တရုတ်အစိုးရဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စီပွားရေးနဲ့ နယ်စပ်အရေးကိစ္စတွေမှာ ဆက်ဆံရေးပြန်ဆောက်ဖို့ တွန်းတွန်းတိုက်တိုက် ပြန် လုပ်လာနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မြို့နယ် ၃ ခုမှာ ဒီကနေ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲကြား တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ြ
စစ်ကိုင်းတိုင်း တမူးမြို့ တမူး-ကလေး ကားလမ်းမှာရှိတဲ့ ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေလည်း သိမ်းယူရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၁၅၀ လောက်ကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတဦးရဲ့ သောကြာနေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အမေရိကန်-တရုတ် အားပြိုင်မှုအဖြစ် ရှုမြင်လာနေတာကို စိုးရိမ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel က ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ USIP ရဲ့ သောကြာနေ့ မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်နိုင်အောင် ပံ့ပိုးနေတဲ့ လုပ်ငန်း ၆ ခုနဲ့ ပုဂ္ဂိုလ် ၂ ဦးကို အရေးယူ ဒဏ်ခတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၂ - ၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ စာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကြောင်းသွားရာတလျှောက် ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ကေအန်ယူ တပ်မဟာ (၃) ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ ဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေပါအဝင် ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အစပိုင်းက ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက်ကြီးသူတချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
မတ်လ ၂၃ ရက် မနေ့ ညနေ ၄ နာရီ ခွဲအချိန်လောက်မှာ ညောင်ဇင်လေး ပျူစောထီးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ဝန်းကျင်လောက်ဟာ ညောင်ဇင်ကြီးကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃၀ လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
"နောက်ဆုံးအခြေအနေ ထပ်သိလာတဲ့ Update စာရင်းအရတော့ သေဆုံးတာက ၃ယောက်ပါ။ ငါးဦးဒဏ်ရာရပါတယ်။ ကျနော်တို့ကလည်း စစ်ဒေသနဲ့ အရပ်သားပြည်သူတွေ နေရာနဲ့ အရမ်းနီးကပ်နေတာ ဖြစ်တဲ့အတွက် သူတို့ထိုးစစ်ဆင်မှုသမျှက အရပ်သားပြည်သူကို ထိခိုက်မှုတော့ ဖြစ်နိုင်တယ်ခင်ဗျ။"
“အဲလောက်မဟုတ်ပါဘူး၊ တံခါးဖက်ထိပ်မှာ အစအနမသိတဲ့ ဗုံးတခုက ပေါက်ကွဲတာ။ အပြန်အလှန်ပစ်ခတ်တာတော့ မရှိပါဘူး။ အကျဉ်းထောင်လုံခြုံရေးအဖွဲ့က ပြန်ပစ်တာ နှစ်ချက်၊ သုံးချက် ဒီလောက်ပါပဲ။ ထိခိုက်ဒဏ်ရာရတာလည်း မရှိသလို အပျက်အစီးလည်း များများ စားစားမရှိပါဘူး။”
နောက်ထပ်ကြည့်ရှုရန်