ရုရှား ယူကရိန်းစစ် အမြန်အဆုံးသတ်နိုင်ရေး သမ္မတ Donald Trump က ကြိုးပမ်းနေတဲ့တချိန်တည်းမှာ ခုသီတင်းပတ်အတွင်း အမေရိကန်နဲ့ ယူကရိန်းခေါင်းဆောင်တွေ ဆော်ဒီအာရေးဘီယားမှာ စစ်ပွဲအဆုံးသတ်နိုင်ရေး ဆွေးနွေးကြမှာပါ။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့ Saudi Arabia နိုင်ငံကို Jeddah မြို့ကို ရောက် သွားပြီး သမ္မတ Donald Trump ဖိအားပေးတိုက်တွန်းနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။
သမ္မတအိမ်ဖြူတော်အနီး အထူးလုံခြုံရေးတပ်ဖွဲ့က အမျိုးသားတဦးကို တနင်္ဂနွေနေ့ကပစ်ခတ်ခဲ့တာကို ဝါရှင်တန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အသေခံဖို့ ရည်ရွယ်ထားပုံရသူတဦးအင်ဒီယားနားပြည်နယ်ကနေ ဝါရှင်တန်မြို့တော်ကို သွားဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကကြိုတင်သတင်းပေးထားကြောင်း Secret Service ပြောခွင့်ရကပြောပါတယ်။
ဟာမတ်စ်အဖွဲ့က ဖမ်းထားတဲ့ ဓားစာခံတွေအရေး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆွေးနွေးမှုတွေဟာ အလွန်အကျိုးရှိပြီး လာမယ့် သီတင်းပတ်တွေအတွင်း ဓားစာခံတွေ လွတ်မြောက်ရေးကို ဦးတည်နိုင်တယ်လို့ ဓားစာခံအရေးဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးကိုယ်စားလှယ် Adam Boehler က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်ထဲကို မူးယစ်ဆေးဝင်လာတာ ပိတ်ဖို့အတွက် မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်အပေါ် အခွန်တိုးမြှင့်ချထားတာ ဖြစ်တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
သူ့ရဲ့ နျူးကလီယာ အစီအစဥ်ကို စစ်ရေးအရ အသုံးပြုမှာ စိုးရိမ်လို့ ဆွေးနွေးချင်တာဆိုရင် အမေရိကန်နဲ့ ညှိုနှိုင်းဖို့ အီရန်က စဥ်းစားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio မတ်လ ၁၀ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ Jeddah မြို့ကို ရောက်ရှိပြီး ရုရှား ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အမေရိကန်သမ္မတ Donald Trump ရဲ့ သဘောထားနဲ့ ပတ်သတ်လို့ အမေရိကန်-ယူကရိန်းကြား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်ဘက်မှာ လက်နက်ကိုင်တဦးကို Secret Service အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်၊ တနင်္ဂနွေနေ့ ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာပဲ Secret Service က သတင်းထုတ်ပြန်တာပါ။ သမ္မတ Donald Trump ကတော့ ဒီကနေ့ မနက် အိမ်ဖြူတော်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရှေ့တပတ် သောကြာနေ့ နောက်ဆုံးထားပြီး အစိုးရအသုံးစရိတ် အသစ် မပြဌာန်းနိုင်ရင် အစိုးရ ယန္တရားတချို့ ရပ်တန့်ရဖို့ ရှိနေချိန်မှာပဲ အောက်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တွေဟာ စာမျက်နှာ ၉၉ မျက်နှာပါ အစိုးရ အသုံးစရိတ်ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆွေးနွေးဖို့ အမေရိကန်က ဖိအားပေးနေတာတွေကို ကန့်ကွက်ကြောင်း အီရန်ဘာသာရေးဥသျှောင် အယာတိုလာ အလီ ခါမီနီက ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ မစ်ဇိုင်းဒုံး နဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်လို့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် သတ်ဖြတ်မှုတွေကို လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဖြစ် သတ်မှတ်ဖို့ မတ်လ ၇ ရက်က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်းဆိုပါတယ်။ Burma Advocacy Group ရဲ့ အမှုဆောင် ဒါရိုက်တာ ဘုန်းတော်ကြီး Dr. Roy Medley ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရကဒီကနေ့ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။