ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa က ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ Sok Chanda Sophea နဲ့ တွေ့ဆုံပြီး မြန်မာအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေး
ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အဝင် ဟွေရာအူး ရဲစစ်ဆေးရေးဂိတ်မှာ ပစ်ကပ် ကားငယ်တစီးကို မသင်္ကာလို့ ရှာဖွေစစ်ဆေးရာမှာ မြန်မာဘက်ကို ပို့ဆောင်မယ့် သေနတ်အလက် ၂၀ နဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ တရုတ် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ဖို့သွားတာလို့ စစ်ကောင်စီပြောခွင့်ရက VOA ကို အတည်ပြုပါတယ်။
ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီက အပြတ်အသတ် အနိုင်ရပြီး၊ ကွန်ဆာဗေးတစ်ပါတီအုပ်ချုပ်မှု အဆုံးသတ်သွားပါတယ်။ လေဘာပါတီ အစိုးရဖြစ်လာသည့်တိုင် မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် ဗြိတိန်နိုင်ငံရဲ့မူဝါဒ အများကြီး ပြောင်းသွားလိမ့်မယ် မယူဆဘူးလို့ ဗြိတိန်နိုင်ငံမှာနေတဲ့ မြန်မာတချို့က မြင်ပါတယ်။
အိန္ဒိယ မဏိပူပြည်နယ်၊ အင်ဖာထောင်ထဲမှာ အခွင့်အရေးတချို့ရဖို့ အစာအငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေဟာ ကျန်းမာရေး အခြေအနေကြောင့် သူတို့ရဲ့ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ လတ်တလော အခြေအနေအရ ဆုံးဖြတ်ရတာဖြစ်ပြီး တောင်းဆိုတာတွေ ရဖို့ အစာအငတ်ခံ ထပ်လုပ်ဖို့ရှိကြောင်း ပြောပါတယ်။
တာဝန်ပြီးဆုံးလို့ပြန်တော့မယ့်တရုတ်သံအမတ်ကြီးချန်ဟိုင်နေပြည်တော်မှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်နှုတ်ဆက်စဉ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့တရုတ်ရဲ့အခန်းကဏ္ဍသတင်းပေးပို့ချက်ကိုကိုဇော်မိုးကျော်ပြောပြပါမယ်။
ကရင်ပြည်နယ် မြဝတီမြို့က အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ အဓမ္မ အလုပ်ခိုင်းစေခံနေရတဲ့ မော်ရိုကို နိုင်ငံသား ၁၂ ယောက်ကို ဇူလိုင်လ ၅ရက် နေ့မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ရှမ်းပြည်နယ် နောင်ချိုမြို့နားက မန္တလေး-လားရှိုး ရထားလမ်းပေါ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ ဇူလိုင် ၄ ရက် ကြာသပတေးနေ့က သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂုတ်တွင်းကားလမ်းတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ငပလီကမ်းခြေက လူနေအိမ်တွေမှာ ဝင်ရောက် နေရာယူနေတဲ့အပြင် ရခိုင်အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အရပ်သားတွေ ရာနဲ့ချီ အစုလိုက်အပြုံလိုက် မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်