သုံးရလွယ်ကူစေသည့် Link များ

ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် သြဂုတ်လ ၃၊ ၂၀၂၁။

မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကို အာဆီယံ အစည်းအဝေးတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးမယ့် အကြောင်း၊ အာဏာ ဆက်ပြီး ယူမယ့် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်စေမယ့် လုပ်ရပ် မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်တဲ့ အကြောင်း၊ နောက် စစ်ကောင်စီက ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းမှု အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ NLD ပါတီတို့ရဲ့ သဘောထား၊ ချေးငွေ မရတာကြောင့် လယ်သမားတွေ အခက်အခဲ ဖြစ်ရတဲ့ အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။ အပတ်စဉ် ကဏ္ဍတွေထဲမှာတော့ စီးပွားရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။ ဗွီအိုအေ အစီအစဉ်တွေကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။


 ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် သြဂုတ်လ ၃၊ ၂၀၂၁။
please wait

No media source currently available

0:00 1:00:00 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG