စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကနေ အခု ၃ နှစ် ပြည့်လာချိန်မှာ စစ်ရေးပဋိပက္ခတွေ အဆိုးဆုံးဖြစ်နေပြီး အရပ်သားထိခိုက်မှု အဆိုးဆုံးဖြစ်နေတာပါ။ ဒေသခံတွေအဖို့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို အထူးစိုးရိမ်နေကြရ ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနွေဦးတော်လှန်ရေးအရှိန်အဟုန်ဟာ၂၀၂၃ ခုနှစ်အတွင်း ပိုမိုအားကောင်းလာပြီး၊ မြန်မာစစ်တပ်အဖို့ စစ်ရေးအရ အကျပ်အတည်းတွေ ကြုံလာစေပါတယ်။ တဖက်မှာတော့ ဒီလို တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေအကြားစုစည်းညီညွတ်မှုရှိရဲ့လား၊ မတူကွဲပြားမှုတွေဟာ အားနည်းချက်တွေဖြစ်လာမလား။
၂၀၂၄ နှစ်သစ်အတွက် မျှော်လင့်ချက် ဆုတောင်းတွေကြားမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ပြန်နိုင်ဖို့ ဆုတောင်းနေကြပါတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေလည်း လိုအပ်နေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ပြောပြပေးပါမယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ ၂ သန်းခွဲ ကျော်လာပြီး၊ လူ ၁၈ သန်းခွဲလောက် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ နေ့စဉ်တိုးလာနေတဲ့ စစ်ဘေးရှောင်သူတွေအတွက် အကူအညီတွေ ပိုမိုလိုအပ်နေတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“မနေ့ကမှ ပြေးခဲ့တာ။ လေယာဉ်မလာရင်တော့ ကြောက်စရာမရှိလောက်ပါဘူးဆိုပြီး နေလိုက်တာ။ လေယာဉ်လာတော့ ပြေးတော့တာပေါ့။ သူတို့က (လေကြောင်း) ဟိုဟာတွေနဲ့ ပစ်တဲ့အခါ ထုတဲ့အခါကျတော့ ကြောက်တော့ ပြေးတာပေါ့။ ကျမတို့ ရပ်ကွက်မှာပဲ ပေါက်ကွဲတာပဲလေ။ ကျမတို့ခမ်းပတ်က ပြန်ဖို့ရာမလွယ်လောက်ပါဘူး။" (ခမ်းပတ် ၁ ရပ်ကွက်သူ)
ရှမ်းမြောက်ဒေသနဲ့ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာချိန်၊ စစ်ကောင်စီစခန်းတွေ ပိုဆုံးရှုံးရချိန်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးအရဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောလာပါတယ်။ ရန်ကုန်ကသတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
"လေကြောင်းတိုက်ခိုက်မှု အားလုံးပေါင်း (၁၀) ကြိမ်ထက်မနည်း ရှိသွားပြီပေါ့ဗျာ။ မနေ့က Mi35 နဲ့ အနည်းဆုံး ၅ ကြိမ် နာရီဝက်လောက်ကြာအောင် ပတ်ပစ်သွားတယ်ပေါ့။ ဒီနေ့ဆို မြစ်ကြီးနားဆင်း ၂ စင်း အားလုံးပေါင်း သူကလည်း ၅ ကြိမ်လောက်ပစ်သွားတယ်ပေါ့။ အားလုံးပေါင်း ၃ ရက်အတွင်းဆို ၁၄ ကြိမ်လောက် ပစ်သွားတယ်ပေါ့။” (ဒေသခံ)
ရှမ်းမြောက်စစ်ဆင်ရေးများနဲ့ ပတ်သက်မှုမရှိကြောင်း တရုတ်အစိုးရဘက်က ငြင်းဆိုလိုက်ပြီး၊ တရုတ်ရေတပ်သင်္ဘောသုံးစင်းလည်း ရေကြောင်းလုံခြုံရေးနဲ့ ချစ်ကြည်ရေးခရီးစဉ် မြန်မာကိုဆိုက်ရောက်ခဲ့ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“တောင်ကလေးနဲ့ မယ်တယိုကြားမှာ လက်နက်ကြီးသံ အချက် ၃၀ လောက် ကြားရတယ်။ ၁၁ နာရီ ၁၂ နာရီကြားမှာ နှစ်ဘက်ပစ်ခတ်မှုဖြစ်တယ်၊ နီးနီးကပ်ကပ် လက်နက်ငယ်သံ ကြားရတယ်။ နေ့တိုင်းဖြစ်နေတယ်။ နည်းနည်းပါးပါးပေါ့နော်။ ပြန်မရသေးဘူး၊ လက်နက်ကြီးထုနေတုန်းပဲ။ ပစ်ခတ်မှုလည်း ရှိသေးတော့ ပြန်မရဲသေးဘူး။” (စစ်ရှောင်သံဃာ)
“ပထမဆုံးကတော့ ကျနော်တို့ ၂ ဘက်လုံးအပစ်ရပ်တာပေါ့နော်။ အပစ်ရပ်စဲဖို့ပေါ့နော်။ အားလုံးသဘောတူပါတယ်။ နောက်ပြီးတော့မှ ၂ ဘက်ဖမ်းထားတဲ့တပ်ဖွဲ့ဝင်တွေကို အပြန်အလှန်ပြန်လွှတ်ပေးဖို့ပေါ့။ နောက်တခုက သက်ဆိုင်ရာအုပ်ချုပ်ရေးနယ်မြေမှာရှိနေတဲ့ ပြည်သူတွေ လှုပ်ရှားသွားလာခွင့် ပေါ့။"(ဗိုလ်မှူး စိုင်းဖုန်းဟန် SSPP/SSA)
“ပုလဲမြို့နယ် ကန့်ဒေါင့်စခန်းကို ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် ပုလဲမြို့နယ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ တော်တော်များများအားလုံး စည်းလုံးပြီးတော့ ဝိုင်းဝန်းတိုက်နေတာ။ ၅ နာရီခွဲလောက်ကစပြီးတော့တိုက်လိုက်တာ နေရာယူပြီးတော့ ပြင်းပြင်းထန်ထန် တိုက်နေကြတုန်းပဲ။" (ပုလဲ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ)
"မုန်တိုင်းကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်မှာဖြစ်လာရင်တော့ အအေးလျော့နိုင်တယ်။ မုန်တိုင်းကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်မှာမုန်တိုင်းဖြစ်လာရင်တော့ သတိပြုဖို့လိုတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်သတိပြုဖို့လိုတယ်။ အဓိကကတော့ကမ်းရိုးတန်းရှိပြည်သူတွေအထူးသတိပြုဖို့လိုပါတယ်။” (ဦးကျော်မိုးဦး မိုးဇလ-ဒုညွှန်မှူး)
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး အားကောင်းလာတာနဲ့အတူ တရုတ်-မြန်မာနယ်စပ်တကျော အွန်လိုင်းရာဇဝတ်မှုနှိမ်နင်းရေးတွေနဲ့ ဆက်စပ်ပြီး နိုင်ငံခြားသား အရေအတွက် အများအပြား ပြန်ပို့တာတွေ လုပ်ဆောင်နေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
စစ်ကောင်စီအာဏာကိုထိပါးတဲ့ ရှမ်းမြောက်အစပြု စစ်ပွဲတွေဟာ ပိုကျယ်ပြန့်လာပြီး၊ ရခိုင်မြောက်ပိုင်းနဲ့ ကရင်နီဒေသတွေမှာပါ ပြန့်နှံဖြစ်ပေါ်နေပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ချင်း၊ ရခိုင်နဲ့ ကရင်နီပြည်က ၁၁.၁၁ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် MNDAA ၊ တအာင်း TNLA နဲ့ ရခိုင်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲ တပတ်အတွင်း အခြေအနေတွေ ဘယ်လို ဖြစ်ထွန်းမှု ရှိခဲ့ပါလဲ။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းအုပ်ချုပ်လာတာ ရက်ပေါင်း ၁,၀၀၀ ရှိပါပြီ။ စစ်အာဏာသိမ်း လိုက်တာကြောင့် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းတွေနဲ့ ပြည်ပဖိအားတွေ ကြုံလာရသလို၊ ပြည်တွင်း အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝကလည်း အဘက်ဘက်က ပိုပြီးခက်ခဲလာနေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦးတင်ပြထားပါတယ်။
ဗောထိကုန်းရွာကို သူတို့အထိုင်ချဖို့ရာ ကတုတ်ကျင်းတွေဘာတွေတူး၊ ဘန်ကာတွေဘာတွေ ဆောက်ဖို့လည်း စီမံနေတယ်။ နောက်ထပ်လည်း ထန်းကုန်းတိုက်နယ်ထဲဝင်သွားပြီး နေရာချဖို့တွေ စီစဥ်နေတယ်။ သူတို့ဘာလုပ်နေလဲဆိုရင် ရထားသံလမ်းကိုအရယူတဲ့ အနေအထားမျိုးဗျ။ ရထားသံလမ်းတလျှောက်ကို အထိုင်ချနေတဲ့ပုံစံရွှေ့နေတယ်ဗျ၊ (ကိုဇော်- KB 3)
တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့် 'ဝ'ဒေသ အာဏာပိုင်တွေဟာ ထိန်းချုပ်နယ်မြေတွေထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းမျိုးစုံကို ဆက်တိုက် ဖမ်းဆီးလာတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေဆီ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိနေပါတယ်။
စစ်အာဏာသိမ်းတာကို တော်လှန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ပြေးရတဲ့ ပြည်သူသန်းချီ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေချိန်မှာပဲ စစ်ကောင်စီကတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံကြရသလို အကျဉ်းသားအခွင့်အရေး တောင်းဆိုဆန္ဒပြသူတွေကိုလည်း ထောင်တွင်းအပြစ်ဒဏ်ပေးတာ၊ ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုခံကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်