အမေရိကန်စစ်တပ်ရဲ့ ကန့်သတ်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ရယူ၊ ဖြန့်ဝေခဲ့မှု Massachusetts ပြည်နယ်မှာ ကြာသပတေးနေ့က ဖမ်းဆီးခံရတဲ့ အမေရိကန် လေတပ် အရန်တပ်ဖွဲ့ဝင် Jack Teixeira ကို ဘော်စတွန် (Boston) တရားရုံးမှာ ဒီနေ့ ရုံးထုတ်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ အိုင်ယာလန်ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ အနောက်ဘက်ကမ်းရိုးတမ်းဒေသ Mayo အရပ်ကို သွားရောက်နေပါတယ်။
စာမျက်နှာ ရာနဲ့ချီတဲ့ စစ်ထောက်လှမ်းရေး စာရွက်စာတမ်းတွေ ပေါက်ကြားမှုနဲ့ မက်ဆာချူးဆက် အမျိုးသား အစောင့်တပ်ဖွဲ့ လေတပ်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးကို ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် မယ်ရစ်ဂါလန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အိုင်ယာလန်နိုင်ငံ Dublin မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အိုင်ယာလန်သမ္မတ Michael D Higgins နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့သလို ဝန်ကြီးချုပ် Leo Varadkar နဲ့လည်း ဒီနေ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြောက်အိုင်ယာလန်က အာဏာမျှဝေထားတဲ့အစိုးရဟာ မကြာမီ ပြန်အလုပ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က Belfast မြို့ ပြည်သူတွေကို ဗုဒ္ဓဟူးနေ့က ပြောလိုက်ပြီး နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုဆီကို ပြန်မသွားဘဲ ဖြေရှင်းကြဖို့ နိုင်ငံရေးသမားတွေကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား လုံခြုံရေးအရ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာတာက တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိပါး နှောက်ယှက်တာ၊ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေမှာ ဝင်ရောက် စွက်ဖက်တာမျိုး မဖြစ်သင့်ဘူးလို့ တရုတ်က သတိပေးပြောကြားလိုက်ပါတယ်။
ကလေးတွေအပါအဝင် လူ ၅၀ မကသေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာစစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel က ပြောပါတယ်။
မြောက်ပိုင်း အိုင်ယာလန်ဒေသ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ပဲ မြောက်အိုင်ယာလန်နယ်ကို ရောက်ရှိသွားပါတယ်။
ဒေသတွင်း တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် နယ်မြေချဲ့ထွင်မှုတွေအခိုင်အမာပြုလုပ်လာနေတာကို တန်ပြန်ဖို့ ကာလရှည်ကြာ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလွန်တရာကျေးဇူးတင်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်ကို တနင်္လာနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ဟာ အိမ်ဖြူတော်ကိုကလေးငယ်တွေအပါအဝင် လူ ၃၀,၀၀၀ လောက် ဖိတ်ကြားပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အီစတာကြက်ဥကောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် လူးဝစ်ဗေးမြို့လယ် ဘဏ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။