လူ့အဖွဲ့အစည်းအတွင်းရှိနေတဲ့ မတူညီမျှမှုတွေကို လျှော့ချနိုင်မှ တိုးတက်ဖွံ့ဖြိုးငြိမ်းချမ်းမယ်လို့ တွေးမြင်တဲ့ အမေရိကန်နိုင်ငံ University of Michigan မှာ နိုင်ငံရေးသိပံ္ပပညာ ပါရဂူသင်တန်းတက်ရောက်နေတဲ့ ကိုထက်သီဟဇော်ရဲ့ ယုံကြည်ရာကို နားဆင်ကြည့်ပါ။
အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံဖို့ စင်ကာပူကို ရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ဒီကနေ့ ည လုံခြုံရေးအစောင့်အရှောက်တွေနဲ့ လမ်းလျှောက်ခဲ့ပါတယ်။ သူဟာ St. Regis ဟိုတယ်မှာ တည်းခိုပြီး မနက်ဖြန်မနက် ဒေသစံတော်ချိန် ကိုးနာရီလောက်မှာ သမ္မတ Trump နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန် သမ္မတ နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ အဂါင်္နေ့ စင်္ကာပူမှာ တွေ့ဆုံကြတဲ့အခါမြောက်ကိုရီးယားဘက်က ခြိမ်းခြောက်နေတဲ့ နျုကလီးယားလက်နက်အစီအစဉ် အဆုံးသတ်ရေး သဘောတူညီချက်ရလိမ့်မယ်ဆိုပြီးတောင်ကိုရီးယားနိုင်ငံသားတွေ အကောင်းမြင်မျှော်လင့်နေကြပါတယ်။Brian Padden ရဲ့ သတင်းလွှာကို မအေးသန္တာကျော်က တင်ပြပါမယ်။
စကာင်္ပူမှာ ကျင်းပမယ့် အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဆွေးနွေးပွဲဟာ စစ်အေးခေတ်နောက်ပိုင်း သမိုင်းမှာ အထူးခြားဆုံး နျုကလီးယား အရေး ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက ပြောပြပါလိမ့်မယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအပေါ် ဘယ်လောက်အကျိုးသက်ရောက်နိုင်သလဲဆိုတာကို မြန်မာသတင်းပညာသိပ္ပံသင်တန်းကျောင်း MJI သင်တန်းသားတွေ၊ ရန်ကုန်မြို့ခံတွေနဲ့သံတမန်အငြိမ်းစားတစ်ဦးရဲ့ အမြင်တွေကို VOA မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်ကတင်ဆက်ထားပါတယ်။
ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာ အစီအစဉ်မှာ ယူတယ်၊ ရတယ် လို့အဓိပ္ပါယ်ရတဲ့ Get ဝေါဟာရ ကို အခြေခံတဲ့ အီဒီယံအသုံးတွေကို ဒေါ်လှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
ထိပ်သီးအစည်းဝေး ဘာကြောင့် ကျင်းပရသလဲ
အကြောင်းရင်းကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်း ကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းကနေ တဆင့် မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပေးပို့တဲ့ စာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ အဲဒီစာမှာ အချက် (၄) ချက်ပါပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကုလသမဂ္ဂ အေဂျင်စီတွေ ၀င်ခွင့်ပေးဖို့ တောင်းဆိုတာ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုတာ၊ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတာ၊ မကြာခင် မြန်မာနိုင်ငံရောက်လာမယ့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတာ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရ ဆောင်ရွက်ချက်တွေဟာ အဲဒီစာပါ အချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ယူဆရပြီး တပ်မတော်ဘက်က လက်ခံလာအောင် အရေးပေါ် အစည်းအဝေး မဖြစ်မနေ ကျင်းပရတာလို့ နားလည်နိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်