမၼတဘိုင္ဒန္၊ ဒုတိယသမၼတ ကင္မလာဟဲရစ္တို႔နဲ႔ ဒီက‌ေန႔ ဝါရွင္တန္ဒီစီမွာ ေတြ႔ဆုံေဆြးေႏြးၾကတဲ့အခါ ျမန္မာႏိုင္ငံကိစၥလည္း ပါဝင္မယ္ လို႔ အေမရိကန္အစိုးရ အႀကီးတန္းတာဝန္ရွိသူတဦးက ေျပာပါတယ္။

စကၤာပူဝန္ႀကီးခ်ဳပ္ဟာ သမၼတဘိုင္ဒန္နဲ႔ အိမ္ျဖဴေတာ္မွာ အရင္ ေတြ႔ဆုံေဆြးေႏြးမွာ ျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံေတြ႔ ဆုံ ေဆြးေႏြးၾကရာမွာေတာ့ အေမရိကန္ဒုတိယသမၼတ ကင္မလာဟဲရစ္က အိမ္ရွင္အျဖစ္ ဦးေဆာင္ ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ အႀကီးတန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ေတြ ေတြ႕ဆုံေဆြးေႏြးရာမွာ ယူကရိန္းကို တိုက္ခိုက္တဲ့ ႐ုရွားစစ္ပြဲ၊ အေမရိကန္ အာဆီယံ ဆက္ဆံေရး၊ အေရွ႕ေတာင္အာရွရဲ႕ လြတ္လပ္ခြင့္ကို အားေပးေရး၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ေရာက္ရွိေရးေတြ ပါဝင္မယ္လို႔ အဆိုပါတာဝန္ရွိသူက ဆိုပါတယ္။

ဒါ့အျပင္ အေမရိကန္နဲ႔တ႐ုတ္ၾကား တင္းမာမႈ၊ အင္ဒို-ပစိဖိတ္ေဒသလုံၿခဳံေရးနဲ႔ စီးပြါးေရးဆိုင္ရာကိစၥရပ္ေတြကိုလည္း ေဆြးေႏြးဖို႔ ရွိတယ္လို႔ သိရပါတယ္။

စကၤာပူဝန္ႀကီးခ်ဳပ္ကို G 20 ညီလာခံမွာလည္း အထူးဧည့္သည္ေတာ္အေနနဲ႔ ဖိတ္ၾကားခဲ့ၿပီး အေမရိကန္နဲ႔ စကၤာပူတို႔ဟာ အဲဒီ အစည္းအေဝး ျပင္ပမွာလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ကန်သမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်ဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်မည်

အမေရိကန်နိုင်ငံရောက် စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဟာ အမေရိကန်သမ္မတဘိုင်ဒန်၊ ဒုတိယသမ္မတ ကင်မလာဟဲရစ်တို့နဲ့ ဒီက‌နေ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ မြန်မာနိုင်ငံကိစ္စလည်း ပါဝင်မယ် လို့ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ဟာ သမ္မတဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ အရင် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံတွေ့ ဆုံ ဆွေးနွေးကြရာမှာတော့ အမေရိကန်ဒုတိယသမ္မတ ကင်မလာဟဲရစ်က အိမ်ရှင်အဖြစ် ဦးဆောင် ဆွေးနွေးသွားမှာဖြစ်တယ်လို့ အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာ ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှားစစ်ပွဲ၊ အမေရိကန် အာဆီယံ ဆက်ဆံရေး၊ အရှေ့တောင်အာရှရဲ့ လွတ်လပ်ခွင့်ကို အားပေးရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးတွေ ပါဝင်မယ်လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့တရုတ်ကြား တင်းမာမှု၊ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးနဲ့ စီးပွါးရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ကို G 20 ညီလာခံမှာလည်း အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြားခဲ့ပြီး အမေရိကန်နဲ့ စင်္ကာပူတို့ဟာ အဲဒီ အစည်းအဝေး ပြင်ပမှာလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

================

XS
SM
MD
LG