အာဖရိက ဆင်စွယ်မှောင်ခို

Your browser doesn’t support HTML5

ဗဟိုအာဖရိက သမ္မတနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရးမငြိမ်သက်မှုတွေ နှစ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးတဲ့နောက် အမျိုးသားဥယာဉ်ခြံ တစ်ခုပဲ ဖွင့်နိုင်ပါသေးတယ်။ အဲဒီ နေရာဟာ ရွှေနဲ့ စိန် အများအပြားထွက်သလို ဆင်စွယ်မှောင်ခိုလုပ်ငန်းလည်း ရှိတဲ့နေရာတစ်ခုပါ။ ကမ္ဘာပေါ်မှာ တောဆင်ရိုင်းတွေအတွက် ဘေးမဲ့တော သတ်မှတ်ထားတဲ့ လက်ကျန်သစ်တောတွေထဲက တစ်ခုဖြစ်တဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံထဲက သစ်တောကြိုးဝိုင်းရှိရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဗွီအိုအေသတင်းထောက် Tatiaa Mossot ရဲ့သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပါမယ်။