စနေနေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရဲ့ အရှေ့အပိုင်းမှာ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးအဖွဲ့တွေ ရှာဖွေစီးနင်းမှုတွေ ဆက်လုပ်၊ အန္တရာယ်ရှိတဲ့ တိုင်းပြည်တွေက လို့သုံးနှုန်းပြီး အဲဒီနိုင်ငံတွေက ရောက် လာမယ့်သူတွေကို ပြည်ဝင်ခွင့် တားမြစ်သွားမယ့်အကြောင်း အမေရိကန် သမ္မတ Donald Trump က တွီတာလူမှုကွန်ယက်မှာ ထပ်မံရေးသား၊ ကနေဒါနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံဖို့ ရှိသလို၊ ဖယ်ဒရယ် ၀ါဒနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိ စသည်