အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် လူးဝစ်ဗေးမြို့လယ် ဘဏ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ဆင်နွှဲနေကြချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ နှစ်သစ်ဆုမွန်နဲ့အတူ မြန်မာလူထုနဲ့ တသားထဲရပ်တည်နေပါကြောင်း အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဆုတောင်းလွှာ ပို့ထားပါတယ်။
အမေရိကန်ကနေ သူရဲ့ မဟာမိတ်တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်လုံခြုံရေးအရာရှိတွေကို ထောက်လှမ်းစုံစမ်းခဲ့တယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားအစိုးရဟာ ၂ နိုင်ငံ သံတမန်ရေးနဲ့ နိုင်ငံရေးမှာ ထိခိုက်ပြိုလဲ မသွားအောင် တနင်္လာနေ့က အပြင်းအထန် ကြိုးပမ်းနေရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို (Nuremberg) နူရင်ဘတ်ခုံရုံးမှာ တရားစစ်ဆေးစီရင်ခဲ့မှုတွေမှာ ပါဝင်ခဲ့တဲ့ တရားလိုရှေ့နေတွေထဲက နောက်ဆုံးကျန်ရစ်တဲ့ Ben Ferencz ဟာ သောကြာနေ့ကပဲ အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ဝင်ရောက်လာပြီး ခိုလှုံခွင့်တောင်းခံသူတွေကို ရှေ့ရက်သတ္တပတ်ကနေစတင်ပြီး ပိုပြီး မြန်မြန်ဆန်ဆန် စိစစ် သွားမယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက စနေနေ့တုန်းကပြောပါတယ်။
အသံထက်မြန်တဲ့ Tomahawk မစ်ဇိုင်း ပဲ့ထိန်းဒုံး ၁၅၄ ခုအထိ သယ်ဆောင်နိုင်တဲ့ အမေရိကန်ရေတပ် ရေငုပ်သင်္ဘောတစင်းကို အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ ရေတပ်ပြောခွင့်ရက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် လွှတ်တော်တွင်း ဆန္ဒပြရာမှာ ပါခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦးကို ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲ ထုတ်ပယ်လိုက်တာကို ဒုသမ္မတ Kamala Harris က ပြစ်တင်ဝေဖန်ပါတယ်။
အမေရိကန်စစ်ဌာနချုပ် Pentagon က လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေ လူမှုကွန်ရက်တချို့ပေါ်မှာ ထွက်ပေါ်ခဲ့ပုံရခဲ့ပြီးနောက် သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့သလားဆိုတာ အမေရိကန်တရားရေးဌာနက စုံစမ်းနေပါတယ်။
အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်ပါတီဝင် လူမည်းအောက်လွှတ်တော်အမတ် ၂ ယောက်ကို Republican အများစုလွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲထုတ်ပယ်လိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားကို ရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် (Tsai Ing-wen) နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်သမ္မတဟာ အမေရိကန်ရဲ့ အရေးပါတဲ့မိတ်ဆွေတဦးဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို စီးပွားရေးဆိုင်ရာမှတ်တမ်းတွေမှာ အချက်အလက်မှားတွေပြတာ၊ အပြာရုပ်ရှင်မင်းသမီးကို ၂၀၁၆ က နှုတ်ပိတ်ခ ငွေ လက်သိပ်ထိုးပေးခဲ့တာတွေနဲ့ဆက်စပ်တဲ့ အမှုတွေနဲ့ စွပ်စွဲခဲ့တာအပေါ် နိုင်ငံရေးအရ လုပ်ဆောင်တာလို့ မြန်မာ့အသိုင်းအဝန်းထဲက တချို့ကယူဆကြသလို တချို့ကလည်းထရမ့်ကိုတရားစွဲတာ ထောက်ခံကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။