အမေရိကန်ပြည်ထောင်စုက သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် မတ်လ ၁၂ ရက်နေ့ကစလို့ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်လိုက်ပြီး မဟာမိတ်နိုင်ငံတချို့အပေါ် အစောပိုင်းက ကင်းလွတ်ခွင့် ပေးထားတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
ရုရှားနဲ့ စစ်ပွဲရပ်ဆိုင်းရေးအတွက် ရှေ့ကို ခြေလှမ်းတလှမ်းတိုးလိုက်တဲ့ လုပ်ရပ်အဖြစ် အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်ခံတဲ့ ယူကရိန်းကို အမေရိကန် ချီးကျူးလိုက်ပါတယ်။ နောက်တဆင့်မှာတော့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ရုရှားအနေနဲ့ စဉ်းစားမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်ပြည်ထေင်စုပညာရေးဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ဝန်ထမ်း ၁၃၀၀ ကျော်ကိုအလုပ်ကနေထုတ်ပယ်သွားမယ်လို့ အင်္ဂါနေ့တုန်းကကြေငြာပါတယ်။ ဒါဟာဝန်ထမ်း ၄၁၀၀ လောက်ရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထက်ဝက်နီးပါးလောက်ကို လျှော့ချလိုက်တာဖြစ်ပါတယ်။
အမေရိကန် အဆိုပြုတဲ့ ရက် ၃၀ အပစ်ရပ်ရေးကို ယူကရိန်းအစိုးရက ထောက်ခံကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က ပြောဆိုကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ ကုန်သွယ်ရေးစစ်ပွဲကို အင်္ဂါနေ့မှာ ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ်မှာ အမေရိကန်က သွင်းကုန်ခွန်ကို ၅၀% ထိ တိုးမြှင့်လိုက်ပါတယ်။
Burma Act က ဥပဒေ အဖြစ် ပြဌာန်းပြီးဖြစ်လို့ ငွေကုန်ကြေးကျ မများဘဲ လက်တွေ့လုပ်နိုင်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်ဖို့ သမ္မတထရမ့် အစိုးရ အဖွဲ့ကို တိုက်တွန်းသွားမယ်လို့ Burma Research Institute က ပြောပါတယ်။ ဦးဆောင်သူ ဇိုသုန်းမှုန်ကို ကိုငြိမ်းချမ်းအေးက ဗွီအိုအေစတူဒီယိုထဲမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
ကနေဒါနိုင်ငံက သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂ ဆတိုးပြီး ၅၀ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတထရမ့် အဆိုပြုထားတဲ့ ဂါဇာဒေသခံ ၂.၃ သန်း တခြားတိုင်းပြည်တွေမှာ သွားရောက် အခြေချနေထိုင်ရေး အစီအစဥ်ကို အစ္စရေး သဘောထားတင်းမာသူတွေက ကြိုဆိုကြပါတယ်။ ပါလက်စတိုင်းတွေကတော့ ဒီအစီအစဥ်ကို လက်မခံပါဘူး။ VOA သတင်းထောက် Linda Bradstein ဂျေရုစလင်က ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေအပေါ် သမ္မတ Donald Trump အခွန်တွေတိုးမြှင့်လိုက်တာကြောင့် မရေမရာ အခြေအနေတွေ ပေါ်ပေါက်နေပြီး၊ ရှေ့လာမယ့် လတွေမှာ စီးပွားရေး ကျဆင်းနိုင်ခြေရှိနိုင်တာကို သမ္မတက လက်ခံဖို့တွန့်ဆုတ်နေချိန်မှာပဲ အဓိကစတော့ရှယ်ယာ ဈေးကွက် ၃ ခုမှာ တနင်္လာနေ့က အစုရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမေရိကန် အရာရှိတွေ ဒီနေ့ Saudi Arabia နိုင်ငံမှာ ယူကရိန်း အရာရှိတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီး ရုရှားနဲ့ တစိတ်တပိုင်းအားဖြင့် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ယူကရိန်းဘက်က တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေးဝန်ကြီးအဖြစ် Lori Chavez-DeRemer ကို ခန့်ထားရေး အထက်လွှတ်တော်က မနေ့က တနင်္လာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။