သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုျမေအးကို ေထာင္ႏွစ္ႏွစ္ခ် 


၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးျမေအး (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]


စစ္တပ္အာဏာသိမ္းတဲ့ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္သူကိုျမေအးကို အင္းစိန္ေထာင္တြင္းတရား႐ုံးကေန ဒီေန႔ မတ္လ ၁၀ ရက္မွာ ေထာင္ဒဏ္ ႏွစ္ႏွစ္ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။ ကိုျမေအးဟာ ပုဒ္မ ၅၀၅-ဂ အမႈကို အင္းစိန္ေထာင္တြင္းကေန ၿပီးခဲ့တဲ့ႏွစ္ မတ္လကတည္းက တရားရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်မွတ္ခံရၿပီး ခ်ဳပ္ရက္ ခံစားခြင့္ရွိမယ္လို႔ သိရပါတယ္။ ခ်ဳပ္ရက္ ႏုတ္မယ္ဆိုရင္ေတာင္ ေနာက္ထပ္ တႏွစ္ေက်ာ္ေလာက္ က်ခံရဦးမွာျဖစ္ပါတယ္။ အခုလို ခ်မွတ္လိုက္ေပမယ့္ ကိုျမေအးဘက္ကေတာ့ ဒီပုဒ္မနဲ႔ပတ္သက္လို႔ က်ဴးလြန္ခဲ့တာမရွိတာမို႔ ခုလိုျပစ္ဒဏ္ခ်မွတ္တဲ့အေပၚ အယူခံဝင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

စစ္ေကာင္စီက ဖမ္းဆီးထားတာ ၁ ႏွစ္ေက်ာ္ရွိၿပီျဖစ္တဲ့ ကိုျမေအးမွာ ႏွလုံးေရာဂါအျပင္ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါအခံေၾကာင့္ ေထာင္အတြင္းမွာ ေျခေထာက္ထဲပိုးဝင္ခဲ့လို႔ ခြဲစိတ္ကုသမႈခံထားရပါတယ္။ အခုခ်ိန္ထိ ေျခေထာက္ေယာင္ေနတဲ့အတြက္ အသြားအလာ အထိုင္အထ ခက္ခဲေနတယ္လို႔ သူ႔ေရွ႕ေနကေျပာပါတယ္။

လတ္တေလာမွာလည္း ပိုးဝင္တဲ့ေျခေထာက္က ျပန္ေယာင္ေနၿပီး ေဆး႐ုံတက္ ေဆးကုသခြင့္ေပးဖို႔ ကိုျမေအးကိုယ္တိုင္ တင္ျပထားေပမယ့္ အက်ဥ္းေထာင္ဘက္က လ်စ္လ်ဴရႈထားတယ္လို႔ ခံစားေနရတဲ့အေၾကာင္း သူ႔နဲ႔နီးစပ္သူတဦးက ဗီြအိုေအကိုေျပာပါ တယ္။

ကိုျမေအးဟာ ကိုဗစ္-၁၉ ေရာဂါ တတိယလႈိင္းမျဖစ္ခင္ကလည္း ေထာင္တြင္းမွာ ေခ်ာ္လဲၿပီး သတိလစ္ေမ့ေျမာသြားခဲ့လို႔ ေဆး႐ုံတက္ ကုသမႈ ခံယူခဲ့ရပါေသးတယ္။ တ႐ုတ္ႏိုင္ငံသားျဖစ္သူ မင္းသိမ္းဆိုသူနဲ႔ ၂၀၁၄ ခုႏွစ္ ဦးသိန္းစိန္အစိုးရလက္ထက္ က အီးေမးလ္ (E-mail) ကတဆင့္ ဆက္သြယ္ေျပာဆိုခဲ့တာေတြနဲ႔ပတ္သက္လို႔ ကိုျမေအးဟာ လူမ်ိဳးတခုနဲ႔တခုၾကား ပဋိပကၡျဖစ္ေအာင္ လုပ္ေဆာင္ရာ ေရာက္တယ္လို႔ဆိုၿပီး မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ ဒုရဲမႉးေဇာ္မင္းဆုိသူက တရားလိုလုပ္ၿပီး ပုဒ္မ ၅၀၅ (ဂ) နဲ႔ တရားစြဲထားတာျဖစ္ပါတယ္။

ပုဒ္မ ၅၀၅-ဂ ဆိုတာက လူမ်ိဳးအခ်င္းခ်င္းျဖစ္ေစ လူမ်ိဳး တမ်ိဳးနဲ႔တမ်ိဳးျဖစ္ေစ တဘက္နဲ႔တဘက္ ျပစ္မႈက်ဴးလြန္ေအာင္ လႈံ႕ေဆာ္တယ္ဆိုတဲ့ အမႈျဖစ္ၿပီး ျပစ္မႈက်ဴးလြန္တယ္လို႔ ဆုံးျဖတ္ရင္ အျမင့္ဆုံးျပစ္ဒဏ္ ႏွစ္ႏွစ္ထိ ခ်မွတ္ႏိုင္တာျဖစ္ပါတယ္။

ကိုျမေအးကို ေထာင္ႏွစ္ႏွစ္ခ်
please wait

No media source currently available

0:00 0:01:54 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကိုမြအေးကို ထောင်နှစ်နှစ်ချ

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူကိုမြအေးကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီနေ့ မတ်လ ၁၀ ရက်မှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကိုမြအေးဟာ ပုဒ်မ ၅၀၅-ဂ အမှုကို အင်းစိန်ထောင်တွင်းကနေ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရပြီး ချုပ်ရက် ခံစားခွင့်ရှိမယ်လို့ သိရပါတယ်။ ချုပ်ရက် နုတ်မယ်ဆိုရင်တောင် နောက်ထပ် တနှစ်ကျော်လောက် ကျခံရဦးမှာဖြစ်ပါတယ်။ အခုလို ချမှတ်လိုက်ပေမယ့် ကိုမြအေးဘက်ကတော့ ဒီပုဒ်မနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့တာမရှိတာမို့ ခုလိုပြစ်ဒဏ်ချမှတ်တဲ့အပေါ် အယူခံဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကိုမြအေးမှာ နှလုံးရောဂါအပြင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံကြောင့် ထောင်အတွင်းမှာ ခြေထောက်ထဲပိုးဝင်ခဲ့လို့ ခွဲစိတ်ကုသမှုခံထားရပါတယ်။ အခုချိန်ထိ ခြေထောက်ယောင်နေတဲ့အတွက် အသွားအလာ အထိုင်အထ ခက်ခဲနေတယ်လို့ သူ့ရှေ့နေကပြောပါတယ်။

လတ်တလောမှာလည်း ပိုးဝင်တဲ့ခြေထောက်က ပြန်ယောင်နေပြီး ဆေးရုံတက် ဆေးကုသခွင့်ပေးဖို့ ကိုမြအေးကိုယ်တိုင် တင်ပြထားပေမယ့် အကျဉ်းထောင်ဘက်က လျစ်လျူရှုထားတယ်လို့ ခံစားနေရတဲ့အကြောင်း သူ့နဲ့နီးစပ်သူတဦးက ဗွီအိုအေကိုပြောပါ တယ်။

ကိုမြအေးဟာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမဖြစ်ခင်ကလည်း ထောင်တွင်းမှာ ချော်လဲပြီး သတိလစ်မေ့မြောသွားခဲ့လို့ ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါသေးတယ်။ တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်းဆိုသူနဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် က အီးမေးလ် (E-mail) ကတဆင့် ဆက်သွယ်ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ကိုမြအေးဟာ လူမျိုးတခုနဲ့တခုကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ရာ ရောက်တယ်လို့ဆိုပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှူးဇော်မင်းဆိုသူက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-ဂ ဆိုတာက လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနဲ့တမျိုးဖြစ်စေ တဘက်နဲ့တဘက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တယ်ဆိုတဲ့ အမှုဖြစ်ပြီး ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံးပြစ်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်တာဖြစ်ပါတယ်။
==============

XS
SM
MD
LG