သြစတြေလျးနိုင်ငံ ဆစ်ဒနီမြို့မှာ မနေ့ စနေနေ့က လူ ၆ ယောက်ကို သေစေလောက်တဲ့အထိ တိုက်ခိုက်ခဲ့တဲ့သူဟာ အသက် ၄၀ အရွယ် Joel Cauchi ဖြစ်တယ်လို့ New South Wales ပြည်နယ်ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
အစ္စရေးအပေါ် အီရန်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
သင်္ကြန်ပွဲ ကျင်းပနေတဲ့ မန္တလေး မြို့တော်ဝန်မဏ္ဍပ်အနီး ကျုံးဘေးက ဆိုင်ကယ်တွေ ရပ်နားတဲ့နေရာအနီး ဒီနေ့မနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာက ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။
ဩစတြေးလျနိုင်ငံ၊ Sydney မြို့က နာမည်ကျော် Bondi ပင်လယ်ကမ်းခြေနဲ့ မဝေးတဲ့ Shopping mall ကြီး တခုအတွင်း လူတယောက်က ဓားနဲ့လိုက်လံ တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၉ လသား ကလေးငယ်လေး အပါအဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတစီးကို Hormuz ရေလက်ကြားမှာ အီရန် တော်လှန်ရေးတန်ပြန်တပ်တွေက စီးနင်းသိမ်းယူထားပါတယ်။ ဆီရီးယားနိုင်ငံထဲက အီရန်ကောင်စစ်ဝန်ရုံးအပေါ် အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အီရန်တပ်မှူးကြီးတွေ သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်ဘက်က ပြောထားချိန်မှာ သိမ်းယူခဲ့တာပါ။
မြန်မာပြည်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ပဲမျိုးစုံတင်သွင်းသူတွေအနေနဲ့ မြန်မာကျပ်ငွေနဲ့ ရူပီးငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် လျှော့ပေါ့မှုတွေလုပ်ပြီး လွယ်ကူအောင်လုပ်ပေးထားတယ်လို့ အိန္ဒိယအစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။
KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ အခြေအနေဟာ ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ညနေပိုင်းအထိ ငြိမ်သက်နေပါတယ်။ မြဝတီမြို့မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ စစ်စခန်းက စစ်သားတွေ ဗုဒ္ဓဟူးနေ့က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် ကြာသပတေးနေ့အထိ ၂ ဘက် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်ပေမဲ့ ရ ပုံမှန်အားဖြင့် ရေကစားမဏ္ဍပ်မျိုးစုံနဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာဆိုရင် အခါတိုင်းလို ရေကစားမဏ္ဍပ်ကြီးတွေ မရှိသလို ရေပက်ခံထွက်တဲ့ ကားတွေလည်း မရှိဘဲ ခြောက်ကပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။
မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ဒေသအုပ်ချုပ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတချို့ဟာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို ပံ့ပိုးကူညီမှုက အစပျိုးရုံတင်မကဘဲ တကယ် အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးဟာ လစ်သူယေးနီးယားနိုင်ငံ မြို့တော် Vilnius မှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
နယ်စပ်တဖက် မြန်မာဘက်ခြမ်းက မြဝတီမှာတော့ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီရဲ့ လက်ကျန် မြို့စောင့်တပ်ဖြစ်တဲ့ ခြေလျင် တပ်ရင်း ခ-လ-ရ ၂၇၅ တပ်စခန်းကို KNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ကြာသပတေးနေ့က သိမ်းပိုက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့နှစ်သစ်မှာ ကျရောက်တဲ့ သင်္ကြန်အခါသမယမှာ မြန်မာပြည်သူပြည်သားတွေနဲ့ အတူ စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်နေပြီး မြန်မာပြည်အတွက် နှစ်သစ် ဆုမွန်ကောင်းတောင်းကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က သင်္ကြန် အကြိုနေ့မတိုင်ခင် ဧပြီလ ၁၁ ရက် (ကြာသပတေးနေ့) က ထုတ်ပြန်ပါတယ်။
“ကိန်းဂဏန်းအသစ်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအောက်ကပဲ ဆင်းရဲမွဲတေမှုမျဉ်း အထက်မှာ နေနိုင်ရုံ တည်ငြိမ်တဲ့ ၀င်ငွေရရှိနေပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းက တိုက်ခိုက်ရာမှာ သူ့ ရဲ့ သားသုံးယောက်နဲ့ မြေး ၂ ယောက်တို့ သေဆုံးသွားခဲ့ကြောင်း ဟာမတ်စ်ရဲ့ အကြီးဆုံး ခေါင်းဆောင် Ismail Haniyeh က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။
ယူကရိန်းမှာ ရုရှား အသုံးပြုနေတဲ့ ဒရုန်းတွေ ထုတ်လုပ်ရာမှာ ကူညီခဲ့တဲ့ ရုရှားနဲ့တရုတ် ကုမ္ပဏီငါးခုရဲ့ ကူးသန်းရောင်းဝယ်ရေးကို အမေရိကန်က ကန့်သတ်လိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို ကို အိမ်ဖြူတော် မှာ ဗုဒ္ဓဟူးနေ့ က လက်ခံတွေ့ဆုံပါတယ်။
"စစ်က နေရာတိုင်းမှာ ဖြစ်နေပါတယ်၊ မြန်မာကို မမေ့ကြပါနဲ့" လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်ပါတယ်။
နွေရာသီကာလမှာ စစ်ရှောင်စခန်းတချို့ ရေလိုအပ်ချက် ရှိနေတယ်လို့ ကူညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။
လာအိုနိုင်ငံ ရွှေတြိဂံစီးပွားရေးဇုန်က နေရာအများစုကို ရဲတပ်ဖွဲ့က သုံးရက်ဆက်တိုက် ဝင်ရောက် စစ်ဆေးတာမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီးရမိထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်