[[Zawgyi/Unicode]]
လက္နက္ကိုင္ေဆာင္မႈဥပေဒနဲ႔ပတ္သက္ၿပီး အဓိပၸါယ္ရွိရွိ ျပဳျပင္ေျပာင္းလဲၾကဖို႔ လႊတ္ေတာ္ အမတ္ေတြကို တြန္းအားေပးဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ေလးေလးနက္နက္ ကတိျပဳလိုက္ပါတယ္။
အေမရိကန္ႏိုင္ငံတကၠဆက္ျပည္နယ္ ယူဗားလ္ဒီးၿမိဳ႕ (Uvalde) က မူလတန္းေက်ာင္းကိုဝင္ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ လူသတ္သမားက ေမာင္းျပန္ေသနတ္နဲ႔ မေန႔က ပစ္ခတ္ခဲ့တဲ့အတြက္ ကေလး ၁၉ ေယာက္နဲ႔ လူႀကီး ၂ ေယာက္ေသဆုံးသြားခဲ့တဲ့အေပၚ သမၼတဘိုင္ဒန္က အဂၤါေန႔ ည မွာ အိမ္ျဖဴေတာ္ကေန တုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္။ အာရွခရီးစဥ္က ေရာက္ေရာက္ျခင္း ခုလို တုံ႔ျပန္လိုက္တာလည္း ျဖစ္ပါတယ္။ ခုလို ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္တာေတြ ျဖစ္ေပၚေနတဲ့အတြက္ သမၼတဂ်ိဳးဘိုင္ဒန္ဟာ ေဒါသထြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေနပုံလည္း ရပါတယ္။
ဆယ္ေက်ာ္သက္ ေသနတ္သမားဟာ Uvalde ၿမိဳ႕မွာ ေနထိုင္ေနသူတဦးလည္း ျဖစ္တယ္လို႔ တကၠဆက္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Greg Abbott က ေျပာပါတယ္။ တကၠဆက္ျပည္နယ္ဟာ ေသနတ္ ကိုင္ေဆာင္ခြင့္ကို သိပ္ မတင္းၾကပ္တဲ့ျပည္နယ္လည္း ျဖစ္ပါတယ္။
အနာဂတ္မွာ ခုလို ပစ္ခတ္တာေတြကို ကာကြယ္ႏိုင္ေအာင္ လက္နက္ကိုင္ေဆာင္ေရး ဥပေဒကို ျပဳျပင္ေျပာင္းလဲဖို႔ ဒီမိုကရက္ပါတီ ေခါင္းေဆာင္ေတြက ေဆာ္ၾသလိုက္ၾကပါတယ္။
ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ ျပင္သစ္သမၼတ Macron တို႔ကလည္း မိသားစုေတြကို ဝမ္းနည္းေၾကကြဲစကား ေျပာဆိုလိုက္ၾကသလို ပုပ္ရဟန္းမင္းႀကီးကလည္း လက္နက္ ေရာင္းဝယ္မႈထိန္းခ်ဳပ္ေရးကို ေတာင္းဆိုလိုက္ပါတယ္။ လက္နက္ေတြကို ထုတ္လုပ္ေနသူေတြ ဒါမွမဟုတ္ လက္နက္လုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ သူတို႔ကိုယ္သူတို႔ ခရစ္ယန္ေတြလို႔ ေျပာေနရင္ သူတို႔ ဟာ ေၾကာင္သူေတာ္ခရစ္ယန္ေတြသာျဖစ္တယ္လို႔ ပုပ္ရဟန္းမင္းႀကီးက ၂၀၁၅ မွာ ေျပာခဲ့ဖူးပါတယ္။
==============
[[Unicode]]
လက်နက်ကိုင်ဆောင်မှုဥပဒေပြုပြင်ရေး တွန်းအားပေးဖို့ ကန်သမ္မတ ကတိပြု
လက်နက်ကိုင်ဆောင်မှုဥပဒေနဲ့ပတ်သက်ပြီး အဓိပ္ပါယ်ရှိရှိ ပြုပြင်ပြောင်းလဲကြဖို့ လွှတ်တော် အမတ်တွေကို တွန်းအားပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လေးလေးနက်နက် ကတိပြုလိုက်ပါတယ်။
အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ် ယူဗားလ်ဒီးမြို့ Uvalde က မူလတန်းကျောင်းကိုဝင်ပြီး အသက် ၁၈ နှစ်အရွယ် လူသတ်သမားက မောင်းပြန်သေနတ်နဲ့ မနေ့က ပစ်ခတ်ခဲ့တဲ့အတွက် ကလေး ၁၉ ယောက်နဲ့ လူကြီး ၂ ယောက်သေဆုံးသွားခဲ့တဲ့အပေါ် သမ္မတဘိုင်ဒန်က အင်္ဂါနေ့ ည မှာ အိမ်ဖြူတော်ကနေ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အာရှခရီးစဉ်က ရောက်ရောက်ခြင်း ခုလို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ခုလို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် သမ္မတဂျိုးဘိုင်ဒန်ဟာ ဒေါသထွက် စိတ်အနှောင့်အယှက် ဖြစ်နေပုံလည်း ရပါတယ်။
ဆယ်ကျော်သက် သေနတ်သမားဟာ Uvalde မြို့မှာ နေထိုင်နေသူတဦးလည်း ဖြစ်တယ်လို့ တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။ တက္ကဆက်ပြည်နယ်ဟာ သေနတ် ကိုင်ဆောင်ခွင့်ကို သိပ် မတင်းကြပ်တဲ့ပြည်နယ်လည်း ဖြစ်ပါတယ်။
အနာဂတ်မှာ ခုလို ပစ်ခတ်တာတွေကို ကာကွယ်နိုင်အောင် လက်နက်ကိုင်ဆောင်ရေး ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေက ဆော်သြလိုက်ကြပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ပြင်သစ်သမ္မတ Macron တို့ကလည်း မိသားစုတွေကို ဝမ်းနည်းကြေကွဲစကား ပြောဆိုလိုက်ကြသလို ပုပ်ရဟန်းမင်းကြီးကလည်း လက်နက် ရောင်းဝယ်မှုထိန်းချုပ်ရေးကို တောင်းဆိုလိုက်ပါတယ်။ လက်နက်တွေကို ထုတ်လုပ်နေသူတွေ ဒါမှမဟုတ် လက်နက်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ကိုယ်သူတို့ ခရစ်ယန်တွေလို့ ပြောနေရင် သူတို့ ဟာ ကြောင်သူတော်ခရစ်ယန်တွေသာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ၂၀၁၅ မှာ ပြောခဲ့ဖူးပါတယ်။
==============