အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်ပါတီဝင် လူမည်းအောက်လွှတ်တော်အမတ် ၂ ယောက်ကို Republican အများစုလွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲထုတ်ပယ်လိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားကို ရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် (Tsai Ing-wen) နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်သမ္မတဟာ အမေရိကန်ရဲ့ အရေးပါတဲ့မိတ်ဆွေတဦးဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို စီးပွားရေးဆိုင်ရာမှတ်တမ်းတွေမှာ အချက်အလက်မှားတွေပြတာ၊ အပြာရုပ်ရှင်မင်းသမီးကို ၂၀၁၆ က နှုတ်ပိတ်ခ ငွေ လက်သိပ်ထိုးပေးခဲ့တာတွေနဲ့ဆက်စပ်တဲ့ အမှုတွေနဲ့ စွပ်စွဲခဲ့တာအပေါ် နိုင်ငံရေးအရ လုပ်ဆောင်တာလို့ မြန်မာ့အသိုင်းအဝန်းထဲက တချို့ကယူဆကြသလို တချို့ကလည်းထရမ့်ကိုတရားစွဲတာ ထောက်ခံကြပါတယ်။
တိုင်းပြည်ကို ဖျက်ဆီးမယ့်သူတွေ လက်ထဲက ကာကွယ်ဖို့ ကြိုးစားတာက သူ့အတွက် ရာဇဝတ်ပြစ်မှု ဖြစ်ခဲ့ရပြီး သူ့ကို တရားစွဲတာဟာ တိုင်းပြည်ကို စော်ကားတာလို့ မနေ့က ရာဇဝတ်ပြစ်မှု စွဲချက် ၃၄ ခုနဲ့ တရားစွဲခံလိုက်ရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ကို နယူးယောက်မြို့တရားရုံးက လုပ်ငန်းဆိုင်ရာမှတ်တမ်းတွေမှာ လွဲမှားပြတဲ့အမှုနဲ့ စွဲချက်တင်ပြီး လုပ်ငန်းမှတ်တမ်းဥပဒေအပေါ်မှာအခြေခံပြီး စွဲတာဖြစ်တယ်လို့ မန်ဟန်တန် ခရိုင်အစိုးရရှေ့နေ မစ္စတာ Alvin Bragg က အင်္ဂါနေ့ နယူးယောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်း ၅၃၀ ကျော်ကို အမေရိကန်အစိုးရအကူအညီနဲ့ ရှင်းလင်းခဲ့ပေမယ့် ခုချိန်ထိ မဖျက်ဆီးရသေးတဲ့မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ဗုံးလက်နက်ပစ္စည်းတွေ အမြောက်အမြားကျန်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တရားရုံးက စွဲဆိုထားတဲ့ ပြစ်မှု ၃၄ ခုမှာ အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း Donald Trump က ဧပြီလ ၄ ရက်၊ အင်္ဂါနေ့မှာ လာရောက်ထွက်ဆိုသွားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်စခန်းတွေတိုးချဲ့ အခြေချဖို့သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က ခုလို ပြောဆိုလိုက်တာပါ။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ဟာ ဒီနေ့ (ဧပြီလ ၄ ရက်) သူ့ကို တရားဝင်စွဲချက်တင်မယ့် နယူးယောက်မြို့ တရားရုံးကို လူကိုယ်တိုင် လာရောက်ဖို့ရှိနေပြီး အမှုအတွက် တရားရုံးဘက်က လိုအပ်တာတွေ စီမံဆောင်ရွက်တာဟာ တနာရီအတွင်းမှာ ပြီးပြတ်နိုင်ပါတယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ဟာ အမေရိကန်သမ္မတဟောင်းတယောက်ကို ရာဇဝတ်မှုကြောင်းအရ တရားစွဲရုံးတင်တာ ပထမဆုံးဖြစ်တဲ့ အမှုကိုရင်ဆိုင်ဖို့ သူ့ရဲ့ဖလော်ရီဒါအိမ်ကနေ သူ့ကို ရာဇဝတ်မှုနဲ့ ဒီကနေ့ အင်္ဂါနေ့ရုံးတင်မယ့် နယူးယောက်မြို့ကို ရောက်ရှိနေပါပြီ။
အမေရိကန်တပ့်တွေအသုံးပြုနိုင်မယ့် စစ်အခြေစိုက်စခန်းနောက်ထပ် ၄ ခု ရဲ့ တည်နေရာတွေကို ဖိလစ်ပိုင်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာဟာ နှစ်နိုင်ငံကြားက ဆယ်စုနှစ်များစွာကြာ ခိုင်မာနေတဲ့မဟာမိတ်ဆက်ဆံရေးကို နောက်တဆင့်မြှင့်တင်ဖို့ကြိုးပမ်းတဲ့ ကာကွယ်ရေးသဘောတူညီချက်အရ အရေအတွက်ထက် နှစ်ဆနီးပါး တိုးလာခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။