နိုင်ငံတခု တိုင်းပြည်တခုပြောင်းလဲဖို့ ဘယ်သူတွေ တာဝန်ရှိလဲဆိုတာကို သုံးသပ်ပြောပြထားတဲ့ အမေရိကန်ပြည်ထောင်စု နယူးရော့ခ်ပြည်နယ်မှာ နေထိုင်နေသော ဦးလင်းအောင်ရဲ့  ယုံကြည်ရာကို နားဆင်ကြည့်ပါ။
ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန်တိုး စည်းကြပ်ရေး ဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Doanld Trump က ဇွန်လ ၁ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ မျှော်လင့်ထားတဲ့အချိန်မှာပဲ၊ နျုကလီးယားလက်နက်ဖျက်သိမ်းရေးမှာ မြောက်ကိုရီးယားဘက်က ကတိစကားနဲ့ အပြောသက်သက်ထက်၊ အလုပ်နဲ့ သက်သေပြဖို့ သမ္မတ Trump တောင်းဆိုမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo က ပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တောင်ကိုရီးယားခေါင်းဆောင် မွန်ဂျေးအင်း တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ပြီး နောက်မှာတော့ ဆိုးလ်မြို့က တောင်ကိုရီးယားပြည်သူတွေကြားမှာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အကောင်းမြင် မျှော်လင့်ချက်တွေ ရှိလာနေပါတယ်။
ကချင်ပြည်နယ်မှာ လက်ရှိ ပြင်းထန်လာတဲ့ ပဋိပက္ခရပ်တန့်ရေးနဲ့ ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကိစ္စတွေကြောင့် မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC တင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ထောက်ခံချက်ပေးဖို့ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
သတင်းအကျဉ်းချုပ် ၀၅.၀၁.၂၀၁၈
ပေကျင်းမှာစမ်းသပ်နေတဲ့ ငွေချေမှုစနစ်အသစ် တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာရှိတဲ့ 7FRESH လို့ခေါ်တဲ့ ဈေးဝယ်စင်တာတစ်ခုမှာတော့ အသစ်တိုးလိုက်တဲ့ ငွေချေကောင်တာတွေမှာ ဝန်ထမ်းတွေအစား စားသုံးသူရဲ့ မျက်နှာကို အလျိုလျှောက်သိပြီး ပိုက်ဆံဖြတ်ပေးတဲ့ စနစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ #voaburmese #voasocial
ထိန်ပင်အမှိုက်ပုံမီး အပိုင်း (၁) သွားကူသင့်မကူသင့်
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးက ဘယ်လို အန္တရာယ်ပေးနိုင်တယ်၊ မီးလောင်နေတဲ့ နေရာကို ဒေသခံတွေ သွားသင့်မသင့် မီးသတ်သမားတွေအတွက် တာဝန်ရှိသူတွေ ဘာလုပ်ပေးသင့်တယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ဂျပန်တီထွင်လိုက်တဲ့ ပထမဆုံး Transformers စက်ရုပ်
အီရန် နျူးကလီးယား သဘောတူညီချက်ကို ပြင်လို့ မရရင် အမေရိကန်တို့ နုတ်ထွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အရှေ့အလယ်ပိုင်းနဲ့ ဥရောပ မဟာမိတ်တွေကို ပြောဆိုလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွား ရောက်ကြည့်ရှုခဲ့ကြတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ်တွေက ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်