တောင်အမေရိကတိုက်မှာ နှစ်ပေါင်း ၈ ထောင်ကျော် သက်တမ်းရှိတဲ့ အုတ်ဂူနံရံပန်းချီတွေကို အာဂျင်တီးနားနိုင်ငံ Patagonia(ပါတာ ဂိုး ညာ)ဒေသမှာ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ iPhone ရောင်းအားကျပြီး Huawei မိုဘိုင်းဖုန်းတွေ ရောင်းအား ပိုတက်နေတဲ့အကြောင်းနဲ့ လာအိုနိုင်ငံမှာတော့ ယူနက်စကို အသိအမှတ်ပြု သမိုင်းဝင်ရှေ့ဟောင်းမြို့တမြို့ကို အရင်ကထက်စာရင် ကမ္ဘာလှည့်ခရီးသွားတွေ ပိုပြီး လာရောက် လည်ပတ်နေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မွန်နဲ့ ပအိုဝ်း တပ်ဖွဲ့သစ်များ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် ပအိုဝ်းနဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်းဟောင်းတွေဟာ စစ်တပ်နဲ့ လိုက်လျောညီထွေ ဆက်ဆံနေတဲ့အတွက် စစ်တပ်ဆန့်ကျင်ရေး အင်အားစုသစ်တွေ ပအိုဝ်းနဲ့ မွန်ဒေသမှာ ပေါ်ထွက်လာပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနွယ်ဖွားကန်နိုင်ငံသားတွေရဲ့Super Tuesday မဲပေးမှု - အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေကို မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကပါ မဲပေးခဲ့ကြပါတယ်။ သူတို့အတွေ့အကြုံနဲ့ ရွေးချယ်မှုကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်မှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွါးရေး၊ ယူကရိန်းစစ်ရေးနဲ့ ထိုင်ဝမ်၊ အစ္စရေး ပဋိပက္ခတွေမှာ ငွေကြေးကူညီမှုတွေကြောင့် ဖြစ်လာတဲ့ ငွေဖောင်းပွမှု၊ သန္ဓေသားဖျက်ချခွင့်ပေးမပေး၊ ရာသီဥတုဖောက်ပြန်မှုထိန်းချုပ်ရေး-စတဲ့ကိစ္စတွေကို ဘယ်သမ္မတလောင်းက ပိုကိုင်တွယ်နိုင်မလဲဆိုတာ မဲပေးသူတွေ ထည့်သွင်းစဉ်းစားကြပါတယ်။
စင်ကာပူ နိုင်ငံက အင်ဂျင်နီယာတွေဟာ ပင်လယ်ကမ်းလွန် ရေနံတူးဖေါ်ရေး လုပ်ငန်းတွေကနေ သိပ္ပံနည်းကျ ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်လာတဲ့အကြောင်းနဲ့ နိုင်ငံခြားကြွေးမြီ နွံထဲက ရုန်းထွက်လိုတဲ့ သီရိလင်္ကာနိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ကုန်သွယ်ရေး အစီအစဥ်ကိုစတင်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကရင်နီ စစ်မျက်နှာသစ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် ကရင်နီပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ အားလုံး ပူးပေါင်းဆောင်ရွက် နိုင်တာကြောင့် ကြားကာလအစိုးရ ဖွဲ့စည်းနိုင်တဲ့အခြေအနေ ရောက်ရှိလာပြီး စစ်ဆင်ရေး တိုးမြှင့်နိုင်ပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
“ဘန်းယဉ်ရဲ့အရှေ့ဘက် နားခိုက်ကျေးရွာမှာ လေယာဉ်နဲ့ ၈ ကြိမ်လာကြဲသွားတယ်။ အိမ် ၄ လုံး ပျက်စီးသွားတယ်။ အမျိုးသား ၅၀ ကျော်တယောက် ဆုံးသွားတာပေါ့လေ။ နောက်တော့ ပင်လျမ်းလား။ ဟိုပုံးမြို့နယ်ထဲမှာက တိုက်ပွဲလည်း မရှိဘဲနဲ့ ဘုန်းကြီးကျောင်းကို သူတို့ ချပစ်လိုက်တော့ ဘုန်းကြီးကျောင်းမှာ မီးလောင်တယ်။" (ဆီဆိုင်ဒေသခံ)
မီရှီဂန်ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာတော့ ဒီမိုကရက်ပါတီအတွက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ဦးဆောင်အနိုင်ရပြီး၊ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အနိုင်ရနေပေမယ့် ၊ ရာခိုင်နှုန်းအားဖြင့် ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ထက် အသာရနေပါတယ်။
ကမ္ဘောဒီးယား အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ အထက်လွှတ်တော်ဥက္ကဌ ဖြစ်လာဖို့ ရှိနေပါတယ်။ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး ရှေ့မျက်နှာစာကို ဟွန်ဆန် ပြန်ရောက်လာမှာပါလား။ AFP သတင်းပေါ်အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းလုပ်ခဲ့သူ လက်ရှိ CPP ပါတီဥက္ကဌ ဟွန်ဆန်ဟာ အထက်လွှတ်တော် ဥက္ကဌ ဖြစ်လာဖို့ ရှိနေပါတယ်။ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး ရှေ့မျက်နှာစာကို ဟွန်ဆန် ပြန်ရောက်လာမှာပါလား။
တရုတ်ပြည်တွင်းမှာ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ လေယာဥ်အမျိုးစားသစ်ကို စင်္ကာပူက နိုင်ငံတကာလေယာဥ်ပြပွဲမှာ စတင်မိတ်ဆက်ပြသလိုက်တဲ့အကြောင်းနဲ့ စီးပွားရေးကျဆင်းမှု ကြုံလာနေတဲ့ ဂျပန်နိုင်ငံမှာတော့ ပြည်သူတွေ အသုံးစားရိတ် ချွေတာနေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အညာဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အများဆုံးရှိပါတယ်။ အဖွဲ့လေးတွေကွဲပြားနေတာကြောင့် မကြာခန အချင်းချင်း ပဋိပက္ခဖြစ်တာလည်းရှိပါတယ်။ တော်လှန်ရေးအတွက် စုစည်းမှုအရေးပါပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တစ်ရန်ကို ဒေါ်လာ(၄၀၀) နီးပါးတန်ဖိုးရှိ၊ ရွှေရောင်ရှူးဖိနပ်တမျိုးကို Philadelphia မြို့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ စီးပွားရေးမှာ ဥပဒေအရ လှည့်ဖျားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နယူးယောက်တရားရုံ:ချုပ်က သူ့ကို ဒေါ်လာ(၃၅၅)သန်း ဒဏ်ငွေရိုက်ခဲ့ပြီးနောက် ဖိနပ်တွေကို ဈေးကွက်ထဲချပြလာတာပါ။
ကိုဗစ် ကပ်ဘေးလွန်ကာလ ၊ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်ခွင့်ကို မြောက်ကိုးရီယားက စတင် လက်ခံလိုက်ချိန်မှာ ရုရှားခရီးသွားတွေ ပထမအသုတ်အဖြစ် ဝင်လာကြတဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာတော့ တရုတ်နှစ်သစ်ကူးကာလ ဈေးဝယ်ရာမှာ အရင်ကထက် ငွေကြေး ပိုသုံးစွဲခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် အညာမြေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက နွေဦးတော်လှန်ရေး အခြေအနေကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
"တိုးမြစ်"တိုက် ပိုင်ရှင် ဦးဝင်းဇော်လတ်ဆီ အကြောင်းကြားစာထဲမှာတော့ သမိုင်းပညာရှင် ဒေါက်တာ အောင်ခင်ရေးတဲ့ ‘စိတ်ဓာတ်တော်လှန်ရေး’ စာအုပ်ကို ထုတ်ဝေလို့ တိုးမြစ်တိုက်ကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းရတာလို့ ဖော်ပြထားကြောင်း "တိုးမြစ်" စာအုပ်တိုက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖြေရှင်းထားတာပါ။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေ ပုဒ်မ(၈)ပါ အချက်တွေနဲ့ ငြိစွန်းလို့ဆိုပြီး ရန်ကုန်အခြေစိုက် "တိုးမြစ်" စာအုပ်တိုက်ထုတ်ဝေသူ ဦးဝင်းဇော်လတ်ရဲ့ ထုတ်ဝေခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီပိုင် သတင်းစာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။
ထိုင်းနဲ့တရုတ် နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့အတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးမယ့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးလိုက်ကြတဲ့အကြောင်းနဲ့ တောင်ကိုရီးယားရဲ့ Hyundai ကုမ္ပဏီက၂၀၂၃ နှစ်ကုန်ပိုင်း ၃ လပတ်မှာ အမြတ်အစွန်း ကြီးကြီးမားမား ရရှိခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်တပ်ပြိုကွဲမယ့် အလားအလာများ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် စစ်ကောင်စီတပ် ပြိုကွဲနိုင်မယ့် လမ်းစတွေ ပေါ်လာနေပြီလား ဆိုတာနဲ့ပတ်သက်လို့ ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်