ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
အမေရိကန်ရဲ့ အဓိကကုန်သွယ်ဖက်အိမ်နီးချင်း ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် ၂၅% သွင်းကုန်ခွန်ကောက်ခံမှုကြောင့် အမေရိကန်အစုရှယ်ယာဈေးတွေကျနေချိန်မှာ နှစ်နိုင်ငံလုံးက ကုန်ပစ္စည်းအများစုအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို ဧပြီ (၂) ရက်နေ့အထိဆိုင်းထားဖို့ သမ္မတက ကြာသပတေးနေ့ညနေမှာအမိန့်ထုတ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရအရန်ဘဏ္ဍာငွေကြေးကို Bitcoin ဒီဂျစ်တယ်ငွေကြေးနဲ့ပါထားဖို့ အွန်လိုင်းမှာ လည်ပတ်သုံးစွဲနေကြတဲ့ ဒီဂျစ်တယ်ငွေကြေးတွေထဲကတခုဖြစ်တဲ့ Bitcoin ကို မဟာ ဗျူဟာမြောက် အရန်ဘဏ္ဍာအဖြစ် ထားနိုင်အောင်ဆောင်ရွက်ကြောင်းအမိန့်ကို ကြာသပတေးနေ့ က သမ္မတ Trump လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန်က အခွန်တိုးကောက်ခံမှုကို ဧပြီ ၂ ရက်နေ့အထိ ရွှေ့ဆိုင်းထား ကြောင်းနဲ့ သူ့ပထမ သမ္မတသက်တမ်း တုန်းက ၂၀၁၈ မှာ မက်ဆီကိုနဲ့ ကနေဒါတို့နဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်စာချုပ်မှာပါတဲ့ အမေရိကန်ကုမ္ပဏီတွေကနေ မက်ဆီကိုပို့ကုန်တွေ တင်သွင်းမှုကိုတော့ အခွန်ကောက်မှာ မဟုတ်ကြောင်း သူ့ရဲ့ လူမှုမီဒီယာကနေ ပြောခဲ့တာပါ။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းကိုယ်စားလှယ်တွေနဲ့ဆွေးနွေးဖို့ သူဟာ ဆော်ဒီအာရေဗျကို သွားမှာဖြစ်ကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff က ပြောပါတယ်။ ဆွေးနွေးပွဲကို Riyadh ဒါမှမဟုတ် Jeddah မှာ ကျင်းပဖို့ ယူကရိန်းနဲ့ ပြောဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ အထောက်အထားမဲ့နိုင်ငံထဲဝင်လာသူတွေကို အရေးမယူဘဲ နားခိုခွင့်ပေးထားတဲ့ မြို့ရဲ့ မူဝါဒတွေ၊ အခြေအနေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကော်မတီကြားနားပွဲအတွင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒီအကြောင်း Kane Farabaugh ရဲ့သတင်းကို ကိုရန်နိုင် ပြောပြပေးမှာပါ။
Hamas အဖွဲ့အနေနဲ့ ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို ချက်ခြင်းလွှတ်မပေးဘူးဆိုရင် ငရဲလို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ်၊ Hamas အဖွဲ့ဝင်တယောက်မကျန်မလွတ်အောင် အစ္စရေးကကိစ္စရှင်းနိုင်ဖို့ လိုအပ်သမျှ အစ္စရေးကိုပို့ပေးမယ်လို့ သမ္မတထရမ့်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly တို့ ဗုဒ္ဓဟူးနေ့က ဆက်သွယ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာအခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်
ယူကရိန်းကို စစ်ရေးအကူ တင်ပို့နေတာတွေ ချက်ချင်း ရပ်ထားလိုက်ဖို့ အမေရိကန်သမ္မတထရမ့်က တနင်္လာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဘက်အားလုံး ငြိမ်းချမ်းရေး စကားဝိုင်းကို ရောက်လာကြဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သူ့အစိုးရက ပြောပါတယ်။ လန်ဒန်ကနေ Henry Ridgwell ပို့လိုက်တဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်း ပြောပြမှာပါ။
အီလီနွိုက်ပြည်နယ်က မွတ်စလင်အမေရိကန်တွေ ရာမဒန်ဥပုသ်ကာလ စတင်ချိန်မှာပဲ အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းအမေရိကန်ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို တရားခွင်က အပြစ်ရှိကြောင်း စီရင်ချက်ကို ကြေညာခဲ့ပါတယ်။ Kane Farabaugh သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပါမယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်သား ၁၃ ဦးသေဆုံးခဲ့ရတဲ့ ဗုံးခွဲမှုမှာ ဦးဆောင်သူလို့ ယူဆရသူကို ဗာဂျီးနီးယားပြည်နယ်က အရှေ့ပိုင်း ခရိုင် ဖက်ဒရယ်တရားရုံးမှာ ဗုဒ္ဓဟူးနေ့ ရုံးထုတ်ဖို့ စီစဥ်ထားတယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟာမတ်စ် အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန်တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ် Caroline Leavitt က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။