ဂျပန်နိုင်ငံ နာဂါဆာကီ (Nagasaki) မြို့အပေါ် ဒုတိယကမ္ဘာစစ်အတွင်း အနုမြူဗုံးကြဲချခံခဲ့ရတဲ့ နှစ်ပတ်လည်အခမ်းအနားကို အစ္စရေးကို မဖိတ်တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံတချို့ကသံအမတ်ကြီးတွေ မတက်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကျယ်ပြန့်မလာစေဖို့ တခြားနိုင်ငံတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေးအရ အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။
အမေရိကန်သမ္မတလောင်းတွေဟာ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးနိုင်ခြေရှိတဲ့ ပြည်နယ်တွေကို အာရုံစိုက်ပြီး အခုသီတင်းပတ်အတွင်း မဲဆွယ် စည်းရုံးနေကြပါတယ်။
ရီပါဗလစ်ကန် ပါတီ သမ္မတလောင်း Donald Trump တို့ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အလားအလာ များလာတာနဲ့ အမျှ ဒုသမ္မတ Harris ရဲ့ ယူကရိန်း နဲ့ အစ္စရေး အပေါ် စစ်ရေး အရ ထောက်ခံမှု၊ တရုတ်အရေး နဲ့ တောင်ပိုင်းနယ်စပ် က ရွှေ့ပြောင်းအခြေသူတွေရဲ့ အရေး ရပ်တည်ချက်တွေကို ဆန်းစစ်မှုတွေ တိုးလာနေပါတယ်။
ဒုသမ္မတ Harris အနေနဲ့ လာမယ့်ရွေးကောက်ပွဲ သူနဲ့တွဲဖက်မယ့် ဒုသမ္မတလောင်းအဖြစ်ရွေးချယ်လိုက်သူ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရးမှုး Tim Walz ဟာ လူမျိုးရေးကွဲပြားမှုအပေါ် မျှတတဲ့အမြင်ရှိသူ အောက်ခြေလူထုနဲ့တသားတည်းရှိသူလို့ မြန်မာနွယ်တချို့က မြင်ကြပါတယ်။ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance ဟာ Yale တက္ကသိုလ်က ဥပဒေဘွဲ့ရရှိခဲ့ပြီး သူ့ဇနီး Usha နဲ့ Yale မှာ တွေ့ဆုံခဲ့တာပါ။ Usha ဟာ အိန္ဒိယက ရွှေ့ပြောင်းအခြေချသူ ပထမမျိုးဆက် မိဘတွေက ဆင်းသက်လာသူဖြစ်ပြီး အခုအခါမှာ ဝါရှင်တန်ဒီစီနဲ့ ကယ်လီဖိုးနီးယားက ထိပ်တန်း ရှေ့နေအဖွဲ့တွေကနေ နုတ်ထွက်ခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ ယှဉ်ပြိုင်ရာမှာ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို ဒုသမ္မတ Kamala Harris က ရွေးချယ်လိုက်ကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
ဒီမိုကရက်ပါတီ သမ္မတလောင်း ဒုသမ္မတ ကမ်မလာဟဲရစ် (Kamala Harris) ဟာ သူ့ရဲ့ ဒုသမ္မတလောင်း ဘယ်သူဆိုတာ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ကြေညာဖို့ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ပေါ်လာပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံထားဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ကာလအတွင်း မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ အများကြီးရှိလာခဲ့တာပါ။ ဒီလို အပြောင်းအလဲများလာတဲ့ ရွေးကောက်ပွဲကာလအတွင်း ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ကိုယ်ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းအတွက် ဗီဒီယိုတွေလည်း အပြိုင်အဆိုင်တင်နေကြတာပါ။ Tina Trinh ရဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ရှိသလို ဂျော်ဒန်ဘုရင် Abdullah နဲ့လည်း တယ်လီဖုန်းဆက်ပြောဆိုဖို့ရှိပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် သူနဲ့အတူ ယှဉ်ပြိုင်မယ့်သူကို ရွေးချယ်ဖို့ လျာထားခံရသူ ၃ ဦးကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။