၂၀၂၄ ခုနှစ်ထဲ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေချိန်မှာ AI လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာအသုံးပြု သတင်းမှားဖြန့်ဝေတာတွေနဲ့ သတင်းလုပ်ငန်း ဘေးကင်းလုံခြုံရေးကိစ္စတွေက အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုလာနေကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ AA ရက္ခိုင့်တပ်တော်ကြားက တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းအထိ ကျယ်ပျံ့လာနေသလို မြို့တွေနဲ့ အနီးအနားတွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာတာကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံလာတာကြောင့် နယ်စပ်လုံခြုံရေးနဲ့ မြန်မာစစ်ကောင်စီအပေါ်ထားတဲ့ အိန္ဒိယရဲ့ သဘောထားတွေဟာ ပြောင်းလဲကောင်း၊ ပြောင်းလဲသွားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စီးပွားရေးတောင့်တင်းခိုင်မာမှုဆိုတဲ့ အကြောင်းအရာက မကြာခဏဆိုသလို အမေရိကန်ရဲ့ အထွေထွေရွေးကောက်ပွဲတွေနဲ့ နောက်တက်မယ့် သမ္မတတွေအပေါ်မှာ ကြီးမားတဲ့ အခန်းကဏ္ဍက နေရာယူလေ့ရှိပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့လာတဲ့ သတင်းကို ကိုစံကျော် ပြောပြပါမယ်။
စစ်ကောင်စီနဲ့ AA အကြားတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ အခုလို ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေအခက်ကြုံနေရပြီး အကူအညီပေးရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။
မွန်ပြည်သစ်ပါတီမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဋ္ဌကြီး နိုင်ထောမွန် ကွယ်လွန်သွားတာဟာ မွန်ပြည်သစ်ပါတီအတွက်သာမက မွန်အမျိုးသားရေးအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာနေတဲ့ ဆီးရီးယားက ရွှေ့ပြောင်းအခြေချလာတဲ့ ညီအစ်ကို၂ ဦး ၂၀၂၄ ခုနှစ်မှာ ဒေါ်လာတသန်းရရှိကြမှာပါ ။ ဒါကလည်း ဒုတိယဆုကြေးအများဆုံးဖြစ်တဲ့ ပါဝါဘော ဂျက်ပေါ့ထီကို ရောင်းချပေးတဲ့အတွက် ပြည်နယ်ထီရုံးက ဆုချတဲ့ ဆုကြေးငွေဖြစ်ပါတယ်။ Genia Dulot ရဲ့သတင်းကို ကိုစံကျော်ပြောပြပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖတ်ကာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA က ရက် ၂၀ နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့မှာတော့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစင်းကို ပစ်ချလိုက်ကြောင်း KIA က ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ စစ်ကောင်စီတ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ကြောင်း AAရက္ခိုင့်တပ်တော်က ကြေညာလိုက်ပါတယ်။ ချင်းပြည်နယ် ပလက်ဝဒေသကိုလည်း ထိန်းချုပ်ထားကြောင်း ပြောဆိုထားတာပါ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနရဲ့ အမိန့်ကြော်ငြာအတိုင်း ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန် စတဲ့ ဥရောပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ယူသွားမယ်လို့ လန်ဒန်မြို့ မြန်မာသံရုံးက ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ထိုင်ဝမ်မှာရှိတဲ့ သုတေသနပညာရှင်တွေကတော့ သွေးလွန်တုပ်ကွေးရောဂါပိုးပါတဲ့ ခြင်တွေကို အထူးစက်ရုပ်တွေအသုံးပြုပြီး နှိမ်နှင်းနေပါတယ်။ ဒီအကြောင်း ထိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့ကနေ Shelley Schlender သတင်းပေးပို့ထားတာကို ကိုစံကျော်က တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေကျေမှုတွေ၊ ဖမ်းဆီးခံရမှုတွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလဆန်းမှာပဲ ရခိုင်ပြည်နယ်က ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရတာတွေ ရှိတယ်လို့လည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကြောင့် ကြေမွပျက်စီးနေတဲ့ ဆီးရီးယားက အရှေ့မြောက်ဒေသဘက်မှာ လိုအပ်နေတဲ့ ဆေးဝါးကုသရေးလုပ်ငန်းတွေကို ရွှေ့ပြောင်းဆေးခန်းသစ်တစ်ခုက လုပ်ဆောင်ပေးနေသလို အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး အသိပညာပေးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်လို့နေပါတယ်။ ဆီးရီးယားက ပေးပို့လာတဲ့သတင်းကို ကိုစံကျော်ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ AA ရက္ခိုင့်တပ်တော်က စခန်းတချို့ကို သိမ်းပိုက်နိုင်ကြောင်း ကြေညာပါတယ်။ စစ်ရေးတင်းမာမှုတွေကြား အရပ်သား သေကျေထိခိုက်မှုတွေလည်း ရှိနေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ကွတ်ခိုင်မြို့မှာတော့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိသလို နမ့်ဖတ်ကာမှာလည်း အလားတူဖြစ်နေပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နောက်ထပ် နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ခရစ်ယာန် သီလရှင်လို ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစု ဆေးခြောက်အကျိုး မြှင့်တင်ရေး လုပ်ဆောင်၊ အမေရိကန်အဝေးပြေးလမ်း ကားမှောက်ပြီး ၆ ရက် ကားထဲမှာ ပိတ်မိနေသူကို ကယ်တင်နိုင်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုစံကျော်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးနဲ့ ပေါက်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲပြင်းထန်နေတာမှာ ၅ရက်အတွင်း အရပ်သား ၁၈ဦးထက်မနည်းသေဆုံးပြီး ၂ဝကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူမြို့ကို တအာင်းတပ် TNLA က ဒီကနေ့ သိမ်းယူလိုက်ပြီလို့ TNLA ပြောရေးဆိုခွင့် ရှိသူက ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ အတည်ပြုပါတယ်။ မနက် ၁ နာရီကျော်မှာ နမ္မတူအခြေစိုက် ခမရ ၃၂၄ကို သိမ်းယူပြီး တမြို့လုံးကို ထိန်းချုပ်လိုက်နိုင်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်က မြို့တချို့မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေဆဲဖြစ်ပါတယ်။ မနေ့က ဆိုရင်လည်း မြောက်ဦးမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ဘေးဒုက္ခသည် ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်