ရွှေ့ပြောင်းဝင်ရောက်သူတွေကို ချိုးချိုးနှိမ်နှိမ် မဖွယ်မရာ ပြောခဲ့သူလို့ သတင်းတွေ ထွက်နေတဲ့ သမ္မတ Donald Trump က သူဟာ လူမျိုးရေးခွဲခြားသူ မဟုတ်ကြောင်း တုံ့ပြန် ငြင်းဆို၊ တောင်ကိုရီးယားမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲကို မြောက်ကိုရီးယား အနုပညာရှင်အဖွဲ့ စေလွှတ်ဖို့အတွက် ကိုရီးယား (၂) နိုင်ငံက အစိုးရ ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို သတ်မှတ်ရက်အတိုင်း လက်ခံဖို့ မြန်မာနိုင်ငံဘက်က အဆင့်သင့်ရှိတဲ့အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆို စသည်