- အမေရိကန်သမ္မတ Donald Trump က သူ့အပေါ် အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းစဉ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ - ရေငုပ်သဘောင်္ကနေ ပစ်လွှတ်နိုင်အောင် တည်ဆောက်ထားတဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးလို့ ယူဆရတဲ့ ဒုံးကျည်တစင်း မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ - ဟောင်ကောင်ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် ကျောင်းသားရဲ့ ကျောင်းရှေ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒီကနေ့ ဆုတောင်းပွဲကျင်းပပါတယ်။