Trump ကို ထောက်ခံသူတွေလည်း မိန့်ခွန်းပြောတာကို လာရောက် အားပေးမယ်လို့ မျှော်လင့်ရပြီး စွဲချက်တင်ခံရတာကို အသုံးချပြီး လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမှုပိုရအောင် ကြိုးစားလာနိုင်ပါတယ်။
အမေရိကန် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေအတွက် ရည်ရွယ်ပြီး STEM နည်းပညာဆိုင်ရာပြပွဲ ဝါရှင်တန်ဒီစီဧရိယာမှာ ကျင်းပရာမှာ 360ed ကုမ္ပဏီထူထောင်သူ မလှလှဝင်းလည်း နည်းပညာဆိုင်ရာ အပ်ပလီကေးရှင်းကို လာရောက်မိတ်ဆက်ပြသပါတယ်။ STEM နည်းပညာပြပွဲအကြောင်း ကိုအောင်အောင် ရိုက်ကူး သတင်းပေးပို့ထားပါတယ်။
ရာသီဥတုကြမ်းလာရာမှာ အမေရိကန်နိုင်ငံဟာ ဒဏ်အခံရဆုံးနိုင်ငံဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ ဘယ်နေရာထက်မဆို အမေရိကန်နိုင်ငံမှာ အစွန်းရောက်ရာသီဥတုက မကြာခဏ အမျိုးမျိုးပိုဖြစ်ပြီး ပိုလည်းပြင်းထန်သလို အဆုံးအရှုံးလည်းကြီးတယ်လို့ အမေရိကန် မိုးလေဝဿဌာနအကြီးအကဲနဲ့ အခြားကျွမ်းကျင်သူတွေက ပြောကြပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အင်အားပြင်း လေဆင်နှာမောင်းတွေ ဆက်တိုက် ဝင်ရောက်ခဲ့ရာကနေ ပြည်နယ် ၆ ခုမှာ သေဆုံးသူ ၂၆ ယောက်ထက် မနည်း ရှိတဲ့အကြောင်း အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အလယ်ပိုင်း အနောက်ဘက်ဒေသတွေမှာ သောကြာနေ့က လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့တဲ့အတွက် စနေနေ့အထိ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး အိုးအိမ်အဆောက်အဦးတွေ ပျက်စီးကုန်ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ကို ရာဇဝတ်မှုနဲ့ လာမယ့် အင်္ဂါနေ့ကျရင် နယူးယောက်မြို့၊ မန်ဟန်တန် ဂျူရီ တရားသူကြီး တဦးက တရားရုံးမှာ တရားဝင် စွဲချက်တင်ဖို့ ရှိနေချိန်မှာပဲ မြို့တော် ဝါရှင်တန်နဲ့ နယူးယောက် အပါအဝင် အမေရိကန် မြို့ကြီးတချို့မှာတော့ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။
လွှတ်တော်မှာ ၂ ကြိမ်တိုင် တရားစွဲဆိုခံရပေမဲ့ ပြစ်ဒဏ်ချမှတ်မခံခဲ့ရတဲ့ Donald Trump ဟာ ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေကိုရင်ဆိုင်ရမယ့် ပထမဆုံးအမေရိကန်သမ္မတဟောင်းဖြစ်လာပါတယ်။
၄၅ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုစွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂရန်းဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ သမ္မတဟောင်းကိုစွဲချက်တင်တာ ဒါပထမဆုံးလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ကို စွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂျူရီအဖွဲ့က ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ အမေရိကန်ပြည်ထောင်စုမှာ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံး သမ္မတဟောင်းတယောက်ဖြစ်သွားပါတယ်။
အမေရိကန်နိုင်ငံ ကန်တာကီပြည်နယ်မှာ စစ်တပ်သုံး Black Hawk အမျိုးအစား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စီး ပျက်ကျမှုမှာ လူ ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နယူးယောက်ပြည်နယ် တရားရုံး ဂျုရီအဖွဲ့တဖွဲ့က ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်း တဦးကို ရာဇဝတ်ပြစ်မှုနဲ့ စွဲဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက The Wall Street Journal သတင်းစာရဲ့ သတင်းထောက် Evan Gershkovich ကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယရှိမှုနဲ့ ရုရှားနိုင်ငံ ယူရယ်လ်ဒေသက Yekateringburg မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ရုရှားပြည်ထောင်စုလုံခြုံရေး FSB တပ်ဖွဲ့တွေက ဒီနေ့မှာပြောကြားလိုက်ကြောင်း ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။