အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော်ခရီးစဥ်အဖြစ် အလည်အပတ်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုကို လက်ခံတွေ့ဆုံဆွေးနွေးပြီး ခေါင်းဆောင်နှစ်ဦးဟာ သမိုင်းဝင်သဘောတူညီမှုတခုကို ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်အကြောင်း ဒီကနေ့ပဲ တရားဝင် ကြေညာလိုက်ပါတယ်။ ၄ နှစ် သမ္မတသက်တမ်း နောက်တကြိမ် တာဝန်ထမ်းခွင့်ရဖို့ ရွေးကောက်ပွဲ ဝင်မယ့်အကြောင်း ဒီကနေ့ မနက် စောစောမှာပဲ ၃ မိနစ်ကြာ ဗွီဒီယိုတခု ထုတ်ပြန်ပြီး ခုလို ကြေညာလိုက်တာပါ။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပမ်းနဲ့ အရပ်သား ၁၀၀၀ ကျော် လိုက်ပါသွားပြီး၊ ပျောက်ဆုံးနေခဲ့တဲ့ သင်္ဘောကို နှစ်ပေါင်း ၈၀ အကြာ ဖိလစ်ပိုင်ကမ်းလွန် တောင်တရုတ်ပင်လယ်မှာ တွေ့ရှိခဲ့ပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ ဆူဒန်နိုင်ငံ ခါတွန်မြို့တော်က အမေရိကန်သံတမန်တွေနဲ့ မိသားစုတွေကို အထူးတပ်ဖွဲ့ဝင်တွေ တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ သံရုံးကနေ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေလို့သံသယရှိခံရသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျူးဗား ဂွမ်တာနာမိုဘေး အမေရိကန် အကျဉ်းစခန်းမှာချုပ်နှောင်ထားသူတွေဟာ အရွယ်မတိုင်မီ မြန်မြန်ဆန်ဆန် အိုမင်းလာကြပြီး၊ အကျဉ်း သားတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဟာ စိုးရိမ်ရလောက်တဲ့အခြေအနေမှာရှိတယ်လို့ ICRC ပြော။
အမေရိကန်ပြည်ထောင်စုမှာ အဓိကအသုံးပြုနေတဲ့ သန္ဓေသားဖျက်ချတဲ့ Mifepristone ဆေးကို ဆက်လက်အသုံးပြုနိုင်တယ်လို့ နိုင်ငံရဲ့ အမြင့်ဆုံး ပြည်ထောင်စုတရားရုံးချုပ်က သောကြာနေ့က ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာန့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အစိုးရတွေနဲ့ မူဝါဒချမှတ်သူတွေ ပိုပြီးကြိုးစားကြဖို့ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက တိုက်တွန်းနေကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ခြိမ်းခြောက်မှုတွေကိုတိုက်ဖျက်ဖို့နဲ့ အရင်ကထက်ပိုပြီးအစွမ်းထက် အန္တရာယ်ပေးလာနိုင်တဲ့ Artificial Intelligence ဉာဏ်ရည်တုနည်းပညာ တိုးတက်လာတာအပေါ် တုံ့ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်မှုအသစ်နှစ်ခု စတင်နေပြီလို့ အမေရိကန် အမိမြေလုံခြုံရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းကို ရုရုားက ကျူးကျော် တိုက်ခိုက်နေတာ တနှစ်ကျော်လာတဲ့ အခုချိန်အထိ ယူကရိန်းအပေါ် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျမသွားဘဲ အခိုင်အမာ ဆက်ရှိနေဆဲပဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အာဖရိကတိုက် အရှေ့မြောက်ပိုင်းက ဆူဒန်နိုင်ငံမှာ စစ်ခေါင်းဆောင် ၂ ဦး တိုက်ပွဲဖြစ်ပြီး တင်းမာမှုမှုတွေ မြင့်တက်နေလို့ မြို့တော် ခါတွန်းက အမေရိကန်သံရုံးဝန်ထမ်းတွေကို လိုအပ်ရင် ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဆူဒန်အနီးမှာ စစ်အင်အားတွေ နေရာချထားပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေကြပေမယ့် အတူယှဉ်တွဲ နေထိုင်ရေးအတွက် နည်းလမ်းရှာဖို့လိုအပ်သလို နည်းလမ်းလည်း ရှာနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြာသပတေးနေ့မှာ ပြောပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်းဖိုးပေးမယ့် အစီအစဥ်သစ်တခုကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ကကြေညာခဲ့ပြီး အခု ပေးမယ့်အကူအညီထဲမှာ အမြောက်ကျည်တွေနဲ့ ဟိုင်းမားစ်လို့ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပါဝင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။