“ဒီစစ်တပ်ကို သူတို့နားလည်တဲ့ဘာသာစကားနဲ့ပြောတာ။ ကမ္မဝါဖတ်တာနဲ့မရတော့ တခြားနည်းနဲ့ ကျိန်စာတိုက်တာတွေလုပ်ရသလိုမျိုးပဲ။ ဒါပေမယ့် ဒီတနည်းကိုပဲရွေးပြီး ကျန်တာကို စွန့်လွှတ်လိုက်မှာလားဆိုတော့ မဟုတ်ဘူး။ (ဒေါ်ဇင်မာအောင်- NUG နိုင်ငံခြားရေးဝန်ကြီး)
အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့တဲ့ ကာလအတွင်း အစည်းအဝေးပြင်ပသီးခြား အစည်အဝေး တက်ရောက်တဲ့ ဝန်ကြီးတဦးလို အမေရိကန်ဘက်က ကြိုဆိုခဲ့တာကို အားရ မိတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က VOA ကို ပြောပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အာဆီယံက ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံလူသားချင်းစာနာကူညီမှု ပေးဖို့ အစီအစဉ်တွေဟာ တဖက်သပ်ဖြစ်နေမယ်ဆိုရင် ငွေနဲ့အချိန်ကုန်ပြီး အလုပ်ဖြစ်မှာမဟုတ်ဘူးလို့လည်း ဒေါ်ဇင်မာအောင်က သတိပေးပါတယ်။ ဝါရှင်တန်ဒီစီကိုရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို မအင်ကြင်းနိုင်တွေ့ဆုံမေးမြန်းထားပါတယ်။
“လက်ရှိ အာဆီယံဥက္ကဋ္ဌကိုယ်တိုင်က (ပြောရမယ်ဆိုလို့ရှိရင်) ဘာလုပ်လုပ် စစ်တပ်ကသဘောတူမှ လုပ်လို့ရမယ်ဆိုတဲ့အထိုင်ကနေ စဉ်းစားနေတယ်လို့ ဒီလိုပဲနားလည်တယ်။ ဒါကြောင့် တဘက်သတ်ပေါ့နော်-လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို သွားမယ်ဆိုလို့ရှိရင်ပကတိအခြေအနေကို သူတို့နားလည်ဖို့လိုမယ်လို့ မြင်တယ်။” ဒေါ်ဇင်မာအောင်
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလာမယ့် ကြာသပတေးနေ့ မှာ ဝါရှင်တန်ဒီစီမှာ ကျင်းပမှာဖြစ်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ခွင့်မရပေမယ့် မြန်မာ့အရေးကိစ္စကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ယူဆပါတယ်။
"အများပြည်သူကို လှည့်ဖြားဖို့ လုပ်ကြံသတင်းဟာ အလွန်ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ကျမမြင်ပါတယ်။ လုပ်ကြံတဲ့သတင်းတွေ ခြယ်လှယ်နေတာကို လူအများက သတိမပြုမိကြပါဘူး။ ဒါကြောင့် အသိဉာဏ်နဲ့ ရွေးချယ်တာမျိုး မဟုတ်တဲ့အတွက် လူတွေရဲ့လွတ်လပ်ခွင့်ကို လုယက်ခံရတဲ့အခြေအနေက ဝမ်းနည်းစရာကောင်းပါတယ်။" (Maria Ressa)
ဆိုရှယ်မီဒီယာထွန်းကားလာတာနဲ့အတူ အန္တရာယ်ရှိတဲ့ ဝါဒဖြန့်ချိမှုတွေ ရှင်သန်ကြီးထွားလာတဲ့ အကျိုးဆက်ဟာ သတင်းမီဒီယာလောကကို တိုက်ခိုက်ခြိမ်းခြောက်နေသလို သတင်းသမားတွေအနေနဲ့ လူထုကို သတင်းတွေတင်ပြတဲ့နေရာမှာ အခက်အခဲတွေရှိလာနေပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ (Asani) ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တချို့ ဒီရက်ပိုင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားပါတယ်။
ဆက်လက်ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတချို့ကို မအင်ကြင်းနိုင် မူရင်းအာဘော်မပျက် စုစည်းတင်ပြထားတာကို ကြည့်ရှု့နိုင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအများအပြားဟာ ဆိုးရွာတဲ့အခြေအနေအောက်မှာ မိသားစုနဲ့မတွေ့ရ ပြင်ပမှ ဆက်သွယ်ခွင့်မရတာတွေအပြင် ထောင်တွင်းဆန္ဒပြမှုတွေကြောင့်လည်း ညှင်းပမ်းနှိပ်စက်ခံရမှုတွေရှိနေပါတယ်။ ဒီအကြောင်း မအင်ကြင်းနိုင် စုံစမ်းမေးမြန်းထားတာပါ။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အနောက်နိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေး တိုက်တွန်းနေပေမယ့် နိုင်ငံတဝှမ်းအကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၀,၀၀၀ ကျော်ထိရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေ ပီပီက ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာအစီရင်ခံစာတွေမှာ ဖေါ်ပြနေတဲ့ မြန်မာသတင်းလွတ်လပ်ခွင့် ဖိနှိပ်နေတဲ့အခြေအနေတွေထက် လက်ရှိ မြေပြင်မှာရင်ဆိုင်နေရတဲ့ သတင်းသမားတွေရဲ့အခြေအနေက ပိုပြီးဆိုးရွားကြောင်း ပြည်တွင်းက သတင်းသမားတွေက ဗွီအိုအေကိုပြောပါတယ်။ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဆွေးနွေးခန်းအစီအစဉ်မှာ အပြည့်အစုံနားဆင်ကြည့်ရှုကြရအောင်ပါ။
လူသိများတဲ့ ရှေ့နေတယောက်ဖြစ်သူ တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ပြည် သူ့ကာကွယ်ရေးတပ် PDF ကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် တသက်ထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ညနဲ့ အမှုဖွင့်ထားကြောင်း သူ့ မိတ်ဆွေက VOA ပြောပါတယ်။
ကမ္ဘာတဝှမ်း ကားလုပ်ငန်းတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲ မိုက်ခရိုချစ်ပ်ပြားတွ ပြတ်လပ်မှု တစိတ်တပိုင်းပါဝင်နေပါတယ်။ ကားမောင်းပြီး အလုပ်ပြန်ဆင်းသူတွေ တိုးမြင့်လာတာနဲ့အမျှ မော်တော်ကားဝယ်လိုအားများလာချိန် ကားရောင်းချတဲ့ကုမ္ပဏီတွေမှာ လက်ကျန် ကားအစီးရေ ရှားပါးလာနေတဲ့အကြောင်း မအင်ကြင်းနိုင်က ပြောပြမှာပါ။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတချို့ကို မအင်ကြင်းနိုင် မူရင်းအာဘော်မပျက် စုစည်းတင်ပြထားတာကို ကြည့်ရှု့နိုင်ပါတယ်။
"ကမ်ပိန်းလှုပ်ရှားမှု ရဲ့ အဓိကအကြောင်းအရင်းကတော့- အမေရိကန်ပြည်ထောင်စုက လူတွေရဲ့ အသိစိတ်ထဲမှာ မြန်မာနိုင်ငံကိစ္စကို ဆက်လက်ရှိနေဖို့ပါ။ သတင်းသံသရာထဲ ဝင်လိုက်ထွက်လိုက်ဖြစ်နေတော့ ဒီနည်းလမ်းနဲ့ မြန်မာ့အရေးမှာ သွေးမအေးအောင်ထိန်းထားဖို့ပါ။” ( Michael Haack - Campaign for a New Myanmar ပြောခွင့်ရ)
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ပညာရေးမှာ အနှောင့်အယှက်ဖြစ်ပြီး အခုဆိုရင် ဘွဲ့ဒီဂရီတွေ ရဖို့အတွက် ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီအစီအစဉ်မှာ တနှစ်ကို ဘွဲ့ကြိုနဲ့ ဘွဲ့လွန် မြန်မာကျောင်းသားပေါင်း ၃၄၀ ယောက်အတွက် တယောက်ကို တနှစ် ဒေါ်လာ ၅၀၀၀ ထောက်ပံ့ဖို့ ရည်ရွယ်ထားပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခက်အခဲကြုံတွေ့လာကြတဲ့ အမေရိကန်ရောက် မြန်မာကျောင်းသားတွေအတွက် အကူအညီပေးမယ့်အစီအစဉ်ကို အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အမေရိကန်-အင်ဒို-ပစိဖိတ်ညီလာခံမှာ သံအမတ်ကြီးDerek Mitchell က မိတ်ဆက်ပြောကြားခဲ့တာပါ။ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်