တာလီဘန်လက်အောက် အငတ်ဘေးရင်ဆိုင်နေရတဲ့ အာဖဂန်ပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဘယ်လို အရောက် ပို့ပေးနိုင်မလဲ ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူ ဆုံးဖြတ် ဆောင်ရွက်ရပါတယ်။ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ အာဖရိက မူဝါဒအသစ်ဟာ တန်းတူညီမျှရေး၊ ပွင့်လင်းတဲ့ လူအဖွဲ့အစည်းနဲ့ ဒီမိုကရေစီကို မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
“ကျိုင်းတောင်မြို့က ရပ်ကွက် ၇ ရပ်ကွက်မှာ လူသစ်စုဆောင်းကြတယ် ခင်ဗျ။ စာဆင့်ခေါ်တယ်ခင်ဗျ။ အဲလိုခေါ်တော့ မလိုက်ချင်တဲ့ ကလေးတွေကျတော့ ထွက်ပြေးကြတာပေါ့။ ထွက်ပြေးတော့ ကျန်ရှိတဲ့မိဘကို သူတို့က ဆွဲခေါ်သွားတယ်ခင်ဗျ။ ထွက်ပြေးတဲ့သားနဲ့ အလဲအလှယ် လုပ်ခိုင်းထားပေါ့။ RCSS/SSA ပါခင်ဗျ။ ” (ဒေသခံတဦး)
ကိုဆိုဗိုနိုင်ငံ အနေနဲ့ ရုရှားရဲ့ သတင်းတုတွေ ဖန်တီးတဲ့ လုပ်ငန်းရဲ့ လွှမ်းမိုးမှုဒဏ်ခံနေရတယ်လို့ ကိုဆိုဗိုခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Leonat Shehu နဲ့ Artan Haraqija တို့ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ နေအိမ်ကို ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က ဝင်ရောက် ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက မှတ်ချက်ပေး တုံ့ပြန်နေကြပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်ရှိတယ်ဆိုပြီး တချို့က တုံ့ပြန်ပါတယ်။ Arash Abrabasadi က ပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
Lego တုံးလေးတွေ ဆက်ထားသလိုလုပ်ထားတဲ့ ဧရာမ Lego မွေးနေ့ကိတ်၊ ဒေါ်လာသိန်းကျော်ဖိုး ရောင်းခဲ့ရတဲ့ ယူကရိန်းသမ္မတပုံတူ အရုပ်လေးများစတဲ့ ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
"ဒီနေ့ရန်ကုန်မှာ ဆီဆိုင်တိုင်းမှာ 92 မရပါ၊ 95 မရပါ။ မြောက်ဥက္ကလာအဝိုင်း YP မှာတောင် 92/95 ပြတ်နေတယ်။ ဘယ်လိုရှေ့ဆက်ရမှန်း ကျနော်တို့လည်း မသိတော့ဘူး။ အခုက ကားကလည်း ဆွဲလို့လည်းမကောင်း၊ အော်ဒါကလည်းမထွက်၊ ခရီးသည်ကလည်း ဈေးမရ၊ ဘယ်လိုလုပ်လို့ လုပ်ရမှန်းကိုမသိဘူး။" (ဓာတ်ဆီဆိုင်ဝန်ထမ်းတဦး)
အမေရိကန် ကွန်ဆာဗေးတစ်နိုင်ငံရေးမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာအဓိက နေရာက ရှိနေဆဲပါ။ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ (CPAC) မှာ အလွတ်သဘော ကောက်ယူခဲ့တဲ့ စစ်တမ်းတခုအရ သူဟာ ရီပါဗလစ်ကန် ပါတီ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ လူကြိုက်အများဆုံးသူ ဖြစ်နေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
“အစိုးရရေးဆွဲထားတဲ့မူဝါဒတွေ လုပ်ငန်းစဉ်တွေရှိတယ်။ ဒီလုပ်ငန်းစဉ်ကိုသွေဖြည်ပြီး လုပ်ချင်နေတာတွေရှိတယ်။..ဒီဟာကိုအမည်ခံပြီး လက်နက်ကိုင် သောင်းကျန်းနေတဲ့အဖွဲ့တွေဆီကို ပို့ချင်တဲ့အနေအထားမျိုးတွေရှိတယ်။ ဒါတွေကတော့ ဘယ်နိုင်ငံကမှ လက်ခံနိုင်တဲ့အနေအထား မရှိတဲ့အနေအထားဖြစ်တယ်လို့ပဲ...။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“ညက တနာရီလောက်ကတည်းက ဖြစ်တာလေ။ အဲဒီမှာ SNA စခန်း ၂ ခုပေါ့နော်။ စခန်း ၂ ခုတော့သိမ်းထားမိတယ်။ ပြီးတော့ကျ တပ်ရင်း ၁၁၉ ကိုလည်း သိမ်းထားပြီးပြီလို့ ကြားတာပဲ။” (ဒေသခံတဦး)
တန်ဇေးနီးယား အပါအ၀င် အာဖရိက ၆ နိုင်ငံက နိုင်ငံရေးသမားတွေဟာ တရုတ် ကွန်မြူနစ်ပါတီက ဖွင့်လှစ်တဲ့လေ့ကျင့်ရေး သင်တန်းကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ဒီကျောင်းဟာ အာရိကမှာ ဒီမိုကရေစီ တိုးတက်ရေးကို အနှောက်အယှက်ပေးနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ Clares Kombe သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့တော်မှာ ဖန်တီးခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး Torta အသားညှပ်ပေါင်မုန့်ကြီး၊ တိရိစ္ဆာန်လေးတွေ ခန္ဓာကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ ဂျပန်က ဘက်ထရီပန်ကာ၊ စတဲ့ ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
တရုတ် နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန် နိုင်ငံထဲ တပိုင်းလျှပ်ကူးပစ္စည်း semiconductor တွေ ထုတ်လုပ်ဖို့ နဲ့ သုတေသနလုပ်ဖို့ ဒေါ်လာ ဘီလျံ နဲ့ ချီ ရင်းနှီးမြုပ်နှံတဲ့ ဥပဒေ မကြာခင်ရက်ပိုင်းက အတည်ပြုနိုင်ခဲ့ပါတယ်။ ကိုငြိမ်းချမ်းပြောပြပါမယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ပြင်းပြင်းထန်ထန်ထိခိုက်စေမယ်လို့ တရုတ်က သတိပေးခဲ့ပေမဲ့လည်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ထိုင်ဝမ်ကို စွန့်ပစ်မှာ မဟုတ်ဘူးလို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
“မနေ့က ဖြစ်တဲ့နေရာက အင်ဝမ်းကောင် လို့ ခေါ်တယ်။ အင်ဝမ်းကောင်ဆိုတာ အင်ဝမ်းကုန်းပေါ့နော်။ စစ်တပ်က အဲဒီမှာ ရှိတယ်။ အဲဒါကို KIA တွေက လာသိမ်းလိုက်တာလေ။ လာထိုင်ပစ်လိုက်တာ မနေ့က။ သူတို့ စစ်ကား နှစ်စီးနဲ့ စစ်ကူပြန်ရောက်လာတယ်။ အခုတောင်မှ ဖြစ်နေတယ်လို့ ကြားတာ။” (ဒေသခံတဦး)
“ ၁၁ နာရီ ကျော်ကျော်လောက်ကပေါ့နော်။ မနေ့ကဖြစ်တဲ့ မီးပွိုင့်နားမှာပဲလေ။ မီးပွိုင့်ရပ်တဲ့ကားကို နောက်ကလိုက်တာတဲ့ကားကနေ သေနတ်နဲ့ပစ်တယ်ဗျ။ ရှေ့ခန်းမှာ ထိုင်နေတဲ့နှစ်ယောက်ပေါ့။ နှစ်ယောက်တော့ ဒဏ်ရာရတယ်။ အခြေအနေကတော့ ဘာမှန်း မသိသေးဘူး။ ဆေးရုံပို့ထားတယ်။” (မူဆယ်ဒေသခံ)
အန်ဂိုလာနိုင်ငံမှာ အလေးချိန် ၁၇၀ ကာရတ်ရှိတဲ့ ပန်းရောင် စိန်တုံးကြီး တတုံး ရှာတွေ့၊ အာရပ်စော်ဘွားများပြည်ထောင်စုမှာ အိမ်မွေးခွေးတွေကို ဂျင်မ်အားကစားခန်းမမှာ လေ့ကျင့်ပေးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ ဝူယန်မှာ ၂၈ ပေါ့ ။ ဒီကနေ့ဖြစ်တယ်။ ၂ နာရီမှာ။ တိုက်ပွဲဖြစ်တယ်။ ၃ နာရီထိ ဖြစ်တယ်။ မနက်မိုးလင်းလာတော့ စစ်ကူလည်းအများကြီး လမ်းမှာ။ ၈ နာရီထိ လမ်းကို ပိတ်လိုက်တာ။ အဆင်းလည်းမရဘူး။ အသွားလည်း မရဘူး။ ကားတွေအားလုံးပိတ်လိုက်တယ်။
“စစ်ကောင်စီဘက်ကလည်း ဒါတွေ မလုပ်ရဘူး။ လက်နက်ကိုင်တွေကို ရွာမှာလက်မခံနဲ့ ဆိုပြီး ဖိအားပေးတာရှိတယ်။ အုပ်ချုပ်ရေးမှူးဆိုတာကတော့ စစ်ကောင်စီဘက်ကလည်း လာရင် တွေ့ရတာပဲ။ အဲဒီလိုတွေ့ရင်လည်း လက်နက်ကိုင်တွေဘက်က စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ဖိအားပေးတာတွေရှိတာပေါ့။” (အမည်မဖော်လိုသူ ရပ်ကျေးအုပ်ချုပ်ရေးမှူး)
သေဒဏ်ကျခံရမယ့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို “ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ် စီရင် ဆောင်ရွက်ပြီးစီး” ဆိုတဲ့ စစ်ကောင်စီရဲ့ ဇူလိုင်၂၅ ရက် ထုတ်ပြန်ချက်ကြောင့် အင်းစိန် အကျဉ်းထောင်ထဲမှာ ဆူပူ ဆန္ဒပြမှုတချို့ ဖြစ်ခဲ့တယ်လို့ ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်