သမ္မတထရမ့်ရဲ့ လွှတ်တော် မိန့်ခွန်း မြင်ကွင်းက ကွဲပြားနေတဲ့ အမေရိကန်နိုင်ငံရေးကို ပုံဖော်နေတယ်ပြီး မိန့်ခွန်းထဲမှာ လူအများ အကြိုက်တွေ့နိုင်တဲ့ ပြောဆိုချက်တွေ ပါတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံတကာ အကူအညီပေးရေးမှာ မျှော်လင့်ချက် နည်းပေမယ့် မြန်မာ့အရေး ဆက်လက် တိုက်တွန်းနေဖို့ လိုတယ်လို့ ဆိုကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ လွှတ်တော် ၂ ရပ်ပေါင်း ရှေ့မှောက် အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာမှာ သူ့အစိုးရလက်ထက် စတင်ဆောင်ရွက်ခဲ့တာတွေအပေါ် ဂုဏ်ယူပြောကြားခဲ့ပါတယ်။
အမေရိကန်သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်မှာဖြစ်ကြောင်း ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက မတ်လ (၄) ရက် မနေ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ Donald Trump က အဲဒီနိုင်ငံတွေအပေါ် အခွန်တိုးကောက်တာကြောင့် ခုလို တုံ့ပြန် အခွန်တိုးကောက် မယ်ဆိုပြီး ပြောတာပါ။
ယူကရိန်းသမ္မတ Zelenskyy က ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီလာဖို့ အဆင်သင့်ရှိကြောင်း စာတစောင်ပို့ခဲ့တယ်လို့ သမ္မတ Trump က ပြောလိုက်ပြီး “အရူးထတဲ့လုပ်ရပ်ကို ရပ်ဖို့၊ သတ်ဖြတ်နေတာတွေ ရပ်ဖို့၊ အဓိပ္ပါယ်မဲ့တဲ့စစ်ပွဲအဆုံးသတ်ချင်ရင် နှစ်ဘက်လုံးနဲ့ ဆွေးနွေးရမယ်။” လို့လည်း အင်္ဂါနေ့ညမိန့်ခွန်းမှာ ပြောပါတယ်။
"အမေရိကရဲ့ အရှိန်အဟုန်တွေ ပြန်အားကောင်းလာပါပြီ။ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ဂုဏ်ရှိန်တွေ၊ ယုံကြည်အားထားမှုတွေလည်း ပြန်တက်လာပါပြီ။ အမေရိကန်အိပ်မက်တွေလည်း ကြီးထွားလာနေပြီး အားကောင်းသထက် အားကောင်းလာနေပါပြီ။" (အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်)
သမ္မတထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း ပထမဆုံး လွှတ်တော်မိန့်ခွန်းဟာ ကွဲပြားနေတဲ့အမေရိကန်နိုင်ငံရေးကို ပုံဖော်နေတယ်လို့ သုံးသပ်ကြတာတွေရှိသလို လူအများအကြိုက်တွေ့နိုင်တာတွေပါတယ်လို့လည်းသုံးသပ်ပါကြတယ်။ မြန်မာပြည်အရေးလို တကယ်လိုအပ်တဲ့နေရာတွေအတွက်တော့ ဆက်လက် တိုက်တွန်းနေဖို့ လိုတယ်လို့လည်း ဆိုကြပါတယ်။
သမ္မတ Donald Trump က အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒပိုင်းနဲ့ပတ်သက်လို့ အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းမှာ ပြောကြားတဲ့ မိန့်ခွန်းကို အချိန်နှင့်တပြေးညီ ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။
ယူကရိန်းက ရုရှားနဲ့စစ်ကို မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့ အဆင်သင့်ရှိပြီး အမေရိကန် သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အလုပ်လုပ်လိုပါတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
သူတို့နိုင်ငံထဲ သွင်းလာတဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ် တန်ပြန် အခွန်ချမယ်လို့ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ တရုတ်လူမျိုးတွေကြား ကွဲပြားခြားနားမှုရှိကြောင်း ရှင်းလင်းဖော်ပြ ထားပြီး ပြိုင်ဘက်နှစ်နိုင်ငံကြား တရုတ်နိုင်ငံသားတွေအပေါ် အမေရိကန်ပြည်ထောင်စုက ရန်သူအဖြစ် မရှုမြင်ကြောင်း ဗွီအိုအေကတွေ့ရှိခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတွင်း ညွှန်ကြားချက်မှာ ဖော်ပြ ထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဒီကနေ့ မတ်လ (၄) ရက် အင်္ဂနေ့ညမှာ ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဒီမိန့်ခွန်းထဲမှာ အမေရိကန်စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒအကြောင်း ပြောမယ်လို့ ခန့်မှန်းရပါတယ်။
“အားလုံးသိကြတဲ့အတိုင်း သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ် နောက်မှလုပ်မယ့်အစား အခုသီတင်းပတ်အစောပိုင်းမှာ စပါမယ်။ အစောပိုင်းတုန်းကတော့ ဧပြီလ (၂) ရက်၊ ဒါမှမဟုတ် ဧပြီလ (၁) ရက်နေ့မှာစဖို့ပါ။ ဒါပေမဲ့ ဧပြီလ (၁) ရက်၊ April Fool's Day မှာမလုပ်ချင်လို့ပါ၊ ဒါကငွေကုန်ကြေးကျများနိုင်ပါတယ်။” (သမ္မတ Trump)
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။