အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ Los Angeles မြို့မှာ တောမီးတွေလောင်တော့ ဒေသခံတွေဟာ မီးနဲ့ဆက်နွယ် ဖြစ်ပေါ်နိုင်တဲ့ လက်ငင်းအန္တရာယ်တွေအကြောင်း App တွေကတဆင့် အချက်အလက် ရှာဖွေကြပါတယ်။ ဒီအကြောင်း Michelle Quinn သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
AI ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ တရုတ်နိုင်ငံက Deepseek နည်းပညာကုမ္ပဏီက ကုန်ကျစရိတ်နည်းပြီး ကြီးမားတဲ့တိုးတက်မှုရခဲ့တယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် အမေရိကန်က နာမည်ကြီး Microsoft နဲ့ Meta ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေက AI နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကြီးမားတဲ့အသုံးစရိတ်တွေကို ကာကွယ်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီအနီး ရော်နယ်ရေဂင်လေဆိပ်အနီး ခရီးသည်တင်လေယာဉ်နဲ့ စစ်တပ်ရဟတ်ယာဉ် တိုက်မိခဲ့မှုအပြီး မြင်ကွင်းဓာတ်ပုံတွေကို တွေ့ရတာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်နားမှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တိုက်မိရာက သေဆုံးခဲ့သူ ခရီးသည်တင်လေယာဉ်ပေါ်က ၂၇ ယောက်နဲ့ စစ်ရဟတ်ယာဉ်ပေါ်ကတယောက်ကို လောလောဆယ် ရှာတွေ့ထားတယ်လို့ ဒီမနက်အစောပိုင်းလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဝါရှင်တန်မြို့တော် မီးသတ်ဦးစီးချုပ် John Donnelly ကပြောပါတယ်။
ရေတွေခဲနေတဲ့ Greenland ကျွန်းကြီးကို ဒိန်းမတ်တို့လက်က ဝယ်ယူလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ဓာတ်သတ္တုကြွယ်ဝတဲ့ အဲဒီကျွန်းကို ကမ္ဘာက ပိုပြီး အာရုံစိုက်လာကြပါတယ်။ Greenland ကျွန်းရဲ့မြို့တော် Nuuk ကနေ Henry Ridgwell ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်နေထိုင်သူတွေ နေရပ်ရင်းနိုင်ငံကို ပြန်ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump နဲ့ ကိုလံဘီယာ သမ္မတတို့ကြား လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် အခြေအနေတွေ ပုံမှန် ပြန်ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်နဲ့ ကပ်ရက် ရော်နယ်ရေဂင် အမျိုးသားလေဆိပ်မှာ လွန်ခဲ့တဲ့တနာရီကျော် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၂၉ ဒေသစံတော်ချိန် ညနေပိုင်းမှာ ခရီးသည်တင်လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ လေထဲမှာ တိုက်မိ ပေါက်ကွဲပြီး အောက်က ပိုတိုးမတ်ရေပြင်ထဲကျသွားပုံ ရှိပါတယ်။
အမေရိကန် အငြိမ်းစား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း Mark Milley မတ်ခ် မီလီကို ရာထူးချလို့ ရမရ ကြည့်ဖို့အတွက် သူ့လုပ်ရပ်တွေကို ပြန်စစ်ဆေးဖို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဌာန လုပ်ငန်း စစ်ဆေးရေးမှူးချုပ်ကို အမိန့်ပေးလိုက်ပါတယ်။
Diversity, Inclusion, Equity and Accessibility (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့်) အစီအစဉ်တွေကို အမေရိကန် သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းလိုက်သလို၊ ဒီ အစီအစဉ်ရဲ့ အောက်ကနေ မြန်မာနိုင်ငံကို ကူညီတာ အလွန့်ကို များတယ်လို့ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်အကူအညီဆိုင်းငံမှုကြောင့် ပြည်တွင်းနဲ့ နယ်စပ်က မိခင်နဲ့ကလေးစောင့်ရှောက်မှု၊ HIV-AIDS ကိုယ်ခံအားကျရောဂါ၊ တီဘီ အဆုပ်နာ၊ ငှက်ဖျားရောဂါ ကုသမှုနဲ့ သတင်းဌာနလုပ်ငန်း၊ အရပ်ဖက်အဖွဲ့အစည်းစွမ်းရည်မြှင့်တင်မှုတွေ ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ ကိုဝင်းမင်းက ပြောပြပေးပါမယ်။
ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ်ချွေတာမယ့် အစီအစဉ်တစိတ်တပိုင်းအဖြစ် (၈) လစာ အထူးခံစားခွင့်နဲ့ အမေရိကန်အစိုးရဝန်ထမ်းတွေ စက်တင်ဘာလနောက်ဆုံးထားပြီး အလုပ်ကနေ ထွက်ချင်ရင်ထွက်ကြဖို့ကမ်းလှမ်းတဲ့ ညွှန်ကြားချက်တရပ် သမ္မတ Donald Trump အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကိုပေးနေတဲ့အကူအညီတွေ ယာယီဆိုင်းငံ့လိုက်တဲ့ အထဲမှာ အရေးပေါ် စာနာမှုဆိုင်ရာအကူအညီတွေကိုတော့ ခြွင်းချက်နဲ့ ခွင့်ပြုသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။