သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ တိုက္ပြဲျပင္းထန္ဆဲ


နန္းမယ္ခံု၊ ေဒါေပၚကလဲ၊ ဆီးလီဒုန္း၊


[[Zawgyi/Unicode]]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ေတြ ဒီေန႔ လည္း တိုက္ပြဲျဖစ္ခဲ့ပါ တယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေနာက္ ဘက္ျခမ္းက ဆီးလီဒုံးေက်း႐ြာမွာ ဒီေန႔မနက္က တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းသြားတဲ့ လမ္းေၾကာင္းတေလွ်ာက္ ႐ြာေတြဘက္မွာ ေန႔စဥ္လိုလို တိုက္ပြဲေတြ ျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

တိုက္ပြဲေတြ ေန႔စဥ္ရက္ဆက္ျဖစ္ေနတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ ဒီေန႔လည္း စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ ကာကြယ္ေရး ပူးေပါင္းတပ္ေတြၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ မေန႔က တိုက္ပြဲျဖစ္ခဲ့တဲ့ ေဒါေပၚကလဲေက်း႐ြာနဲ႔ မေဝးတဲ့ ဆီးလီဒုံးေက်း႐ြာတဝိုက္မွာ ဒီေန႔ မနက္အေစာပိုင္းက တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မေန႔ကေတာ့ ဒီေဒါေပၚကလဲေပါ့ေနာ္။ ဒီမနက္ကေတာ့ ဒီေဒါေပၚကလဲရဲ႕ ေတာင္ဘက္မွာ ဆီးလီဒုံးဆိုတဲ့ ႐ြာမွာ ထပ္ၿပီး ေတာ့ ေရာက္လာတယ္ေပါ့ေနာ္။ သူတို႔ စစ္ေၾကာင္းတိုးလာတာမ်ိဳး ရွိတယ္ဗ်။ ဒီမနက္အေစာႀကီးေပါ့ေနာ္-အာ႐ုံဦးအခ်ိန္ကေန စၿပီးေတာ့ မနက္ ၁၁ နာရီေက်ာ္ေက်ာ္ေလာက္ထိကို သူတို႔ တိုက္ပြဲျပင္းထန္ တယ္ဗ်။ ေန႔စဥ္ေန႔တိုင္း တိုးလို႔ရသေလာက္ စစ္ေၾကာင္းက သူတို႔က ထပ္ၿပီးေရွ႕တက္တာေပါ့ေနာ္။ ေရွ႕တိုးတဲ့အခါက်ေတာ့ ထိေတြ႔တိုက္ပြဲက အဲ့လိုမ်ိဳး ခဏခဏ ျဖစ္ေပၚေနတယ္ဗ်။ အဲ့ဒီမေန႔ည ညေနနဲ႔ဒီမနက္ တိုက္ ပြဲက အရမ္းကို ျပင္းထန္တယ္ေပါ့ေနာ္။ တျခားရက္ေတြထက္စာရင္ သူတို႔က လက္နက္ႀကီးေတြ ပိုၿပီးေတာ့ သုံးတာမ်ိဳးရွိတယ္။ စကစဘက္က လက္နက္ႀကီးအရမ္းသုံးတယ္ဗ်။”

ဆီးလီဒုံးေက်း႐ြာဟာ ဒီးေမာ့ဆိုၿမိဳ႕နယ္ရဲ႕ အေနာက္ဘက္မွာ တည္ရွိပါတယ္။ စစ္တပ္အေျခစိုက္ထားတဲ့ တပ္စခန္းကေနလည္း တိုက္ပြဲျဖစ္တဲ့ဘက္ လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ပစ္ခတ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လူေနအိမ္ေတြ၊ စစ္ေျပး ဒုကၡသည္ေတြ ယာယီပုန္းခိုေနတဲ့ ေနရာေတြဘက္လည္း လက္နက္ ႀကီးက်ည္ေတြ က်ခဲ့ပါတယ္။ စစ္တပ္ဘက္က စစ္ေၾကာင္း ၃ ေၾကာင္းနဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွာ ထိုးစစ္ဆင္ တိုက္ခိုက္ေနတယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ဒီမနက္ ၃ နာရီခြဲေက်ာ္တည္းက စတာေပါ့ေနာ္။ ကြက္က်ားကြက္က်ားစၿပီးေတာ့ ေနာက္ပိုင္းေတာ့ ေတာ္ေတာ္ ျပင္းထန္ လာတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေဒါငံခါအနားမွာလည္း ဒီလက္နက္ႀကီးနဲ႔ ထုတာေတာ့ရွိတယ္၊ ဒီမနက္ပိုင္းေပါ့ေနာ္။ စစ္ေကာင္စီက မိုးၿဗဲဘက္ကေန ခ်ီတက္လာတယ္ေပါ့ေနာ္။ ဒီ ၁၀ ရက္ေက်ာ္ေလာက္ရွိပါၿပီ။ အရင္ေတာ့ မိုးၿဗဲနားမွာ အျပင္းအထန္ျဖစ္ေနတယ္။ နန္မယ္ခုံနဲ႔ ဝါရီဆူးဖလိုင္နားမွာ ျပင္းထန္တယ္။ သူတို႔ျဖည္းျဖည္းခ်င္းေ႐ြ႕လာေတာ့ ေ႐ြ႕လာတယ္လို႔ မသိဘူး။ ၾကည့္ရတာေတာ့ ဒီးေမာ့ဆိုကို သူတို႔ျပန္ၿပီးေတာ့ ထိန္းသိမ္းႏိုင္ဖို႔ ႀကိဳးစားမယ့္သေဘာမွာ ရွိတယ္။ က်ေနာ့္အျမင္ကိုေျပာတာေပါ့ေနာ္။ သူတို႔ စစ္ေၾကာင္း သုံးေၾကာင္းနဲ႔ ဒီထဲ ဝင္လာတယ္ေပါ့ေနာ္။ စစ္ေၾကာင္းထိုးလာလို႔ အဲ့ဘက္က တိုက္ပြဲျဖစ္သြားတယ္။”

စစ္ေၾကာင္းေတြ သြားလာလႈပ္ရွားတဲ့ လမ္းေၾကာင္းတေလွ်ာက္မွာ တိုက္ပြဲေတြျဖစ္ေနတာပါ။ လတ္တေလာ ဒီးေမာ့ဆိုေဒသ တိုက္ပြဲနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြ အင္အားေကာင္းလာပုံရတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ စစ္ထပ္ဘက္က အျပင္းအထန္ ထိုးစစ္ဆင္ေနပုံရပါတယ္။

ရွမ္း-ကယားနယ္စပ္ မိုးၿဗဲၿမိဳ႕နယ္အတြင္း ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲ စတင္ျပင္းထန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ေလာက္ကတည္းက ဒီးေမာ့ဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းေတြမွာလည္း တိုက္ပြဲေတြ ဆက္တုိက္ ျဖစ္ေနတာပါ။ ဒီေန႔ မတ္လ ၃ ရက္ေန႔အထိ ျဖစ္ေနတဲ့ တိုက္ပြဲေတြအတြင္း စစ္တပ္ဘက္က ေလေၾကာင္းနဲ႔ တိုက္ခိုက္တာေတြလည္း ရွိခဲ့ပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ေဒသခံေတြ အိုးပစ္အိမ္စြန႔္ၿပီး ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရလို႔ အခက္အခဲအမ်ိဳးမ်ိဳးနဲ႔ ႀကဳံေတြ႕ေနၾကရပါတယ္။

ဒီးေမာ့ဆိုမွာ တိုက္ပြဲျပင္းထန္ဆဲ
please wait

No media source currently available

0:00 0:03:15 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်ဆဲ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဒီနေ့ လည်း တိုက်ပွဲဖြစ်ခဲ့ပါ တယ်။ ဒီးမော့ဆိုမြို့နယ် အနောက် ဘက်ခြမ်းက ဆီးလီဒုံးကျေးရွာမှာ ဒီနေ့မနက်က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းသွားတဲ့ လမ်းကြောင်းတလျှောက် ရွာတွေဘက်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီနေ့လည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေါပေါ်ကလဲကျေးရွာနဲ့ မဝေးတဲ့ ဆီးလီဒုံးကျေးရွာတဝိုက်မှာ ဒီနေ့ မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတော့ ဒီဒေါပေါ်ကလဲပေါ့နော်။ ဒီမနက်ကတော့ ဒီဒေါပေါ်ကလဲရဲ့ တောင်ဘက်မှာ ဆီးလီဒုံးဆိုတဲ့ ရွာမှာ ထပ်ပြီး တော့ ရောက်လာတယ်ပေါ့နော်။ သူတို့ စစ်ကြောင်းတိုးလာတာမျိုး ရှိတယ်ဗျ။ ဒီမနက်အစောကြီးပေါ့နော်-အာရုံဦးအချိန်ကနေ စပြီးတော့ မနက် ၁၁ နာရီကျော်ကျော်လောက်ထိကို သူတို့ တိုက်ပွဲပြင်းထန် တယ်ဗျ။ နေ့စဉ်နေ့တိုင်း တိုးလို့ရသလောက် စစ်ကြောင်းက သူတို့က ထပ်ပြီးရှေ့တက်တာပေါ့နော်။ ရှေ့တိုးတဲ့အခါကျတော့ ထိတွေ့တိုက်ပွဲက အဲ့လိုမျိုး ခဏခဏ ဖြစ်ပေါ်နေတယ်ဗျ။ အဲ့ဒီမနေ့ည ညနေနဲ့ဒီမနက် တိုက် ပွဲက အရမ်းကို ပြင်းထန်တယ်ပေါ့နော်။ တခြားရက်တွေထက်စာရင် သူတို့က လက်နက်ကြီးတွေ ပိုပြီးတော့ သုံးတာမျိုးရှိတယ်။ စကစဘက်က လက်နက်ကြီးအရမ်းသုံးတယ်ဗျ။”

ဆီးလီဒုံးကျေးရွာဟာ ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ စစ်တပ်အခြေစိုက်ထားတဲ့ တပ်စခန်းကနေလည်း တိုက်ပွဲဖြစ်တဲ့ဘက် လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူနေအိမ်တွေ၊ စစ်ပြေး ဒုက္ခသည်တွေ ယာယီပုန်းခိုနေတဲ့ နေရာတွေဘက်လည်း လက်နက် ကြီးကျည်တွေ ကျခဲ့ပါတယ်။ စစ်တပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ဒီးမော့ဆိုမြို့နယ်ဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီမနက် ၃ နာရီခွဲကျော်တည်းက စတာပေါ့နော်။ ကွက်ကျားကွက်ကျားစပြီးတော့ နောက်ပိုင်းတော့ တော်တော် ပြင်းထန် လာတယ်ပေါ့နော်။ နောက်ပြီးတော့ ဒေါငံခါအနားမှာလည်း ဒီလက်နက်ကြီးနဲ့ ထုတာတော့ရှိတယ်၊ ဒီမနက်ပိုင်းပေါ့နော်။ စစ်ကောင်စီက မိုးဗြဲဘက်ကနေ ချီတက်လာတယ်ပေါ့နော်။ ဒီ ၁၀ ရက်ကျော်လောက်ရှိပါပြီ။ အရင်တော့ မိုးဗြဲနားမှာ အပြင်းအထန်ဖြစ်နေတယ်။ နန်မယ်ခုံနဲ့ ဝါရီဆူးဖလိုင်နားမှာ ပြင်းထန်တယ်။ သူတို့ဖြည်းဖြည်းချင်းရွေ့လာတော့ ရွေ့လာတယ်လို့ မသိဘူး။ ကြည့်ရတာတော့ ဒီးမော့ဆိုကို သူတို့ပြန်ပြီးတော့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားမယ့်သဘောမှာ ရှိတယ်။ ကျနော့်အမြင်ကိုပြောတာပေါ့နော်။ သူတို့ စစ်ကြောင်း သုံးကြောင်းနဲ့ ဒီထဲ ဝင်လာတယ်ပေါ့နော်။ စစ်ကြောင်းထိုးလာလို့ အဲ့ဘက်က တိုက်ပွဲဖြစ်သွားတယ်။”

စစ်ကြောင်းတွေ သွားလာလှုပ်ရှားတဲ့ လမ်းကြောင်းတလျှောက်မှာ တိုက်ပွဲတွေဖြစ်နေတာပါ။ လတ်တလော ဒီးမော့ဆိုဒေသ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အင်အားကောင်းလာပုံရတဲ့ ဒီးမော့ဆိုမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်ထပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပုံရပါတယ်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ စတင်ပြင်းထန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့လောက်ကတည်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာပါ။ ဒီနေ့ မတ်လ ၃ ရက်နေ့အထိ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ အိုးပစ်အိမ်စွန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရလို့ အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့နေကြရပါတယ်။

================

XS
SM
MD
LG