သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖလမ္းဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးအဖြဲ႔ေတြ ရက္ရွည္ တိုက္ပြဲျဖစ္ခဲ့ 


ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နဲ႔နယ္ခ်င္းဆက္ေနတဲ့ ဖလမ္းၿမိဳ႕နယ္က တိုက္ပြဲျဖစ္ရာ ရမ္ထလိုနဲ႔ ေဒါထက္ (ဒုတ္ထက္) ေက်းရြာမ်ား။ (ဓာတ္ပံု-MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ဘက္မွာ ရိကၡာပို႔တဲ့ စစ္ေကာင္စီတပ္ဖြဲ႔ယာဥ္တန္းနဲ႔ ခ်င္းကာကြယ္ေရးပူးေပါင္းအဖြဲ႔တို႔ သီတင္းတပတ္ေက်ာ္ၾကာ တိုက္ပဲြေတြျဖစ္ခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႔ေခါင္းေဆာင္ေတြကေျပာပါတယ္။ မတ္လ ၇ ရက္ေန႔အထိ ျဖစ္ခဲ့တဲ့တိုက္ပြဲေတြအတြင္း အနီးဝန္းက်င္ေက်းရြာတခ်ိဳ႕ မီးေလာင္ခဲ့သလို ရြာသားေတြ ေဘးလြတ္ရာ ေတာေတာင္ေတြထဲမွာ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဖလမ္းၿမိဳ႕ကေန ဟားခါးၿမိဳ႕ကို ရိကၡာသြားပို႔တဲ့ စစ္ယာဥ္တန္းေတြကို ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြ ၿခံဳခိုတိုက္ခိုက္ခဲ့တာမွာ ၉ ရက္အတြင္း ၁၅ ႀကိမ္ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ခ့ဲၾကတယ္လို႔ ခ်င္းအမ်ဳိးသားတပ္ဦး CNF က သတင္း ထုတ္ျပန္ပါတယ္။ မတ္လ ၇ ရက္ေန႔ အထိ ဖလမ္းနဲ႔ ဟားခါးလမ္းတေလွ်ာက္ ႏွစ္ဘက္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကတာနဲ႔ ပတ္သက္လို႔ ခ်င္းအမ်ဳိးသားတပ္ဦး CNF ေျပာေရးဆို ခြင့္ရွိသူ ပူးထက္နီက အခုလိုေျပာပါတယ္။

“တိုက္ပြဲအခ်ိန္ကာလကေတာ့ ဖလမ္း-ဟားခါးၾကား ေဖေဖာ္ဝါရီ (၂၇) ကေန မတ္လ (၇) ရက္ေန႔ ၾကားေပါ့။ တိုက္ပြဲ အႀကိမ္ေရက (၁၅) ႀကိမ္ရွိတာေပါ့။ အဲဒီဖလမ္း-ဟားခါးၾကားမွာ။ အဓိက သူတို႔ အေသအေပ်ာက္မ်ားတာက က်ည္ကြယ္ မ်က္ကြယ္ဆိုၿပီးေတာ့ ေခ်ာက္ကမ္းပါးေအာက္မွာေနတဲ့အခ်ိန္ က်ေနာ္တို႔က အဲဒီေခ်ာက္ကမ္းပါးအေပၚကေန မိုင္းနဲ႔ ၿဖိဳခြင္းလိုက္တာ။ အဲဒီမွာ သူတို႔က ေတာ္ေတာ္ထိသြားတာေပါ့ေနာ္။ ညအိပ္ၿပီးေတာ့ အဲဒီမွာ ရြာကို မီးရွိဳ႕ၿပီးေတာ့ အဲဒီမွာတည္းခိုတယ္။ အဲဒီမွာ က်ေနာ္တို႔က လွ်ပ္တျပက္တိုက္ခိုက္ၿပီး သိမ္းတာရွိတာေပါ့ေနာ္။’’

ဟားခါးျမိဳ႕ကို ဦးတည္လာတဲ့ စစ္ေကာင္စီတပ္ရဲ႕ တင့္ကားႏွစ္စီးနဲ႔ အင္အား ၂၀၀ ေလာက္ပါတဲ့ စစ္ကား ၂၇ စီးကို ခ်င္း ပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႔က ၾကားျဖတ္တုိက္ခုိက္ခဲ့တယ္လို႔ ခ်င္းအမ်ဳိးသားတပ္ဦး (CNF) က ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ ၇၀ ၀န္းက်င္ ေသ ဆုံးခဲ့တယ္လို႔ဆိုေပမဲ့ ဗီြအိုေအကေတာ့ သီးျခားအတည္မျပဳႏိုင္ပါဘူး။

ဖလမ္း-ဟားခါးအၾကား တုိက္ပြဲေတြမွာ ခ်င္းအမ်ဳိးသားတပ္မေတာ္ (CNA)၊ ခ်င္းအမ်ဳိးသားကာကြယ္ေရးတပ္ဖြဲ႔ (CNDF)ဖလမ္း၊ CDF-Hakha တပ္ဖြဲ႔တို႔ ပူးေပါင္းတုိက္ခုိက္ခဲ့ၾကတာျဖစ္ပါတယ္။ ဖလမ္းၿမိဳ႕နယ္ဘက္ တိုက္ပြဲအေျခအေနကိုသိရဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ရာမွာေတာ့ ဖုန္းလိုင္းအခက္ခဲေၾကာင့္ မရခဲ့ပါဘူး။

အခုလို စစ္ေကာင္စီတပ္ေတြန႔ဲ ခ်င္းကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြျဖစ္ေနခ်ိန္ အနီးဝန္းက်င္က ေက်း႐ြာတခ်ဳိ႕ မီး႐ႈိ႕ခံရတယ္လို႔ ေျပာပါတယ္။ မီးေလာင္သြားတဲ့ ေဒါထက္ (ဒုတ္ထက္) ရြာသားေတြနဲ႕အနီးနားက ရမ္ထလိုရြာသားေတြ ေတာေတာင္ထဲမွာ ခိုေအာင္းေနရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူတေယာက္က ေျပာပါတယ္။

“ဖလမ္း-ကေလး-ဟားခါးလမ္းမႀကီးေပၚမွာ စစ္ေၾကာင္းထိုးတာရွိၿပီးေတာ့ ဟိုကအကုန္လုံးထြက္ေျပးၾကတယ္ေပါ့။ အခုေလာေလာဆယ္ကြ်န္ေတာ္က ဒုတ္ထက္ဆိုတဲ့ရြာမွာေရာက္ေနတယ္။ အဲဒီမွာ အိမ္က (၁၅) လုံးေလာက္ျပာက်သြားၿပီး။ အဲဒါ စားစရာမရွိလို႕သြားေပးတာ။ သူတို႕ေတာထဲမွာ တဲထဲမွာေနရတယ္ေပါ့။ က်ေနာ္တို႔ အဲဒီစစ္ေဘးေရွာင္ေတြကို ကူတာေပါ့ဗ်ာ။ ရိကၡာေတြ ကူေပးတာေပါ့။”

ဖလမ္းကိုေရာက္ေနတဲ့ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္လာရင္ စစ္ေၾကာင္းနဲ႔ ထပ္တုိးမွာစိုးလို႔ ေဒသခံေတြ ေနရပ္မျပန္ရဲၾကေသးပါဘူး။ ဒါ့အျပင္ တိုက္ပြဲျဖစ္ပြါးတဲ့ေဒသေတြမွာ ႏွစ္ဘက္တပ္ဖြဲ႔ေတြေထာင္ထားတဲ့ မိုင္းအႏၱရာယ္ကလည္း ေဒသခံရြာသားေတြအတြက္ စိုးရိမ္စရာျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့မတ္လ (၅) ရက္ေန႔ကပဲ ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ဟားခါးၾကား ရမ္ထလိုရြာရဲ႕ ႏွစ္ျခင္းသင္းအုပ္ဆရာေတာ္တပါး ေျမျမွဳပ္မိုင္းနင္းမိခဲ့တယ္လို႔ ေျပာပါတယ္။

“အဓိကေတာ့ ေျမျမွဳပ္မိုင္းအႏၱရာယ္ေပါ့။ ဟိုတေန႔က ဒုတ္ထက္ရြာရဲ႕... ရမ္ထလိုရြာဆိုတာရွိတယ္။ အဲဒီဟာ သင္းအုပ္ဆရာတပါးက သူ႕ရဲ႕ေတာင္ယာမွာ သူရဲ႕အာလူးေတြနည္းနည္း သြားထားမလို႕သြားတဲ့ဟာကို ေျမျမွဳပ္မိုင္းနင္း မိၿပီးေတာ့ ေျခေထာက္ျပတ္သြားတယ္။ အဲဒီရြာကေန ဖလမ္းေဆးရံုကို သယ္ရေသးတယ္။ ’’

လက္ရွိ ဖလမ္းၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးရာေဒသကရြာသားေတြဟာ ရြာနဲ႔အလွမ္းေဝးတဲ့ေနရာမွာ ယာယီစစ္ေဘးေ႐ွာင္စခန္းေတြ လုပ္ထားၾကၿပီး စစ္ေရးလႈပ္႐ွားမႈေတြ ျမင္ရရင္ ေဘးလြတ္တဲ့အထိ ပုန္းခိုၾကရတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဖလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေ ရက်ရှည် တိုက်ပွဲဖြစ်ခဲ့
ချင်းပြည်နယ် ဖလမ်းမြို့နယ်ဘက်မှာ ရိက္ခာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းနဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ သီတင်းတပတ်ကျော်ကြာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့အထိ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း အနီးဝန်းကျင်ကျေးရွာတချို့ မီးလောင်ခဲ့သလို ရွာသားတွေ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ရိက္ခာသွားပို့တဲ့ စစ်ယာဉ်တန်းတွေကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခဲ့တာမှာ ၉ ရက်အတွင်း ၁၅ ကြိမ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က သတင်း ထုတ်ပြန်ပါတယ်။ မတ်လ ၇ ရက်နေ့ အထိ ဖလမ်းနဲ့ ဟားခါးလမ်းတလျှောက် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆို ခွင့်ရှိသူ ပူးထက်နီက အခုလိုပြောပါတယ်။

“တိုက်ပွဲအချိန်ကာလကတော့ ဖလမ်း-ဟားခါးကြား ဖေဖော်ဝါရီ (၂၇) ကနေ မတ်လ (၇) ရက်နေ့ ကြားပေါ့။ တိုက်ပွဲ အကြိမ်ရေက (၁၅) ကြိမ်ရှိတာပေါ့။ အဲဒီဖလမ်း-ဟားခါးကြားမှာ။ အဓိက သူတို့ အသေအပျောက်များတာက ကျည်ကွယ် မျက်ကွယ်ဆိုပြီးတော့ ချောက်ကမ်းပါးအောက်မှာနေတဲ့အချိန် ကျနော်တို့က အဲဒီချောက်ကမ်းပါးအပေါ်ကနေ မိုင်းနဲ့ ဖြိုခွင်းလိုက်တာ။ အဲဒီမှာ သူတို့က တော်တော်ထိသွားတာပေါ့နော်။ ညအိပ်ပြီးတော့ အဲဒီမှာ ရွာကို မီးရှို့ပြီးတော့ အဲဒီမှာတည်းခိုတယ်။ အဲဒီမှာ ကျနော်တို့က လျှပ်တပြက်တိုက်ခိုက်ပြီး သိမ်းတာရှိတာပေါ့နော်။’’

ဟားခါးမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနှစ်စီးနဲ့ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကား ၂၇ စီးကို ချင်း ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင် သေ ဆုံးခဲ့တယ်လို့ဆိုပေမဲ့ ဗွီအိုအေကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဖလမ်း-ဟားခါးအကြား တိုက်ပွဲတွေမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ဖလမ်း၊ CDF-Hakha တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ်ဘက် တိုက်ပွဲအခြေအနေကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ရာမှာတော့ ဖုန်းလိုင်းအခက်ခဲကြောင့် မရခဲ့ပါဘူး။

အခုလို စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေချိန် အနီးဝန်းကျင်က ကျေးရွာတချို့ မီးရှို့ခံရတယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ ဒေါထက် (ဒုတ်ထက်) ရွာသားတွေနဲ့အနီးနားက ရမ်ထလိုရွာသားတွေ တောတောင်ထဲမှာ ခိုအောင်းနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ပြောပါတယ်။

“ဖလမ်း-ကလေး-ဟားခါးလမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးတာရှိပြီးတော့ ဟိုကအကုန်လုံးထွက်ပြေးကြတယ်ပေါ့။ အခုလောလောဆယ်ကျွန်တော်က ဒုတ်ထက်ဆိုတဲ့ရွာမှာရောက်နေတယ်။ အဲဒီမှာ အိမ်က (၁၅) လုံးလောက်ပြာကျသွားပြီး။ အဲဒါ စားစရာမရှိလို့သွားပေးတာ။ သူတို့တောထဲမှာ တဲထဲမှာနေရတယ်ပေါ့။ ကျနော်တို့ အဲဒီစစ်ဘေးရှောင်တွေကို ကူတာပေါ့ဗျာ။ ရိက္ခာတွေ ကူပေးတာပေါ့။”

ဖလမ်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်တွေ ပြန်ထွက်လာရင် စစ်ကြောင်းနဲ့ ထပ်တိုးမှာစိုးလို့ ဒေသခံတွေ နေရပ်မပြန်ရဲကြသေးပါဘူး။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွါးတဲ့ဒေသတွေမှာ နှစ်ဘက်တပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းအန္တရာယ်ကလည်း ဒေသခံရွာသားတွေအတွက် စိုးရိမ်စရာဖြစ်နေတာပါ။ ပြီးခဲ့တဲ့မတ်လ (၅) ရက်နေ့ကပဲ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးကြား ရမ်ထလိုရွာရဲ့ နှစ်ခြင်းသင်းအုပ်ဆရာတော်တပါး မြေမြှုပ်မိုင်းနင်းမိခဲ့တယ်လို့ ပြောပါတယ်။

“အဓိကတော့ မြေမြှုပ်မိုင်းအန္တရာယ်ပေါ့။ ဟိုတနေ့က ဒုတ်ထက်ရွာရဲ့... ရမ်ထလိုရွာဆိုတာရှိတယ်။ အဲဒီဟာ သင်းအုပ်ဆရာတပါးက သူ့ရဲ့တောင်ယာမှာ သူရဲ့အာလူးတွေနည်းနည်း သွားထားမလို့သွားတဲ့ဟာကို မြေမြှုပ်မိုင်းနင်း မိပြီးတော့ ခြေထောက်ပြတ်သွားတယ်။ အဲဒီရွာကနေ ဖလမ်းဆေးရုံကို သယ်ရသေးတယ်။ ’’

လက်ရှိ ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာဒေသကရွာသားတွေဟာ ရွာနဲ့အလှမ်းဝေးတဲ့နေရာမှာ ယာယီစစ်ဘေးရှောင်စခန်းတွေ လုပ်ထားကြပြီး စစ်ရေးလှုပ်ရှားမှုတွေ မြင်ရရင် ဘေးလွတ်တဲ့အထိ ပုန်းခိုကြရတယ်လို့ ပြောပါတယ်။

==============

XS
SM
MD
LG