TV
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေး နံနက်ခင်း (စက်တင်ဘာလ ၂၃ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေး နံနက်ခင်း (စက်တင်ဘာလ ၂၃ ရက်) မြန်မာ့အရေး နိုင်ငံတကာဆောင်ရွက်ချက် လမ်းကြောင်းပြောင်းဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကတောင်းဆိုလိုက်တဲ့ သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ မြန်မာ့အရေး အာဆီယံကြားဝင်မယ့်ကိစ္စ လူ့အခွင့်အရေးအဖွဲ့တွေပယ်ချ လိုက်တဲ့အကြောင်းနဲ့ တောင်ကိုရီးယား အာဏာရပါတီဥက္ကဌက NUG ကိုအပြည့်အဝ ဆက်လက်ထောက်ခံသွားမယ်လို့ ပြောကြားလိုက်တာ၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်ချက် စတဲ့ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၂၃-၂၀၂၁)
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်အောင် အရေးတကြီးတားဆီးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလကော်မရှင်နာမင်းကြီးပြော၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်ဖို့ မြန်မာ စစ်တပ်ကတိကဝတ်တည်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားသမ္မတပြော၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ထိခိုက်သေကြေမှုတွေကို ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပြော
ဗွီအိုအေ ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
စက်တင်ဘာ ၂၃ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး Sean Turnell အပါ ငါးဦးကို လျှို့ဝှက်ချက်ဥပဒေနဲ့စွဲထားတဲ့အမှု ဒီကနေ့တရားခွင် သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းတွေ အပါအဝင် မြန်မာ့အခြေအနေ လူ့အခွင့်အရေးမဟာမင်းကြီး သတိပေးချက်၊ ကချင်ဘက်မှာ KIA က စစ်တပ်ကို တိုက်ခိုက်ခဲ့၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်က နယ်စပ် ကုန်သွယ်ရေးဂိတ်သစ်တခုဖွင့်ဖို့ လုပ်နေတဲ့အပေါ် မြန်မာကုန်သည်တွေ ရဲ့အမြင်။ သီတင်းပတ်စဉ် - မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။