သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္၊ စစ္ေကာင္စီတပ္ေတြ ေလေၾကာင္းကတုိက္ခိုက္


ရွမ္းျပည္နယ္ထဲက စစ္ေဘးတိမ္းေရွာင္ေနၾကရသူမ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ မိုးၿဗဲၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ ဒီေန႔လည္း ေလေၾကာင္းကေန တုိက္ခိုက္ခဲ့ပါတယ္။ မိုးၿဗဲၿမိဳ႕ေတာင္ဘက္ ဝါရီဆူးဖလိုင္႐ြာဘက္ကို စစ္ေလယာဥ္ေတြနဲ႔ လာေရာက္ပစ္ခတ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ၃ ရက္ဆက္တိုက္ ဒီေန႔ အေစာပိုင္းက တိုက္ပြဲျပင္းထန္ခဲ့ၿပီး ညေနပိုင္းက ေလေၾကာင္းနဲ႔ တုိက္ခိုက္ေနတာျဖစ္ပါတယ္။ အျပည့္အစံုရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ မိုးၿဗဲၿမိဳ႕အစြန္ဘက္နဲ႔ မိုးၿဗဲၿမိဳ႕နယ္ ဝါရီဆူးဖလိုင္ေက်း႐ြာတဝိုက္မွာ ေဖေဖာ္ဝါရီ ၁၈ ရက္ေသာၾကာေန႔ ေန႔လယ္ပိုင္းကတည္းက စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ ညေနပိုင္း ၅ နာရီေက်ာ္ေလာက္မွာေတာ့ စစ္တပ္က ေလယာဥ္ေတြပါသုံး ပစ္ခတ္ခဲ့ပါတယ္။ ဝါရီဆူးဖလိုင္႐ြာနားတဝိုက္ ေလေၾကာင္းကေန ပစ္ခတ္ေနပုံကို ေဒသခံက ခုလိုေျပာျပပါတယ္။

“အခု စစ္ေလယာဥ္ ဝဲၿပီး ခုနက ၃ ခ်က္ပစ္ေနၿပီ။ အခုက….(ဗံုးပစ္တဲ့အသံ...) ပစ္ေနၿပီေနာ္။ ပစ္ေနၿပီ...ပစ္ေနၿပီ...။ ေလယာဥ္နဲ႔ပစ္ေနၿပီ။ အခုလက္ရွိ စစ္ေလယာဥ္နဲ႔ပစ္ေနပါတယ္ခင္ဗ်။ ၂ စင္းပါခင္ဗ်။ အဲ့ဒီဝါရီဆူးဖလိုင္းဘက္မွာ ခင္ဗ်၊ ဝါရီဆူးဖလိုင္ရြာမွာပစ္ေနတယ္။”

အဲဒီဘက္မွာ ညေန ၅ နာရီေက်ာ္တဲ့အထိ တိုက္ပြဲေတြျဖစ္ေနတာကိုလည္း ေနာက္ထပ္ေဒသခံက ခုလို ေျပာျပပါတယ္။

“အခုလည္း (တိုက္ပြဲ)ရွိေနတယ္ခင္ဗ်။ အခုကလုပ္ေနတုန္းပဲ ခင္ဗ်။ ပစ္ခတ္ေနတုန္းပါ။ လက္ရွိ မိုးၿဗဲ ဝါရီဆူးဖလိုင္းနားက ဝါရီဆူးဖလိုင္႐ြာရယ္၊ ဝီသဲကူတို႔႐ြာ၊ အဲ့မွာ ပစ္ခတ္မႈျဖစ္ေနတယ္။ ဟို ၂ နာရီကတည္းက စျဖစ္ပါတယ္။ အခုက မၿပီးေသးဘူးခင္ဗ်။ အခုက ျဖစ္ေနတုန္းပဲ။ မၿပီးဆုံးေသးဘူးခင္ဗ်။ ၿမိဳ႕ေပၚဘက္မွာေတာ့ (တိုက္ပြဲ) မရွိေသးပါဘူး။ ဒါေပမယ့္ သူက မိုးၿဗဲၿမိဳ႕ရဲ႕ အစြန္ဘက္မွာ ေတာင္ဘက္ေပါ့ေနာ္။ အဲ့မွာျဖစ္ေနတယ္ခင္ဗ်။ တိုက္ပြဲျဖစ္ေနပါတယ္။”

ၾကာသပေတးေန႔ကလည္း မိုးၿမဲၿမိဳ႕မွာ ၂ ဘက္တိုက္ပြဲေတြျဖစ္ခဲ့ၿပီး ညပိုင္းေရာက္ခ်ိန္မွာေတာ့ စစ္တပ္က တိုက္ေလယာဥ္ေတြသုံး ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။ မိုးၿဗဲၿမိဳ႕ထဲမွာ ဒီေန႔ တိုက္ပြဲေတြမရွိေပမယ့္ စစ္တပ္ဘက္က တေန႔လုံး လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ ပစ္ခတ္ေနတယ္လို႔ ေနာက္ထပ္ ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“သူ႔ဟာသူ ထု။ တမနက္လုံး လက္နက္ႀကီးက်တာပဲ၊ ဒုန္း…ဒုန္း…ဒုန္းနဲ႔ စစ္ေကာင္စီဘက္ပဲ ထုမယ္ထင္တယ္။ တိုက္ပြဲေတာ့ မျဖစ္ေလာက္ဘူး။ ဒါေပမယ့္ လက္နက္ႀကီးသံေတာ့ ဆက္တိုက္ၾကားတယ္။”

ဒီေန႔ တိုက္ပြဲေတြ ဆက္ျဖစ္ေနတဲ့ ဝါရီဆူးဖလိုင္႐ြာနားတဝိုက္မွာေတာည စစ္ေကာင္စီတပ္ေတြ တပ္စြဲေနရာယူထားလို႔ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္ေရွာင္ေနၾကရပါတယ္။ ဝါရီဆူးဖလိုင္ေက်း႐ြာမွာေတာ့ မေန႔ကေန ဒီေန႔အထိ ေနအိမ္ ၅၀ ေက်ာ္ ေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။

“က်ေနာ္တို႔ မိုၿဗဲက ေက်း႐ြာအုပ္စုထဲမွာပဲ ဝါရီဆူးဖလိုင္႐ြာက အားလုံး အိမ္ေျခက ၅၀ ေက်ာ္ေက်ာ္ေတာ့ ေလာင္သြားတာေပ့ါဗ်ာ။ မေန႔က ေလာင္ထားတာက နည္းနည္းပါပဲ။ ၂၀၊ ၃၀ ပဲေပါ့ေနာ္။ အားလုံး ၃၀ ေက်ာ္ေက်ာ္ေလာက္ ထပ္ေလာင္သြားေလ ဒီရက္က။”

စစ္ေကာင္စီရဲ႕ လက္နက္ႀကီးေတြေၾကာင့္ ကေလးသူငယ္တဦးအပါအဝင္ အရပ္သားျပည္သူ ၇ ဦး လက္နက္ႀကီးထိမွန္ ဒဏ္ရာရရွိခဲ့သူေတြရွိတယ္လို႔ မိုးၿဗဲပရဟိတလူမႈကူညီေရးအသင္းက ေျပာပါတယ္။

“မေန႔ကေန အခုခ်ိန္ထိေတာ့ ၇ ေယာက္ေလာက္ရွိမယ္ရွင္။ အဲ့ဒါ အရပ္သားျပည္သူေတြေပါ့ေနာ္။ ၇ ေယာက္ေလာက္ရွိမယ္ရွင္ ဟုတ္။ ကေလးကေတာ့ တေယာက္ပါမယ္။ ေကာင္မေလး ၄ ေယာက္ပါမယ္။ က်န္တာေတာ့ ေယာက္က်ားေလးပဲေပါ့။ တခ်ိဳ႕က်ေတာ့ ဘုန္းႀကီးေက်ာင္းမွာေပါ့ေနာ္။ သူတို႔ေနေနတယ္။ ေနာက္မွ လက္နက္ႀကီးက က်သြားတာ။ ေတာ္ေတာ္ေလးေတာ့ ထိသြားတယ္။ ဘုန္းႀကီးေက်ာင္းထိေတာင္ လက္နက္ႀကီးက က်တာဆိုေတာ့ေလ။ လုံၿခဳံေရးအပိုင္းေတာ့ နည္းနည္းႀကီးေတာ့ မလုံၿခဳံေတာ့ဘူးထင္တာေပါ့ေနာ္။ ကိုယ့္အိမ္မွာပဲေနေန ဘယ္လိုပဲ ေနေနေပါ့ေနာ္။ ျဖစ္ႏိုင္ရင္ေတာ့ ျမန္ျမန္ေလး စြန႔္ခြာသြားႏိုင္ရင္ေတာ့ ပိုေကာင္းလိမ္မယ္ေပါ့ေနာ္။”

ေဖေဖာ္ဝါရီ ၁၇ ရက္ၾကာသပေတးေန႔က ေဒသခံေတြဟာ ဘုန္းႀကီးေက်ာင္းနဲ႔ ေနအိမ္ေတြထဲ ခိုလႈံေနခ်ိန္မွာ လက္နက္ႀကီးေတြ ေရာက္က်လာလို႔ အခုလို ဒဏ္ရာေတြ ရၾကရတာပါ။ ဒါေၾကာင့္ မိုးၿဗဲၿမိဳ႕မွာ ေနထိုင္လို႔ မလုံၿခဳံေတာ့တာမို႔ ၿမိဳ႕ထဲမွာ က်န္ေနတဲ့ ေဒသခံေတြ ေဘးလြတ္ရာကို အျမန္တိမ္းေရွာင္ၾကဖို႔ ပရဟိသမားေတြက အႀကံေပးေနၾကပါတယ။္

ေဖေဖာ္ဝါရ ၁၇ ရက္ မေန႔က ျပည္သူ႔ကာကြယ္ေရးပူေပါင္းတပ္ဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား မိုးၿဗဲၿမိဳ႕ထဲက ဟိုက္ကြီဆည္နဲ႔ ဝါရီဆူးဖလိုင္ေက်း႐ြာနားမွာ ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြအတြင္း ေဒသခံျပည္သူ႔ ကာကြယ္ေရးအဖြဲ႔ဝင္ ၇ ေယာက္အျပင္ ကယ္ဆယ္ေရးဆရာဝန္တေယာက္လည္း ေသဆုံးခဲ့တယ္လို႔ မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္က ထုတ္ျပန္ပါတယ္။

အခုလို မိုးၿဗဲၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေဘးဒုကၡသည္ေတြအတြက္ ေနထိုင္ေရးအျပင္ စားေသာက္ေရးအတြက္ အေရးေပၚ အကူအညီလိုအပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တွေ လေကြောင်းကတိုက်ခိုက်

ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဒီနေ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မိုးဗြဲမြို့တောင်ဘက် ဝါရီဆူးဖလိုင်ရွာဘက်ကို စစ်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၃ ရက်ဆက်တိုက် ဒီနေ့ အစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းက လေကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ အပြည့်အစုံရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မိုးဗြဲမြို့အစွန်ဘက်နဲ့ မိုးဗြဲမြို့နယ် ဝါရီဆူးဖလိုင်ကျေးရွာတဝိုက်မှာ ဖေဖော်ဝါရီ ၁၈ ရက်သောကြာနေ့ နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ညနေပိုင်း ၅ နာရီကျော်လောက်မှာတော့ စစ်တပ်က လေယာဉ်တွေပါသုံး ပစ်ခတ်ခဲ့ပါတယ်။ ဝါရီဆူးဖလိုင်ရွာနားတဝိုက် လေကြောင်းကနေ ပစ်ခတ်နေပုံကို ဒေသခံက ခုလိုပြောပြပါတယ်။

“အခု စစ်လေယာဉ် ဝဲပြီး ခုနက ၃ ချက်ပစ်နေပြီ။ အခုက….(ဗုံးပစ်တဲ့အသံ...) ပစ်နေပြီနော်။ ပစ်နေပြီ...ပစ်နေပြီ...။ လေယာဉ်နဲ့ပစ်နေပြီ။ အခုလက်ရှိ စစ်လေယာဉ်နဲ့ပစ်နေပါတယ်ခင်ဗျ။ ၂ စင်းပါခင်ဗျ။ အဲ့ဒီဝါရီဆူးဖလိုင်းဘက်မှာ ခင်ဗျ၊ ဝါရီဆူးဖလိုင်ရွာမှာပစ်နေတယ်။”

အဲဒီဘက်မှာ ညနေ ၅ နာရီကျော်တဲ့အထိ တိုက်ပွဲတွေဖြစ်နေတာကိုလည်း နောက်ထပ်ဒေသခံက ခုလို ပြောပြပါတယ်။

“အခုလည်း (တိုက်ပွဲ)ရှိနေတယ်ခင်ဗျ။ အခုကလုပ်နေတုန်းပဲ ခင်ဗျ။ ပစ်ခတ်နေတုန်းပါ။ လက်ရှိ မိုးဗြဲ ဝါရီဆူးဖလိုင်းနားက ဝါရီဆူးဖလိုင်ရွာရယ်၊ ဝီသဲကူတို့ရွာ၊ အဲ့မှာ ပစ်ခတ်မှုဖြစ်နေတယ်။ ဟို ၂ နာရီကတည်းက စဖြစ်ပါတယ်။ အခုက မပြီးသေးဘူးခင်ဗျ။ အခုက ဖြစ်နေတုန်းပဲ။ မပြီးဆုံးသေးဘူးခင်ဗျ။ မြို့ပေါ်ဘက်မှာတော့ (တိုက်ပွဲ) မရှိသေးပါဘူး။ ဒါပေမယ့် သူက မိုးဗြဲမြို့ရဲ့ အစွန်ဘက်မှာ တောင်ဘက်ပေါ့နော်။ အဲ့မှာဖြစ်နေတယ်ခင်ဗျ။ တိုက်ပွဲဖြစ်နေပါတယ်။”

ကြာသပတေးနေ့ကလည်း မိုးမြဲမြို့မှာ ၂ ဘက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး ညပိုင်းရောက်ချိန်မှာတော့ စစ်တပ်က တိုက်လေယာဉ်တွေသုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ မိုးဗြဲမြို့ထဲမှာ ဒီနေ့ တိုက်ပွဲတွေမရှိပေမယ့် စစ်တပ်ဘက်က တနေ့လုံး လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ နောက်ထပ် မြို့ခံတဦးက ပြောပါတယ်။

“သူ့ဟာသူ ထု။ တမနက်လုံး လက်နက်ကြီးကျတာပဲ၊ ဒုန်း…ဒုန်း…ဒုန်းနဲ့ စစ်ကောင်စီဘက်ပဲ ထုမယ်ထင်တယ်။ တိုက်ပွဲတော့ မဖြစ်လောက်ဘူး။ ဒါပေမယ့် လက်နက်ကြီးသံတော့ ဆက်တိုက်ကြားတယ်။”

ဒီနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဝါရီဆူးဖလိုင်ရွာနားတဝိုက်မှာတောည စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။ ဝါရီဆူးဖလိုင်ကျေးရွာမှာတော့ မနေ့ကနေ ဒီနေ့အထိ နေအိမ် ၅၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ကျနော်တို့ မိုဗြဲက ကျေးရွာအုပ်စုထဲမှာပဲ ဝါရီဆူးဖလိုင်ရွာက အားလုံး အိမ်ခြေက ၅၀ ကျော်ကျော်တော့ လောင်သွားတာပေ့ါဗျာ။ မနေ့က လောင်ထားတာက နည်းနည်းပါပဲ။ ၂၀၊ ၃၀ ပဲပေါ့နော်။ အားလုံး ၃၀ ကျော်ကျော်လောက် ထပ်လောင်သွားလေ ဒီရက်က။”

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် ကလေးသူငယ်တဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သူတွေရှိတယ်လို့ မိုးဗြဲပရဟိတလူမှုကူညီရေးအသင်းက ပြောပါတယ်။

“မနေ့ကနေ အခုချိန်ထိတော့ ၇ ယောက်လောက်ရှိမယ်ရှင်။ အဲ့ဒါ အရပ်သားပြည်သူတွေပေါ့နော်။ ၇ ယောက်လောက်ရှိမယ်ရှင် ဟုတ်။ ကလေးကတော့ တယောက်ပါမယ်။ ကောင်မလေး ၄ ယောက်ပါမယ်။ ကျန်တာတော့ ယောက်ကျားလေးပဲပေါ့။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာပေါ့နော်။ သူတို့နေနေတယ်။ နောက်မှ လက်နက်ကြီးက ကျသွားတာ။ တော်တော်လေးတော့ ထိသွားတယ်။ ဘုန်းကြီးကျောင်းထိတောင် လက်နက်ကြီးက ကျတာဆိုတော့လေ။ လုံခြုံရေးအပိုင်းတော့ နည်းနည်းကြီးတော့ မလုံခြုံတော့ဘူးထင်တာပေါ့နော်။ ကိုယ့်အိမ်မှာပဲနေနေ ဘယ်လိုပဲ နေနေပေါ့နော်။ ဖြစ်နိုင်ရင်တော့ မြန်မြန်လေး စွန့်ခွာသွားနိုင်ရင်တော့ ပိုကောင်းလိမ်မယ်ပေါ့နော်။”

ဖေဖော်ဝါရီ ၁၇ ရက်ကြာသပတေးနေ့က ဒေသခံတွေဟာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေထဲ ခိုလှုံနေချိန်မှာ လက်နက်ကြီးတွေ ရောက်ကျလာလို့ အခုလို ဒဏ်ရာတွေ ရကြရတာပါ။ ဒါကြောင့် မိုးဗြဲမြို့မှာ နေထိုင်လို့ မလုံခြုံတော့တာမို့ မြို့ထဲမှာ ကျန်နေတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို အမြန်တိမ်းရှောင်ကြဖို့ ပရဟိသမားတွေက အကြံပေးနေကြပါတယ။်

ဖေဖော်ဝါရ ၁၇ ရက် မနေ့က ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား မိုးဗြဲမြို့ထဲက ဟိုက်ကွီဆည်နဲ့ ဝါရီဆူးဖလိုင်ကျေးရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် ၇ ယောက်အပြင် ကယ်ဆယ်ရေးဆရာဝန်တယောက်လည်း သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

အခုလို မိုးဗြဲမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် နေထိုင်ရေးအပြင် စားသောက်ရေးအတွက် အရေးပေါ် အကူအညီလိုအပ်နေပါတယ်။
==========

XS
SM
MD
LG