"အများပြည်သူလှူတဲ့ ငွေနဲ့ပေါ့။ ပရဟိတအသင်းတွေ စုပြီး စစ်ရှောင်စခန်းတွေမှာ လုပ်ပေးရတာပေါ့။ ကိုယ်ပိုင်ဆေးရုံက ဆရာဝန်တွေလည်း စစ်ရှောင်စခန်းတွေကို လိုက်ပြီးတော့ သူတို့ကိုယ်ပိုင်ဆေးရုံက အထူးကုဆရာဝန်တွေနဲ့ သူနာပြုတွေလည်း အကုန်လုံး ကူညီပါတယ်ဗျ။ ဆေးဝါးကတော့ မကူညီနိုင်ဘူးပေါ့။ သူတို့ကတော့ လုပ်အားကူညီတာပေါ့။"
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြရပြီးနောက် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အသက်အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး နယ်မြေသစ်မှာ အခြေချနိုင်ဖို့ ကြိုစားကြပေမဲ့ အင်ဒိုနီးရှားမှာ ဆန့်ကျင်မှုတွေနဲ့ ကြုံလာရတာကြောင့် သူတို့ အနာဂတ်က မရေမရာ ထပ်ပြီး ဖြစ်လာရပါတယ်
အမေရိကန် ပြည်ထောင်စုမှာ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ကိုအာမခံတဲ့ First Amendment ခေါ် အခြေခံဥပဒေပြင်ဆင်ချက် အမှတ်(၁) ခိုင်ခိုင်မာမာ ရှိပေမဲ့လို့လည်း အခု ၂၀၂၃ ခုနှစ်အတွင်း ဒီအခြေခံအပေါ် အကဲစမ်းချက်တွေ ကြုံခဲ့ရပါတယ်။
ကရင်နီဒေသ ‘တစ်လေးလုံး’ စစ်ဆင်ရေး ရက် ၄၀ ကျော်လာပြီး ကရင်နီဒေသခံတပ်ပေါင်းစုတွေဟာ လွိုင်ကော်မြို့ကို ဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှု အယောက် ၈၀ နီးပါးရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
၂၀၂၄ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် အရှိန်မြှင့် ဆောင်ရွက်လာတဲ့ အမေရိကန် သမ္မတ Joe Biden က ရီပတ်ပလီကန်တို့ရဲ့ MAGA အစီအစဉ်နဲ့ နှိုင်းယှဉ်ပြီး သူ့ရဲ့ စီးပွားရေး မျှော်မှန်းချက် Bidenomics အစီအစဉ်ကို ကော်လိုရာဒို ပြည်နယ်မှာ နိုဝင်ဘာလ အတွင်း အမွှမ်းတင် ပြောဆိုခဲ့ပါတယ်။
ထိုင်း၊ ကမေ ္ဘာဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတို့မှာ လေဆိပ် တိုးချဲ့တဲ့ စီမံကိန်းတွေ စတင်နေသလို လာမယ့် နှစ်ကစလို့ လေကြောင်းလိုင်းသစ်တခုလည်း ပျံသန်းဖို့ ရှိနေပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း လေကြောင်းလုပ်ငန်းတွေ တိုးတက်လာရေး မျှော်လင့်နေကြတဲ့အကြောင်း စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ အမေရိကန် သံတမန်တွေ တက်ရောက်ကြပြီး သန့်စင်စွမ်းအင်ကို အသွင်ပြောင်းရေးမှာ အရေးပါတဲ့ ဓာတ်သတ္တု ပို့ကုန်တွေ ရရှိရေး စိတ်ဝင်စား နေကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံကတော့ မိတ်ဖက်သစ် ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။မသိင်္ဂီထိုက် တင်ဆက်ထားပါတယ်။
သကြားဈေးနှုန်း မြင့်တက်လာနေတာနဲ့ အတူ ပြည်တွင်း လယ်သမားတွေလည်း ကြံ စိုက်ပျိုးရေးဘက်ကို ပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။ ပြည်တွင်း ပြည်ပ သကြား ဈေးကွက် အလားအလာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
"ကုန်ထုတ်လုပ်ငန်းမှာက မြန်မာက နာမည်ရတာက အတိုင်းအတာတခု ရှိတာပေါ့။ အိုတီလည်းရှိတော့ ကြိုးကြိုးစားစား လုပ်ကြတယ်။ မြန်မာကလုပ်သားက ကြိုးစားလုပ်လေ ကိုရီးယား အလုပ်ရှင်တွေက ပိုသဘောကျတာပေါ့။ အဲလိုသဘောကျပြီး တိုးခေါ်ပေးတာပေါ့။"(ဦးမင်းမောင်-EPS ဘာသာစကား မွမ်းမံသင်တန်းကျောင်း)
အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံအတွင်း အာရှ ပစိဖိတ် ၁၉ နိုင်ငံ အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းလာရေး ကြိုးပမ်းမှု အနေနဲ့ အမေရိကန် သမ္မတ Joe Biden က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ခိုင်မာအားကောင်းမှုကို အလေးထား ပြောဆိုခဲ့သလိုပဲ တရုတ်သမ္မတကလည်း အလားတူ ကြိုးပမ်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးရုံး (FCDO) ရဲ့ အခုနောက်ဆုံး နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း၊ ဒီနေရာတွေကိုသာ အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ပေးထားပြီး ခရီးမသွားခင် အကြံပြုချက်တောင်းခံကြဖို့ လည်း သတိပေးထားပါတယ်။
အမေရိကန်မှာ စိုက်ပျိုးရေး လုပ်ငန်း စတင်တာမှာ လွယ်ကူသလို ဈေးကွက်ကလည်း သေချာတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ စိုက်ပျိုးရေး လုပ်ငန်း စတင်လိုက်တဲ့ Zaw Farm လုပ်ငန်းရှင် ဦးဇော်နိုင်က ဗွီအိုအေကို ပြောပါတယ်။
AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကို လူ့အခွင့်အရေးဆိုင်ရာ Tulip ဆု ထိုင်းနိုင်ငံ နယ်သာလန်သံရုံးကနေ ချီးမြှင့်ခဲ့ပါတယ်။
မြန်မာ့ နိုင်ငံခြားဝင်ငွေ ထက်ဝက်နီးပါးလောက် ရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပြီး တချိန်တည်းမှာဘဲ ဗြိတိန်နဲ့ ကနေဒါတို့ကလည်း စစ်ကောင်စီနဲ့ ဆက်စပ်တယ်ဆိုတဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းကြီးတွေကို အရေးယူ ဒဏ်ခတ်ပါတယ်။
အီတလီ နိုင်ငံ ရောမ မြို့တော်မှာ တည်ရှိတဲ့ FAO ဌာနချုပ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က ကမ္ဘာ့လူငယ် စားနပ်ရိက္ခာနေ့ကို ကျင်းပတာမှာ လူငယ် တက်ကြွ လှုပ်ရှားသူတွေ၊ ကျော်ကြားသူတွေ ၊ စားဖိုမှူးတွေနဲ့ စွန့်ထွင်သူတွေ တက်ရောက်ခဲ့ကြပြီး ရေ အရင်းအမြစ် ကာကွယ်ရေး ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၉ ရက် ကြာသပတေးနေ့က ဝင်ရောက်ပြီး ကျေးရွာအနည်းဆုံး ၄ ရွာက နေအိမ် ၆၀ ဝန်းကျင်လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်မှာတော့ ကမ္ဘာမှာ စိန် အများဆုံး ထုတ်လုပ်တဲ့ ရုရှားထွက် စိန်တွေကို တားမြစ် ပိတ်ပင်ရေး စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံ G7 အဖွဲ့ဝင် နိုင်ငံတွက ကြိုးစားနေကြပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်စတင်ခဲ့ပြီး နောက်ပိုင်း ယူကရိန်းရဲ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ ၃၀၀ နီးပါး ပျက်စီးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာ ၂ ခုကတော့ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာဘဲ UNESCO ရဲ့ အန္တရာယ်ကျရောက်နေတဲ့ ဒေသများ စာရင်းကို ထည့်သွင်းဖို့ အလားအလာ ရှိနေပါတယ်။
အမေရိကန်တက္ကသိုလ်တွေကို နှစ်စဉ် နိုင်ငံတကာကျောင်းသား ထောင်ချီ လာရောက် တက်ကြပါတယ်။ ဝါရှင်တန် မြို့တော်တဝိုက်က တက္ကသိုလ်တွေကို ရောက်လာခါစ ကျောင်းသား ၄ ဦးနဲ့ တွေ့ဆုံပြီး ဗွီအိုအေ သတင်းထောက် Laurel Bowman က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြမှာပါ။
"၅၀ ကျော် ဝန်းကျင်က ၁၈ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခြင်းခံရတဲ့ နေရာတွေကြည့်လိုက်တော့ ရွာတွေ၊ IDP Camps တွေ၊ ဆေးရုံ ဆေးပေးခန်းတွေ၊ ကျောင်းတွေ ပိုပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရတာပေါ့နော်။" (ကိုဗညား- ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ)
နောက်ထပ်ကြည့်ရှုရန်