ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရေး EU-ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လိုကြောင်း အမေရိကန်က အီးယူရဲ့သွင်းကုန်အခွန်တွေကို တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေထွက်ပေါ်နေချိန်မှာ တရုတ်အစိုးရရဲ့ အီးယူအပေါ် ကမ်းလှမ်းချက်ထွက်လာပါတယ်။
တရုတ်နိုင်ငံနဲ့ဟောင်ကောင်က အမေရိကန်နိုင်ငံထဲပို့တဲ့ပါဆယ်ထုပ်တွေကို အင်္ဂါနေ့ကစပြီး ယာယီ ရပ်ဆိုင်းထားလိုက်တယ်လို့ အမေရိကန်အစိုးရစာတိုက် ဝန်ဆောင်မှုလုပ်ငန်း USPS က ပြောပါတယ်။ တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၁၀ % အခွန်တိုးကောက်အပြီး အခုလို ပိတ်ပင်လိုက်တာပါ။
ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ကထိန်းချုပ်ပြီး တာဝန်ယူလိုကြောင်း၊ ဂါဇာကို အရှေ့အလယ်ပိုင်းဒေသရဲ့ အပန်းဖြေဒေသအဖြစ် ပြောင်းလဲပစ်လိုကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အိမ်ဖြူတော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ Trump က ပြောပါတယ်။
အမေရိကန်က ရာဇဝတ်မှုကြီးတွေ ကျူးလွန်သူတွေကို တခြားတိုင်းပြည်တွေမှာ ထားနိုင်မထားနိုင် သူ လေ့လာနေတယ်လို့ အမေရိကန်သမ္မတ ထရမ့်က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ယာယီ အပစ်ရပ်ရေး သဘောတူညီချက်မှာ ပါသလို ဂါဇာ ပြန်လည်ထူထောင်ရေး အချိန်ဇယားက အလုပ်မဖြစ်နိုင်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အကြံပေးတွေက အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။
“အမေရိကန်အနေနဲ့ ယူကရိန်းကို ဘီလီယံဒေါ်လာရာနဲ့ချီထောက်ပံ့ပေးထားပါတယ်။ ယူကရိန်းမှာ မြေရှားသတ္တုအများ အပြားရှိပါတယ်။ အဲဒိမြေရှားသတ္တုတွေရဲ့ကိုလုံခြုံစေချင်တယ်။ ဒီအစီစဉ်ကိုလည်း သူတို့က စိတ်ဝင်စားပါတယ်။” (အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်)
ဝါရှင်တန်ဒီစီ မြို့တော်နား လေထဲမှာ ရဟတ်ယာဉ်နဲ့ လေယာဉ် တိုက်မိတဲ့ အဖြစ်ဟာ အမေရိကန်လေကြောင်းသမိုင်းမှာ ၂၅ နှစ်အတွင်း သေဆုံးမှု အများဆုံးဖြစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေကြတဲ့အကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
Fentanyl (ဖန်တာနယ်လ်) မူးယစ်ဆေးတွေ အမေရိကန်ထဲဝင်ရောက်နေတာကိုတားဆီးဖို့ တရုတ်အပေါ် ဖိအားပေးတဲ့အနေနဲ့ ဒီနေ့ အင်္ဂါနေ့ကစပြီး တရုတ်သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် ၁၀ % တိုးကောက်မှာဖြစ်ပြီး တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုပြီး ပြောပါတယ်။
အမေရိကန်နိုင်ငံတွင်းကို fentanyl မူးယစ်ဆေးဝါး ဝင်နေတာ တားနိုင်အောင် မက္ကဆီကို အရံတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ချထားမယ်လို့ မက္ကဆီကိုသမ္မတ Claudia Sheinbaum က ပြောလိုက်ပြီးနောက် မက္ကဆီကို ပို့ကုန်တွေပေါ် အခွန် ၂၅% ချထားမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ထရမ့်က တလကြာ ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ ယာယီ အကြီးအကဲ အဖြစ် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio ကို သမ္မတ Donald Trump က တနင်္လာနေ့မှာ တာဝန်ပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ Trump နဲ့ မက္ကဆီကို သမ္မတ Claudia Sheinbaum တို့နှစ်ဦးတွေ့ဆုံပြီးနောက် အမေရိကန်က မက္ကဆီကိုနိုင်ငံကို သွင်းကုန်ခွန်တိုးကောက်တာကို တလ ဆိုင်းငံလိုက်ပြီး တဖက်မှာတော့ မူးယစ်မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့ မက္ကဆီကိုဘက်က နယ်စပ်မှာ စစ်အင်အားတသောင်း တပ်ဖြန့်ချထားဖို့ သဘောတူလိုက်ကြပါတယ်။
အမေရိကန်က Grammy ဂီတထူးချွန်ဆုပေးပွဲမှာ နာမည်ကျော်အမျိုးသမီး Pop အဆိုတော် Beyoncé က Cowboy Carter နဲ့ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို ရသွားပါတယ်။ California ပြည်နယ်၊ Los Angeles မြို့မှာ မနေ့ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် Grammy ဂီတထူးချွန်ဆုပေးပွဲမှာ အမြင့်ဆုံးဆု ရရှိသွားတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။