ဒီသီတင်းပတ်အတွင်း ကွန်ဂရက်စ်လွှတ်တော်မှာ အစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးအမေရိကန်သမ္မတ Donald Trump မိန့်ခွန်းပြောရာမှာ အစိုးရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေ ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတ Donald Trump အစိုးရ ပထမအကြိမ် ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ အမေရိကန်အစိုးရ ဝန်ထမ်းအင်အားလျှော့ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားပါတယ်။
အာဖဂန်နစ္စတန်မှာရှိတဲ့ အရင်တုန်းက အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်စခန်းကို တရုတ်က ထိန်းချုပ်ထားတယ် လို့ မကြာမီက အမေရိကန်သမ္မတ ထရမ့် ပြောခဲ့တာကို တာလီဘန် တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ကြပါတယ်။
အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်က မရိန်းတပ်ဖွဲ့ ပြတိုက် National Museum of Marine Corps မှာ ဖွင့်လှစ်လိုက်တဲ့ ပြခန်းသစ်မှာ ဆိုရင် အာဖဂန်နစ္စတန်နဲ့ အီရတ်တို့မှာ တာဝန်ထမ်းခဲ့ကြတဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ အကြောင်းတွေ၊ အတွေ့အကြုံတွေကို ပြသထားပါတယ်။ Noshaba Ashna သတင်းပေးပို့ထားပါတယ်။
အမေရိကန်ကိုပို့တဲ့ ကနေဒါနဲ့ မက္ကဆီကို ပို့ကုန်တွေအပေါ် ချမယ့် အခွန်အသစ် အင်္ဂါနေ့မှာ ကြေညာဖို့ရှိပေမဲ့ အခွန်နှုန်းက ၂၅ ရာနှုန်းအထိ မြင့်မှာမဟုတ်ဘူးလို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Howard Lutnick က တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန် အာကာသလေ့လာရေးဌာန NASA ရဲ့ တခြား စမ်းသပ်မှုပစ္စည်းတွေနဲ့ တူးစက်ကို ပို့ပေးဖို့ ပုဂ္ဂလိက လဆင်းယာဥ် ဆင်းသက်လိုက်ပါတယ်။
မြောက်ကိုရီးယားက တန်ပြန်တိုက်ခိုက်ရေးအတွက် ခရုဇ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။
အစ္စရေးနိုင်ငံအတွက် အမေရိကန်က ဒေါ်လာသန်း ၄ ထောင်ဖိုး စစ်ရေးအကူအညီ အမြန်ပေးအပ်မယ့် အစီအစဉ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက အစ္စာလာမ် ဘာသာတွေရဲ့ ဥပုသ်လ စတင်တဲ့ အခါသမယမှာ ဆုမွန်ကောင်း တောင်းကြောင်း မတ်လ ၁ ရက် (စနေနေ့) မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥဈေး စံချိန်တင်မြင့်တက်နေတဲ့အတွက် စားသုံးသူအခွင့်အရေး ကာကွယ်သူတွေ၊ ဒီမိုကရက်လွှတ်တော်မတ်တွေနဲ့ ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်အဖွဲဝင်တွေက စုံစမ်းဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။
ယူကရိန်းနိုင်ငံက မြေရှားသတ္တုအပါအဝင် သယံဇာတတွေကို အမေရိကန်က ရယူပိုင်ခွင့် သဘောတူညီချက်ကို ယူကရိန်းနဲ့ အမေရိကန်ကြား သောကြာနေ့က လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားနေတာမှာ (Texas) တက္ကဆက်ပြည်နယ်မှာတော့ ကူးစက်သူ ၁၄၆ ယောက် ရှိနေပြီး ကလေးငယ် ၁ ယောက် သေဆုံးသွားပြီလို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေ သောကြာနေ့တုန်းက ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။