ကမ္ဘာကျော် ကိုရီးယားကေပေါ့အမျိုးသမီးဂီတအဖွဲ့ BLACKPINK အဖွဲ့ဝင်တွေကို ဗြိတိန်ဘုရင် ချားလ်စ်က ဗြိတိသျှအင်ပါယာရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် MBE ဘွဲ့ ချီးမြှင့်၊ စပိန်မှာ အခွန်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အမှု ရှက်ကီယာရှင်း၊ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော်တင်ဆက်ထားပါတယ်။
တရုတ်ဟာ အနုမြူလက်နက် ပြိုင်ဆိုင်မှုမှာ မပါတာကြောင့် အနုမြူလက်နက်မပျံ့ပွားရေးနဲ့မဆိုင်ဘူးလို့ တရုတ်ဘက်က ပြောပေမယ့် တကယ်တမ်း အနုမြူထိပ်ဖူး ထုတ်လုပ်ဖို့ အစွမ်းကုန်လုပ်ဆောင်နေတယ်လို့ အမေရိကန်က ပြောပါတယ်။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဟာမတ်စ်တိုက်ခိုက်မှုကို အစ္စရေးက ကာကွယ်ပိုင်ခွင့်မရှိဘူးဆိုတာ နိုင်ငံတကာတရားရုံး ICJ က အတည်ပြုထားတယ်လို့ ရုရှားက ပြောပါတယ်။ တကယ်တမ်းတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ICJ က ပြောတာမဟုတ်ပါဘူး။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက တာဘီဘန်တွေဟာ ဂါဇာစစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ဗွီဒီယိုနဲ့ သတင်းအမှားပေးရုံမက သူတို့က ဟာမတ်စ်ဘက်က တိုက်ပေးမယ်ဆိုတာမျိုးပါ မဟုတ်တဲ့သတင်းစကားကို X လူမှုကွန်ယက်မှာ ဖြန့်ဝေပါတယ်။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ကမ္ဘာကျော် ပေါ့အဆိုတော် တေလာဆွိဖ် အခုနောက်ဆုံးထုတ်လိုက်တဲ့ တေးဓာတ်ပြားနဲ့ UK အကောင်းဆုံးတေးဓာတ်ပြားစာရင်း ထိပ်ဆုံးရောက်နေပါတယ်။ ကိုရီးယားကေပေါ့ G-Dragon ကို မူးယစ်ဆေးသုံးစွဲတယ်ဆိုပြီး ရဲက ခေါ်စစ်ခဲ့ပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ဟောလီးဝုဒ်အနုပညာရှင်သပိတ်မှောက်တဲ့ ကိစ္စမပြေလည်သေးပဲ “Mission: Impossible” ရုပ်ရှင်ကားသစ် ရုံတင်ဖို့ တနှစ်ရွှေ့၊ Friends ရုပ်သံဇာတ်လမ်းတွဲနဲ့ အထူးအောင်မြင်ခဲ့တဲ့ မင်းသား Matthew Perry ရုတ်တရက် ကွယ်လွန်၊ အနုပညာသတင်းတိုတွေကို သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း ဟာမတ်စ်ကို ထောက်ခဲသူတွေက အစ္စရေးဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေးတွေကို လူမှုကွန်ရက်စာမျက်နှာတွေသုံးပြီး ဝါဒဖြန့်နေကြပါတယ်။ အီရန်၊ ရုရှား၊ တရုတ်နိုင်ငံတွေမှာတော့ သတင်းမီဒီယာတွေမှာပါ စွပ်စွဲပြောဆိုမှုတွေ လုပ်ဆောင်တာပါ။
အအောင်မြင်ဆုံး အမျိုးသမီးကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲက ဂျန်နီ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တဦးတည်းသီဆိုတဲ့ သီချင်း ထွက်ထားတဲ့နဲ့ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာအသိုင်းအဝိုင်းက သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
၂၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသတွင်း နေရာ အတော်များများမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတာကြောင့် ဒေသခံ လူငယ်တွေအတွက် ပညာရေးထိခိုက်မှု ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယူကရိန်းမှာ ရုရှားကျူးကျော်စစ်အကြား ကိုယ်ဝန်နေ့စေ့လစေ့နဲ့ ခရစ္စတီးနား သူ့အမေရယ်၊ သားလေးရယ်နဲ့ ဘေးကင်းဖို့ကြိုးစားနေခဲ့တာပါ။ သူမီးဖွားချိန်မှာတော့ စစ်ထွက်နေတဲ့ခင်ပွန်း ပြန်ရောက်ပြီးမိသားစုအတူတူရှိနိုင်ဖို့ ဆုတောင်းနေခဲ့တာပါ။ VOA 52 Documentary “ယူကရိန်းမိခင်” မှတ်တမ်းရုပ်ရှင်မှာ တင်ဆက်ပေးထားပါတယ်။
ကမ္ဘာကျော် ကိုရီးယားကေပေါ့ BLACKPINK အဖွဲ့ဝင်အမျိုးသမီးလေးတချို့ နောက်တနှစ်အတွက် စာချုပ်ဆက်ချုပ်မချုပ် မသေချာလို့ သူတို့ကုမ္ပဏီ အစုရှယ်ယာဈေးတွေ ထိုးကျ၊ အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ်မှတ်တမ်းရုပ်ရှင် တကမ္ဘာလုံးမှာ ရုံတင်၊ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
နယ်သာလန် အနုပညာပြတိုက်ကနေကိုဗစ်ကာလမှာ ဖောက်ထွင်းခိုးယူခံရတဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီးဗန်ဂိုးရဲ့ ပန်းချီကားတကားကို ပြန်ရှာတွေ့ခဲ့ပါပြီ။အနုပညာနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ထောက်လှမ်းတဲ့စုံထောက်က ဒီပန်းချီကားကို ဆာလာအိတ်နဲ့ ပြန်ရခဲ့တာဖြစ်ပါတယ်။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော်တင်ပြထားပါတယ်။
ဒီပေါက်ကွဲမှုဟာ CS ဟိုတယ်အနီးမှာ ပေါက်ကွဲတာကြောင့် ဆက်ကြေး မပေးလို့ လက်နက်ကိုင် အဖွဲ့တွေက ဖောက်ခွဲတာ ဖြစ်နိုင်တယ်လို့ ယူဆပြောကြတာ ရှိသလို၊ လူအများသွားလာတဲ့ နေရာတွေမှာတော့ မလုပ်သင့်ကြောင်းလည်း ပြောဆိုကြပါတယ်။
ရုရှားနိုင်ငံကိုသွားရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း လက်စွဲတော် အထူးစီမံတည်ဆောက်ထားတဲ့ ရထား၊ မော်ရိုကိုက မင်္ဂလာပွဲကြိုညပါတီ တရွာလုံးအသက်ဘေးက လွတ်မြောက်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အော်စကာဆုရှင် မလေးရှားမင်းသမီး မီရှဲလ်ယိုးကို နိုင်ငံတကာအိုလံပစ်ကော်မတီ IOC မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်း၊ အမေရိကန်ဖက်ရှင်ဘွားအေကြီး Iris Apfel အိုင်းရစ် အက်ပ်ဖယ်လ် အသက် ၁၀၂ နှစ်ပြည့်၊ ထင်ပေါ်ကျော်ကြား အနုပညာအသိုင်းအဝိုင်းက သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ဆက်ပေးထားပါတယ်။
G20 စက်မှုထိပ်သီးနိုင်ငံ ၂၀ အဖွဲ့ဟာ စီးပွားရေးပူးပေါင်း ဆောင်ရွတ်မှုကို အဓိကထားတဲ့အစဉ်အလာကနေ နောက်ပိုင်း ဥတုရာသီပြောင်းလဲမှု၊ ကိုဗစ်ကပ်၊ ရုရှားကျူးကျော်စစ်ပွဲတွေပါ ဆွေးနွေးပါတယ်။ အိန္ဒိယ G20 ွေးနွေးပွဲကနေ ဘာတွေမျှော်လင့်နိုင်ပါလဲ။ VOA ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်
လက်ကိုင်အိတ်လို အလှကိုင်တယ်လီဖုံးတွေကိုတော့ ဂျာမနီလျှပ်စစ်ပစ္စည်းပြပွဲမှာ တွေ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ အလယ်တန်းကျောင်းသားလေးတွေ ဘောလုံးအကျော်အမော် မက်ဆီရဲ့ပုံတူကို ပုလင်းဖုံးတွေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့တဲ့ အာဆီယံအဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေ တနှစ် ၂ ခါ ပုံမှန်တွေ့ဆုံပြီး ဘက်ပေါင်းစုံပူးပေါင်း ကုန်သွယ်ရေးကအစ ဒေသတွင်း လူ့အခွင့်အရေး ကိစ္စရပ်တွေအဆုံး ဆွေးနွေးကြပါတယ်။
ကမ္ဘာကျော် အဆိုတော် Taylor Swift ဖျော်ဖြေရေးခရီးစဉ် မှတ်တမ်းရုပ်ရှင်ကို ရုပ်ရှင်ကားကြီးအဖြစ် ရုံတင်ဖို့ ပြင်ဆင်နေပါတယ်။သူ့ရဲ့ စံချိန်ချိုးအောင်မြင်တဲ့ ဖျော်ဖြေရေးခရီးစဉ်အရှိန်ကြောင့် သူ့ကားရုံတင်ချိန်နဲ့ တိုက်နေတဲ့ တချို့ ရုပ်ရှင်ကားတွေက ရုံတင်ရက်ကို ရွှေ့ကြပါတယ်။ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကောင်းကင်ကြိုးဆွဲ ကေဘယ်ကားပြတ်ပြီး လေထဲတန်းလန်း ဖြစ်နေသူတွေကို ၁၅ နာရီကြာ ကယ်တင်ခဲ့ရပါတယ်။ အိန္ဒိယမှာ အာကာသယာဉ် လကမ္ဘာပေါ် ဆင်းသက်ရေး ဂမ္မီရအစီအရင်တွေနဲ့ လုပ်ဆောင်သူတွေပါ ရှိခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်