အမေရိကန်န်အစိုးရယာယီအသုံးစရိတ်ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။ ပြည်ထောင်စုအစိုးရ အသုံးစရိတ်ဟာ ဒီနေ့ အထိပဲကျန်တော့တာမို့ ယာယီ အသုံးစရိတ်နဲ့ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ဒီနေ့ မကုန်ခင် အသုံးစရိတ်မူကြမ်းကို လွှတ်တော် က အတည်ပြုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက်ခိုလှုံနေတဲ့ ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကို ချက်ချင်းရပ်ပေးဖို့ အမေရိကန်အရှေ့ဘက်ခြမ်း မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အလုပ်သမား အင်အားလျှော့ချ ရေး အစီစဉ်တစိတ်တပိုင်းအဖြစ် မကြာသေးခင်ကမှ အစိုးရအေဂျင်စီ ၆ ခုကနေ အလုပ်ဖြုတ်ခံခဲ့ရသူ ထောင်ပေါင်းများစွာကို အလုပ်ပြန်ခန့်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ် ပြည်ထောင်စု တရားသူကြီး တဦးက ကြာသပတေးနေ့မှာ အမိန့်ချခဲ့ပါတယ်။
အမေရိကန်ဝီစကီ တင်သွင်းမှုကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေက အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံတာဟာ အတော်ဆိုးဝါးတယ်လို့ ပြောပြီး အီယူကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားယမကာတွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မသွားအောင် အစိုးရယာယီအသုံးစရိတ်ကို မနက်ဖြန် သောကြာနေ့ညမတိုင်ခင် လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး လွှတ်တော်အမတ်တွေ ဆုံးဖြတ်ရမယ့် အချိန်သိပ်နီးကပ်နေပါပြီ။
ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုက ရုရှားအစိုးရအပေါ် ဖိအားတွေပေးနေပါတယ်။ ဒါပေမဲ့ ရုရှားဘက်က သူတို့ သိမ်းထားတဲ့နယ်မြေတွေကို ပြန်ပေးဖို့တော့ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ မော်စကိုမြို့ကနေ ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
USAID အပါအဝင် အမေရိကန် အေဂျင်စီအသီးသီးက ကမ္ဘာတဝန်းကိုပေးနေတဲ့ အကူအညီတွေ ရုတ်တရက် ရပ်ဆိုင်းလိုက်တာဟာ အရှေ့တောင်အာရှက နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ စာနာမှုဆိုင်ရာ အကူအညီတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ ကနေဒါနိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပြီး ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ် ရပ်နိုင်ရေးကိစ္စ အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လအတွင်း အစိုးရ အသုံးစရိတ်လိုငွေပြမှု ဒေါ်လာ ၁.၁၄၇ ထရီလျံအထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုငွေပြမှုမှာ သမ္မတ Trump သမ္မတတာဝန်ယူအပြီး တလအတွင်း ဒေါ်လာဘီလျံ ၃၀၇ ဒေါ်လာလိုငွေပြမှုလည်း ပါပါတယ်။
ရွှေဝါရောင် ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက အမှု ၂ မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေနဲ့ စွဲချက်တင်လိုက်တာပါ။
အမေရိကန်ဟာကမ္ဘာမှာချေမှုန်းစွမ်းရည် အထက်ဆုံးစစ်တပ်အဖြစ်ဆက်လက်ရပ်တည်နိုင်ဖို့ စိန်ခေါ်ချက်တွေရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ရေတပ် ကြီးထွားလာနေချိန်မှာ အမေရိကန်ရေတပ်စစ်သင်္ဘောအရေအတွက်က လျော့ကျလာနေပါတယ်။ ပင်တဂွန်သတင်းထောက် Carla Babb ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းတင်ပြထားပါတယ်။
ကျူးဘားနိုင်ငံ၊ ဂွာတာနာမိုပင်လယ်အော်က အမေရိကန်ရေတပ်အခြေစိုက်စခန်းမှာ ပြည်နှင်ဒဏ်မပေးမီ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အမေရိကန် ပြည်မဘက်ကို နောက်ဆုံး အသုတ် ပြန်လည် ခေါ်ယူခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဗွီအိုအေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။